Channel Myanmar

The Pirates (2014)

Pirates    

NOT RATED 130 min Uncategorized

6.6
IMDB: 6.6/10 1,791 votes

, , ,

8 wins & 10 nominations.

South Korea

45165

Report error

spree

ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆောင်ဂယ်တို့ တရုတ်ကိုစစ်တိုက်ဖို့
ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်

စစ်သူကြီးရီဆောင်ဂယ်က  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီး ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..

ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီး

သတ်ဖြတ်ကာ ကွဲကုန်ပါတယ် ဂိုယိုမင်းဆက်သြဇာခံတဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားပါတယ်။

မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။

ဒီမင်းသမီးချောလေးကိုဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..

တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်

ရီဆောင်ဂယ်က ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်

အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ် တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ

လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်း

ဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်း

အလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးမြိုသွားပါတယ်….

တော်ဝင်တံဆိပ်တုံးအတွက် ဘုရင်တပ်ဖွဲ့တွေ့ရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်

ဝေလငါးလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ

ဒီဇာတ်ကားရဲ့ ရိုက်ကွင်း ရှုခင်းရှုကွက်တွေလည်း အရမ်းလှပြီး ကိုးရီးယားကားတွေထဲမှာတာ့

တော်တော်လေးကို ကောင်းပါတယ်။

အတည်ပေါက်နဲ့ကို ဟာသတွေဖြစ်အောင်လည်း ရိုက်ပြသွားတယ်

၂၀၁၄ ခုနှစ်မှာတော့ ဒီဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု အကောင်းဆုံးမင်းသမီးဆု

အကောင်းဆုံးဇာတ်ပို့ဆု အကောင်းဆုံးဒါရိုက်တာဆု နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံးဆုတွေ

သိမ်းကျုံးယူသွားနိုင်ခဲ့တယ်

နောက်ဒီဇာတ်ကားရဲ့ ပင်လယ်ဓားပြကနေ တောပုန်းဓားပြ ပြောင်းလုပ်တဲ့ချွဲဘုန်းနေရာက

သရုပ်ဆောင်တဲ့ဇာတ်ပို့ဟာ တကယ်ကို တစ်ကားလုံး အသက်ဝင်အောင် ဇာတ်ပို့ပေးနိုင်တဲ့အတွက်

ကိုးရီးယားမှာအကောင်းဆုံးရုပ်ရှင်ဆုတွေဖြစ်တဲ့Baeksang Art award, Grand Bell award တွေမှာ

အကောင်းဆုံးဇာတ်ပို့ဆုကို တစ်ယောက်တည်း သိမ်းပိုက်နိင်ခဲ့တဲ့အပြင်

6th korea flim award, 1st  korea flim producer association awardက ချီးမြင့်တဲ့

အကောင်းဆုံးဇာတ်ပို့ဆုတွေကို ရခဲ့တယ်

ဒီဇာတ်ကားမှာ အကြိုက်ဆုံးစကားလေးကတော့ မင်းသမီးက ချွဲဘုန်းကို မှာလိုက်တဲ့ စကားလေးပါ

“တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ်  သူခိုးဓားပြကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ”တဲ့

ပထမဆုံး ပြုံးမိသွားတယ် နောက်စဉ်းစားလေစဉ်းစားလေ ရီချင်လေပဲ ရီလိုက်ရတာမှ အူတွေကိုနာလို့

သူခိုးဓားပြကများ သူခိုးဓားပြကောင်းဖြစ်အောင်ကြိုးစားရဦးမယ်တဲ့

နောက်တော့အတွေးစလေး တစ်ခုရသွားတယ် သူပြောတာလည်းဟုတ်တာပါပဲ

ဘယ်ဘ၀ ဘယ်အခြေအနေကို ရောက်ရောက်ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပေါ့။

ဘုရင်တို့ စစ်သူကြီးတို့ဆိုတာ တကယ်တော့ လူအများက လေးစားအားကျဂုဏ်ယူရတဲ့ရာထူး နေရာတွေပါ

အားကိုးအားထိုက်ပြုရမယ့်သူတွေပါ အရင်ဦးဆုံး သူခိုးဓားပြထက်

စစ်သူကြီးတို့ ဘုရင်တို့ဖြစ်အောင် မကြိုးစားသင့်ဘူးလား

ဒါပေမယ့်ဘုရင်ကောင်း စစ်သူကြီးကောင်း မဖြစ်ကြလို့ ဒီလိုနေရာတွေမှာတောင်

ကောင်းအောင်မကြိုးစားတဲ့ရာထူးအာဏာရှိသူတွေကြောင့် ပြည်သူတွေပိုဒုက္ခ ရောက်ကြရတာမဟုတ်လား

ဝေးဝေးကြည့်နေစရာတောင်မလိုပါဘူး

ကျွန်တော်တို့နိုင်ငံတောင် ခေါင်းဆောင်ကောင်းတွေ မပီသခဲ့ကြလို့

ဘယ်လောက်တောင် နောက်ကျကျန်ရစ်ခဲ့ရသလဲ။

ဒါကြောင့် ဘယ်နေရာပဲ ဘယ်ဘ၀ပဲရောက်နေနေ ဘယ်အခြေအနေပဲဖြစ်ဖြစ် ကောင်းအောင်ကြိုးစားသင့်ပါတယ်

ဒီဇာတ်ကားလေးကြည့်ရှုပြီး ရယ်မောပျော်ရွင်ပြီး

ဘ၀အမောတွေပြေသလို အတုယူသင့်တာတွေယူပြီး

ရှောင်ကြဉ်သင့်တာလေးတွေလည်းရှောင်ကြဉ်နိုင်ကြပါစေ

Quality…..BluRay 1080p

Duration…..02:09:00

Format…Mp4

File Size…(929.7 MB ,527.5 MB)

Translator…..Little Twinlay

Encoder…..Moe Myint Lwin

Download with VIP Link

 

Download with Openload

 

 



No links available
No downloads available

Genres

Related movies