Exit print mode Print Data A+ A- Undo all

The Peanuts Movie (2015)

The Peanuts Movie (2015)

Synopsis:

mv5bnte5nzmxnzkwnl5bml5banbnxkftztgwotq0nzk5nze-_v1_

homepage_the-peanuts-movie-2015

 

The peanuts ဆိုရင်ပြေးမြင်ကြတဲ့ စနူပီနဲ့ မအူမလည်ချာလီတို့ရဲ့ကားကို
ညီမလေး မြတ်ကဘာသာပြန်ပေးလိုက်ပါပြီ။

ချာလီဘရောင်း၊ စနူပီ၊ လူစီ၊ လိုင်းနပ်စ့် နဲ့ကျန်တဲ့ချစ်လှစွာသော “Peanuts” ဂိုဏ်သားတွေကတော့ သူတို့ကိုမမြင်တွေ့ရဖူးတဲ့ 3D စခရမ်ပေါ်မှာပေါ်လာခဲ့ကြပါပြီ။ ချာလီဘရောင်းနဲ့သူ့ရဲ့ အချစ်ရဆုံးသောခွေးကလေး စနူပီတို့နှစ်ယောက်အကြောင်း။ သူရဲကောင်းဆန်တဲ့စွန့်စားခန်းတွေနဲ့လေယာဉ်မောင်းပြီး လေသူရဲနီ နဲ့စိတ်ကူးယဉ်စာရေးရင်း ကောင်းကင်တိုက်ပွဲဝင်တဲ့၊ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချစ်စရာအိမ်မွေးခွေးလေးစနူပီနဲ့ ကောင်မလေးကိုကြွေပြီး ပျားတုတ်နေတဲ့ ချာလီတို့ရဲ့ ခေတ်ဟောင်း ကာရိုက်တာကို ဒီနေ့ခေတ်မှာပြန်လည်တူးဆွပြထားပါတယ်။

ရုပ်ရှင်ရဲ့အဓိကကျောရိုးကတော့
ချာလီက သူတို့အိမ်နားကိုအသစ်ပြောင်းလာတဲ့
ဆံပင်အနီရောင်နဲ့ကောင်မလေးကိုခိုက်သွားပါတယ်။ ဒါပေမဲ့ ကောင်မလေး အထင်ကြီးဖို့ သူကြိုးစားသမျှတိုင်းက ထုံးစံအတိုင်း စောကြည်ဖြူဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တို့ဇာတ်လိုက်ကျော်ကြီး ချာလီတစ်ယောက် စာမေးပွဲမှာအမှတ်ပြည့်ရပြီး ကျောင်းရဲ့ဂုဏ်ထူးဆောင်ချီးမြှင့်ခံရပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီအမှတ်စာရင်းကမှားနေမှန်းသိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့အောင်ပွဲခံဇာတ်လမ်းဟာ ဆုပ်လည်းစူးစားလည်းရူးတဲ့ ကြောင်သူတော်ဘ၀ရောက်ရတော့တာပါပဲ။ ဒီလိုအခြေအနေကိုချာလီဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာနဲ့ ..အရင်အတိုင်း မူရင်းအရသာမပြောင်းတဲ့ အရင်လိုတလွဲတွေလုပ်နေတဲ့ ချာလီဘရောင်းနဲ့ ဘေးနားကလူစီ လိုင်းနပ်စ် တို့ကိုလည်းတွေ့ရမှာပါ။

အိမ်မှာတီဗွီကလာတိုင်းကြည့်ခဲ့ရတဲ့ ငပိန်းချာလီဘရောင်းနဲ့ ခွေးလေးစနူပီတို့ကိုသိရင် ဒီကားကိုအရမ်းကြိုက်ကြမှာပါ။ ထွက်ပြီးမကြာခင်မှာပဲ
Meghan Trainor – Better When I’m Dancin’
သီချင်းကိုလဲ You Tube မှာပြေးဒေါင်းခဲ့ရပါသေးတယ် ???? ။

(ဘာသာပြန်သူကတော့  Myat ဖြစ်ပြီး အညွန်းကိုတော. Myo Myint Maung မှရေးပေးထားတာဖြစ်ပါတယ်)

File size…(700MB)
Quality…BR-Rip 720p
Format…mp4
Duration….01:28:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Peanuts Movie
Director
Steve Martino
Stars
Anastasia Bredikhina, Francesca Capaldi, Rebecca Bloom, Trombone Shorty
Release Date
06 Nov 2015
Rated
G
Runtime
88 min
Awards
Nominated for 1 Golden Globe. Another 1 win & 43 nominations.
Country
USA
ID IMDb.com
tt2452042
IMDB Rating
7.1
IMDB votes
28,683