Exit print mode Print Data A+ A- Undo all

The Murderer ( 2023 )

The Murderer ( 2023 )The Murderer ( 2023 )

Synopsis:

သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့အရာတွေထဲမှာ လူတွေရဲ့ အိပ်မက်လည်း ပါပါတယ်။
အိပ်မက်ထဲက မက်တဲ့အရာတွေက တစ်ခါတလေ နားမလည်နိုင်စရာတွေ
အများအပြားရှိပါတယ်။ ယခု CM က ဘာသာပြန်တင်ဆက်ပေးမယ့်
ဖြစ်ရပ်မှန်ရုပ်ရှင်လေးဟာဆိုရင်လည်း အိပ်မက်တစ်ခုက စတင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့-

ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာ
မောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားက
တံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့
အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကို
အဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့
ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။

သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီး
ခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့
ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်က
ဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။

ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက်
ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက်
ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။

သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့
မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကို
စိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ အမှန်တရားကို တွေ့မှဖြစ်မယ်လေ။
ချိုးဝမ်တစ်ယောက် ချိုးဟွာကို ပြန်ရှာတွေ့ပါ့မလား……
ချိုးဟွာရဲ့ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေ ရှိနေမလဲ ……
ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါအဖြေရှာလိုက်ရအောင်နော်။

Quality : WEB-DL 1080p , 720p
Format : mp4
Genres : Crime , Action
Runtime : 1h 30 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Moon 
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Stars
Li Jian, Mei Yi, Na Renhua, Zhao Jun
Release Date
2023
Runtime
1h 30 min
Country
China
Popularity
6.137
Status
Released
ID IMDb.com
1157578
IMDB Rating
5.8
IMDB votes
5266
ID Themoviedb.org
1157578
TMDb Rating
5
TMDb votes
1