Exit print mode Print Data A+ A- Undo all

[18+] The Postman Always Rings Twice (1981)

You Will Feel The Heat
[18+] The Postman Always Rings Twice (1981)[18+] The Postman Always Rings Twice (1981)

Synopsis:

The Postman Always Rings Twice (1981)

~ IMDb – 6.6/10, RT – 79%, Meta – 61% ~

Chinatown, One Flew Over the Cuckoo’s Nest, The Shining တို့လို ဂန္ထဝင်မာစတာပိစ်ကားတွေရဲ့ မင်းသား Jack Nicholson ရဲ့ ခေတ်ဟောင်းကားလေးပါ။ မမြင်အပ် မမြင်ရာ ဇာတ်ဝင်ခန်း တစ်ချို့ပါဝင်တာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ James M. Cain ရဲ့ နာမည်တူ နာမည်ကြီးဝတ္တုကို အခြေတည်ရိုက်ကူးထားပြီး ဒီဝတ္တုကို ၁၉၄၆မှာလည်း တစ်ခါရိုက်ကူးခဲ့သေးပါတယ်။ ၁၉၄၆ ဗားရှင်းကတော့ ဝေဖန်ရေးသမားတွေ အကြိုက်ပိုဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ လောဘနဲ့ ရမ္မက်နောက်ကိုလိုက်တဲ့ လူတွေအကြောင်း ဖော်ပြထားတာဖြစ်ပြီး လောကရဲ့ ကွေ့ကောက်တဲ့ မာယာတွေကြား တုန်ခါယိမ်းသွေ့သူတို့ရဲ့ ကွေ့ကောက်တဲ့လမ်းကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဆိုလည်း မမှားပါဘူး။ ဒီမှာလည်း ဒီဇာတ်လမ်းကို ခဏခဏကော်ပီကူးခဲ့ကြသလို နောက်ပိုင်း ဒီကားကိုပြန်ကူးတဲ့ အင်္ဂလိပ်ရုပ်ရှင်တွေလည်း ထွက်ပေါ်လာတဲ့အထိ ဇာတ်လမ်းရှင်းရှင်းလေးနဲ့ကို လူ့သဘောမနော ပေါ်လွင်တဲ့ဇာတ်လမ်းပါပဲ။

ဇာတ်လမ်းကတော့ မက္ကင်းနစ်တစ်ယောက်ဟာ စားသောက်ဆိုင်လေးတစ်ခုမှာ စားရိတ်ငြိမ်း နေရင်း၊ အဲဒီနားကကားတွေပြင်ပေးရင်း စားသောက်ဆိုင်ပိုင်ရှင်ရဲ့ မယားရဲ့ ငြိကြတဲ့အကြောင်းပါပဲ။ သူတို့ ၂ယောက်ပေါင်းပြီး စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီး ဆိုင်ကိုမောင်ပိုင်စီး ချစ်ကမ္ဘာတည်ဖို့ တွေးကြပါရော။ ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ပြီးတဲ့နောက် ပြဿနာကစပါပြီ။ ဒီတိုင်းဆို မတော်တဆမှုလိုလိုနဲ့ ဘာလိုလိုညာလိုလို မေ့ပျောက်ပြီး ပြီးကောင်းပြီးသွားနိုင်တဲ့အမှုပေမဲ့ သူ့လင် ဘိုးတော်က အသက်အာမခံထားခဲ့တော့ အာမခံသမားကလည်း‌ ငွေမပေးရရေး တို့အရေးဆိုပြီး လူသတ်မှုဖြစ်ကြောင်း သတ်သေပြဖို့လုပ် ဘာညာဆိုတော့ ဇာတ်တွေရှုပ်လာပါတော့တယ်။

ဒီလို လူကောင်းမဟုတ်ရုံတင်မကဘဲ ဇာတ်လိုက်တောင်မဆန်တဲ့ အဓိကဇာတ်ကောင်ပုံစံမျိုးကို သရုပ်ဆောင်တိုင်း သရုပ်မဆောင်ရဲသလို သရုပ်ဆောင်တိုင်းလည်း သရုပ်မဆောင်နိုင်ပါဘူး။ ဂျက်ခ်ဟာ ဒီလိုဇာတ်ကောင်ကို ရဲရဲဝံ့ဝံ့သရုပ်ဆောင်ခဲ့တဲ့အပြင် တော်တော်လေး ပီပီပြင်ပြင်ဖြစ်အောင်ပါ သွေးအေးအေးနဲ့ အသက်သွင်းနိုင်ခဲ့ပါတယ်။ တစ်ခေတ်ရဲ့တစ်ယောက် ဆရာကြီး ဂျက်ရဲ့ Acting တွေကို ကြည့်ရရုံတင်မကဘဲ ရုပ်ရှင်ဝါသနာအိုး‌တွေ တရင်းတနီးရှိလောက်မယ့် Jessica Lange ရဲ့ အလှအပတရားတွေကိုပါ ရှုစားရမှာနဲ့တင် ဒီကားဟာ ကြည့်ရ အတော်ကိုတန်နေပါပြီ။

(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.1GB, 1GB, 448MB
Quality – 1080p, 720p, 480p
IMDb Rating – 6.6/10
Format – mp4
Duration – 2H 2Min
Genre – Crime, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by W
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Bob Rafelson
Stars
Albert Henderson, Anjelica Huston, Basil J. Fovos, Betty Cole, Brian Farrell, Brion James, Carolyn Coates, Charles B. Jenkins, Chris Rellias, Christopher Lloyd, Demetrios Liappas, Dick Balduzzi, Don Calfa, Elsa Raven, Eugene Peterson, Frank Arno, Glenn Shadix, Jack Nicholson, James O'Connell, Jessica Lange, Jim S. Cash, John Colicos, John Furlong, John P. Ryan, Jon Van Ness, Joni Palmer, Kenneth Cervi, Kopi Sotiropulos, Lionel Mark Smith, Louis Turenne, Michael Lerner, Nick Hasir, Raleigh Bond, Ron Flagge, Sam Edwards, Tani Guthrie, Theodoros A. Karavidas, Thomas Hill, Tom Maier, Virgil Frye, William H. McDonald, William Newman, William Traylor
Release Date
1981
Rated
R
Runtime
2h 2m
Awards
1 win & 2 nominations
Country
United States
Budget
USD $12 000 000,00
Revenue
USD $12 376 625,00
Popularity
19.539
Status
Released
ID IMDb.com
tt0082934
IMDB Rating
6.6
IMDB votes
24000
ID Themoviedb.org
11027
TMDb Rating
6.553
TMDb votes
396