Exit print mode Print Data A+ A- Undo all

The Perfect Score (2004)

The S.A.T is hard to take. It's even harder to steal.
The Perfect Score (2004)The Perfect Score (2004)

Synopsis:

Perfect Score Movie Synopsis

IMDb 5.7/10

 

အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့

Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ်

လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့

မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး

ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

အထက်တန်းကျောင်းသား Kyle (Chris Evans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့

လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။

GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့

သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့

ကောလိပ်ဝင်ခွင့် S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့

အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့

သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့

အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။

Matty နဲ့ Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှ

လိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့

ကောင်မလေးရဲ့ အဆက်အသွယ်တွေနဲ့

အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့

လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့

အတူ နောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီး

အဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲ

အထက်တန်းကျောင်းသား ၆ ယောက်ကကော အဖြေလွှာတွေ

ခိုးဖို့ အောင်မြင်သွားကြလား၊ သူတို့ တက်ချင်တဲ့ ကောလိပ်တွေမှာကော

ဝင်ခွင့်တွေရသွားမလား ဆိုတာကို စိတ်ဝင်စားစရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်။

Perfect Score ရုပ်ရှင်ဟာ ကောလိပ်ဝင်ခွင့် SAT စာမေးပွဲရဲ့ အဖြေတွေကို

ခိုးဖို့ ကြံစည်ကြတဲ့ အထက်တန်းကျောင်းသား ၆ ယောက်ရဲ့အကြောင်းပြောပြထားပြီး

ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ အရေးကြီးတယ်ဆိုပေမဲ့

ဘဝမှာ စာမေးပွဲအမှတ်ထက်ပိုတဲ့ သင်ယူစရာတွေ

အတွေ့အကြုံတွေလည်း အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်း၊

ကိုယ့်အကြောင်း သေချာမသိပဲ အမြင်နဲ့ သတ်မှတ်လိုက်တဲ့

လူတစ်ချို့ရဲ့စံနှုန်းသတ်မှတ်ချက်တွေအကြောင်း

ပညာပေးတဲ့ အယူအဆ ရိုက်ချက်တွေပါဝင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

 

File size…  1.29 GB /  739 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 34m
Genre …..  Drama , Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Yumi



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
10.474
Status
Released
ID IMDb.com
tt0314498
IMDB Rating
5.7
ID Themoviedb.org
13505
TMDb Rating
5.8
TMDb votes
430