THE PRESTIGE
IMDb (8.5/10) / Rotten Tomatoes (76%)
ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ “ကတိ” လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ “လှည့်ခြင်း” လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုကိုပျောက်ဆုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းကမလုံလောက်သေးဘူးလေ။ မင်းထိုအရာကိုပြန်ဖော်ဆောင်ရမယ်။ ဒါကြောင့်မျက်လှည့်တွေရဲ့လှည့်ကွက်တိုင်းမှာတတိယပြကွက်တစ်ခု ရှိနေတာပေါ့၊ အခက်ခဲဆုံးအပိုင်းကို “ဂုဏ်” လို့ခေါ်တာပေါ့။
မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ Robert Angier ရဲ့မျက်လှည့်ပြပွဲတစ်ခုမှာ Robert Angier ကိုရေအပြည့်ထည့်ထားသော ကန်ထဲမှာ ရေနှစ်သတ်မှုဆိုသော ဆွဲဆိုမှုကြောင့် Robert ရဲ့ပြိုင်ဖက်ဖြစ်သူ မျက်လှည့်ပညာရှင် Alfred Borden တစ်ယောက်သေမိန့်ချခံရပါတယ်။ တစ်ကယ်တော့ သူတို့နှစ်ဦးစလုံးဟာ ငယ်စဉ်အခါက Milton the Magician ဆိုသော မျက်လှည်ဆရာတစ်ဦး၏ ပြကွက်များရဲ့လှည့်ကွက်တွေကို ကူညီသရုပ်ဆောင်သူများအဖြစ် သူတို့ဘဝကိုစတင်ခဲ့ကြသည်။ သူတို့နှစ်ဦးသွားကြည့်ခဲ့ကြတဲ့ တရုတ်အဖိုးအို တစ်ဦးရဲ့မျက်လှည့်ပွဲမှာ Alfred ကစစ်မှန်တဲ့ မျက်လှည့်တစ်ခုမှာ ကတိကဝတ်တွေနဲ့ကိုယ်ကျိုးစွန့်အနစ်နာ ခံခြင်းတွေဘယ်လောက် လိုအပ်သလဲ ဆိုတာ နားလည်လာခဲ့တယ်။
တစ်နေ့မှာ Alfred ရဲ့ပြပွဲအတွင်း မှားယွင်းမှုတစ်ခုကြောင့် Robert ရဲ့ဇနီးဖြစ်သူ Julia ရေနစ်ပြီးသေဆုံးခဲ့ရသည်။ ထိုအချိန်မှစပြီး သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပြီး ဘဝလမ်းကြောင်းကိုသီးခြားလျှောက်ရင်း တစ်ဦးကိုတစ်ဦး မနာလို ပြိုင်ဆိုင်မှုတွေနဲ့ဘဝကို ဆက်လျှောက်ခဲ့ကြသည်။
Alfred က The Transported Man ဆိုတဲ့ ဒီဘက်ဗီရိုမှဝင်ပြီး ပစ်လိုက်သော ဘောလုံးကလေး ဟိုဘက်ဗီရို မရောက်ခင် ဟိုဘက်ဗီရိုကနေ ပြန်ထွက်လာတဲ့ ပြကွက်ဆန်းနဲ့နာမည်ကြီးလာသောအခါ ယခင်ကသူတို့နှစ်ဦးစလုံးနှင့် Milton the Magician တွင် အလုပ်အတူတွဲလုပ်ဖူးသူ ယခုအခါ Robert အတွက် ပြကွက်တွေကို တီထွင်သောသူ John Cutter ဆိုသူက Alfred ကလူအစားထိုး အသုံးပြုခဲ့သည်ဟုပြောသည်ကို Robert တစ်ယောက်မယုံကြည်ခဲ့ပေ။
