Channel Myanmar

The Mustang (2019)

The Mustang    

R 96 min Drama

7.4
IMDB: 7.4/10 961 votes

, , , , , , , , ,

N/A

France, USA

1032955

Report error

Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်…

မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကို

မခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲ

ဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေး

မာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်

ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့

ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။

သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်

ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကို

လေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်

စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်း

အကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါ

ရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးက

ပျော့ပြောင်းမလာခဲ့ပါဘူး

သူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့

သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲ

လေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်

ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။

သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။

ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများ

သူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါ

ချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်

ပျော့ပြောင်းလာစေတာကို တွေ့မြင်ရမှာပါ။

 

File Size : (898 MB) and (207 MB)
Quality : WebDL 720p , 360p
Running Time : 1hr 36min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Neve
Encode by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Mustang (2019)


No downloads available

Genres



Related movies