Exit print mode Print Data A+ A- Undo all

The Origin of Evil (2022)

Somebody's Lying
The Origin of Evil (2022)The Origin of Evil (2022)

Synopsis:

The Origin of Evil (2022)

~ IMDb – 6.6/10, Rotten Tomatoes – 86% ~

Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။

စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။

စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို သူတို့အိမ်ကြီးဆီခေါ်သွားပြီး မိသားစုတွေနဲ့ တွေ့ဆုံစေပါတယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမဖြစ်သူ ဂျော့ရှ်ကတော့ စတေဖနဲစ်ကို မယုံပါဘူး။ ငွေတွေလိုချင်လို့ သမီးယောင်ဆောင်ပြီး ချဉ်းကပ်တယ်လို့ထင်တာပါ။ သူတို့မိသားစုရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေကြပါဘူး။ ဖခင်သူဌေးကြီးက သူ့လုပ်ငန်းတွေကို ဂျော့ရှ်က ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တဲ့အတွက် စတေဖနဲစ်ကို အရေးပေးလာပါတယ်။

ဒီလိုနဲ့ သူဌေးကြီး‌ရဲ့ အမွေတွေ ရဖို့ ကြံစည်ကြပုံတွေ၊ အားလုံးက စတေဖနဲစ်လို ထင်ကြတဲ့ အမျိုးသမီးရဲ့ တကယ့်ဘ၀အစစ်အမှန်က ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးရင်း ဟုတ်ပါ့မလား၊ အမွေတွေကို နောက်‌ဆုံးမှာ ဘယ်သူရမလဲ……စတာတွေကို မြှုပ်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 870MB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 2H 5Min
Genre – Drama, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
L'origine du mal
Director
Sébastien Marnier
Stars
Céleste Brunnquell, Clotilde Mollet, Dominique Blanc, Doria Tillier, Jacques Weber, Laure Calamy, Naidra Ayadi, Suzanne Clément, Véronique Ruggia Saura
Release Date
2022
Rated
Unrated
Runtime
2h 5m
Awards
3 nominations
Country
France, Canada
Popularity
9.255
Status
Released
ID IMDb.com
tt13729232
IMDB Rating
6.6
IMDB votes
772
ID Themoviedb.org
786977
TMDb Rating
6.539
TMDb votes
76