သူကိုယ်တိုင်လည်း အစားထိုးလူတစ်ဦးနှင့် အလားတူ ပြကွက်ကိုပြသခဲ့ပြီးအောင်မြင်လာခဲ့သော်လည်း အချိန်တိုင်း ယမကာ မူးနေသော အစားထိုးလူနှင့် Alfred ဧ။်နှောင့်ယှက်မှုကြောင့် သူ့ရဲ့ခြေထောက် တစ်ဖက် ဆာသွားသည်အထိ ပွဲပျက်ခဲ့ရလေသည်။ အမုန်းတရားများနှင့် Robert တစ်ယောက်သူရဲ့Assistance တစ်ဖြစ်လည်း Mistress တစိဦးဖြစ်သူ Olivia Wenscombe ဆိုသူအမျိုးသမီးတစ်ဦးကို Alfred ဆီသို့သွားပြီး လှည့်ကွက်တွေကိုလေ့လာခိုင်းခဲ့သလို သူကိုယ်တိုင်လည်း Alfred ရဲ့အကူ Fallon ဆိုသူကို ပြန်ပေးဆွဲကာ Alfred ဆီမှလှည့်ကွက်တွေကိုတောင်းရာ Alfred က “Tesla” ဟုရေးပေးလိုက်လေသည်။
ထိုအချိန်မှစပြီး Robert သည် Serbian American Nikola Tesla ဆိုသူ လျှပ်စစ်နှင့် စက်မှုသိပ္ပံပညာရှင်တစ်ဦးရှိရာ Colorado Springs အထိလိုက်ခဲ့လေသည်။ Tesla ကိုယ်တိုင်တားမြစ်ခဲ့ပေမဲ့ Robert ရဲ့ကြီးမားလှတဲ့ စွဲလမ်းမှုကြောင့် Tesla သည် သူရဲ့ပြိူင်ဖက်တစ်ဦးဖြစ်သူ Thomas Edison ရဲ့လူများ သူ့ဧ။် Lab ကိုလာရောက်မဖျက်ဆီးခင် Robert အတွက် Robert လိုချင်သော လူတစ်ဦး တစ်နေရာမှ တစ်နေရာကို စက္ကန့်အတွင်း ကူးပြောင်းနိုင်သော Teleportation စက်တစ်ခုကို တီထွင်ပေးခဲ့လေသောအခါ…….
သင့်ကို မနှုတ်ဆက်ပဲ ထွက်ခွာခဲ့ရတဲ့ အတွက် ကျွန်ုပ်ကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ကြည့်ရတာ Colorado Springs မှာ ကျွန်ုပ် နေခဲ့ရတာကို မကြိုဆိုကြဘူးထင်ပါတယ်။ စစ်မှန်တဲ့ ထူးခြားဆန်းကြယ်မှုက သိပ္ပံနဲ့လုပ်ငန်းတွေမှာ ခွင့်ပြုခြင်းမရှိတာပဲ။ လူတွေက လျှို့ဝှက်ခြင်းခံရတာ ကိုသဘောကျတဲ့ သင့်ရဲ့လုပ်ငန်းမှာ ကံကောင်းခြင်းတွေကို သင်တွေ့ရင်တွေ့ပါလိမ့်မယ်။ သင်ရှာနေတဲ့ အရာကို ဒီသေတ္တာထဲမှာ တွေ့ပါလိမ့်မယ်။ Alley ကအသုံးပြုပုံနည်းလမ်းတွေကို ရေးပေးခဲ့ပါတယ်။ ဒီစက်ကို အသုံးပြုခြင်းအတွက် ကျွန်ပ် အကြံဉာဏ်တစ်ခုပဲပေးချင်ပါတယ်။ ဒီစက်ကို ဖျက်ဆီးလိုက်ပါ။ အနက်ရှိုင်းဆုံး သမုဒ္ဒရာရဲ့အောက်ဆူံးကြမ်းပြင်ရောက်တဲ့ အထိပစ်ချလိုက်ပါ။ ဒီလိုအရာတစ်ခုဟာ သင့်ကို ဒုက္ခ ဆင်းရဲ မှုတွေကိုပဲယူဆောင်လာပါလိမ့်မယ်….
2006 ကထွက်ရှိခဲ့တဲ့ Director Christopher Nolan ရိုက်ကူးခဲ့ပြီး Hugh Jackman, Christian Bale, Scarlett Johansson, Michael Caine, Rebecca Hall, Andy Serkis တို့ပါဝင်ခဲ့ပြီး အဆိုတော်ကြီး David Bowie က Nikola Telsa အဖြစ်ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ David Bowie ကပထမတွင် ပါဝင်ရန်ငြင်းဆန်ခဲ့သော်လည်း Christopher Nolan က အိမ်အထိ ပါဝင်ရန်သွားရောက်ပြောဆိုမှုကြောင့် လက်ခံခဲ့ခြင်းဖြစ်ပါတယ်။
ဒီရုပ်ရှင်တွင် လူနှစ်ဦး၏ ပြိူင်ဆိုင်မှုများ၊ မနာလိုမှုများ၊ အထင်ကြီးမှုများ၊ စွဲလန်းမှု ကြီးမားခြင်းကြောင့် ပေးဆပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ကယ်တော့ Alfred သည် Natural Magician တစ်ယောက်ဖြစ်ပြီး Robert သည် Excellent Performer တစ်ယောက်ပဲဖြစ်ပါသည်။ Alfred ရဲ့ရိုးရှင်းလှတဲ့ လှည့်ကွက်တစ်ခုကို Robert သည်ကြီးမားဆန်းကြယ်လှတဲ့ လှည့်ကွက်တစ်ခု ဟုအထင်မှားခဲ့ပြီး လောဘ ဒေါသ မောဟ များကြောင့် မလျှောက်သင့်သောလမ်းကို ရွေးချယ်လျှောက်ခဲ့မိလေသည်။
ဇာတ်လမ်းအဆုံးတွင် ဇာတ်ကောင်နှစ်ယောက်တို့ရဲ့နာကျည်းဝမ်းနည်းဖွယ် ဇာတ်သိမ်းကိုကျွန်တော်တို့တွေ့မြင်ခဲ့ရသည်။ ပြိူင်ပွဲတစ်ခု၏ အနိုင်နှင့် အရှုံးကိုဆုံးဖြတ်ပါက မည်သူနိုင်ပြီး မည်သူရှုံးမည်ကို ကျွန်တော် မပြောလိုပါ။ ပြောလည်းမပြောတတ်ပေ။ သူတို့အကုန်လုံး ဆုံးရှုံးမှုတစ်ခုစီကို ရင်ဝယ်ပိုက်ရင်း ရုပ်ရှင်ဇာတ်သိမ်းခဲ့သည်။ တစ်ဦးက မိမိအသတ်ကို ပင်ပေးဆပ်ရပြီး ကျန်တစ်ဦးက မိမိ အမွှာ အစ်ကိုရဲ့အသက်ကို ပေးဆပ်ခဲ့ကြရသည်။ ရုပ်ရှင်ဇာတ်လမ်းတွင် မျက်လှည့်ဆရာများသည် ပွဲကြည့်သူ ပရိသတ်များကို လှည့်စားနိူင်ခဲ့သလို Director Christopher Nolan သည်လည်း ရုပ်ရှင်ကြည့်သူ ကျွန်တော်တို့ကိုနောက်ဆုံးခန်းအထိ လှည့်စားခဲ့ပြီး နောက်ဆုံးမှာဇာတ်လမ်း ရဲ့လျှို့ဝှက်ချက်များကို ပြန်ဖော်ထုတ်ပေးခဲ့ပါတယ်။ ထို့ကြောင့် Christopher Nolan ကိုရုပ်ရှင်မျက်လှည့်ပညာရှင်တစ်ဦးဟု ကျွန်တော် စိတ်ထဲကအလိုလို ခေါ်လိုက်မိပါတယ်။
ငါတို့ဘာကြောင့် ဒါကိုလုပ်ခဲ့လဲဆိုတာ မင်းဘယ်တော့မှ နားမလည်ခဲ့ဘူးကိုး? ပရိသတ်က အမှန်တရားကို သိတယ်ကွ၊ ကမ္ဘာကြီးက ရိုးရှင်းပါတယ်။ ဒုက္ခဆင်းရဲမှုကြီးပဲလေ။ ဒါပေမဲ့ သူတို့ကို တစ်စက္ကန့်လောက်လေးပဲ မင်း အရူးလုပ်နိုင်ရင် မင်းသူတို့ကို အံ့သြအောင်လုပ်ဆောင်နိုင်မယ်။ အဲဒီ့နောက် မင်း. မင်း ထူးခြားတဲ့ အရာတစ်ခုကို တွေ့ရလိမ့်မယ်။ မင်းတစ်ကယ်ပဲမသိသေးပဲကိုး? အဲဒါက.. သူတို့မျက်နှာတွေပေါ်က အကြည့်တွေပဲ….
~WH~
P.S ဒီရုပ်ရှင်မှာပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီး Nikola Tesla ဇာတ်ကောင်ဟာ အပြင်မှာတစ်ကယ်ရှိခဲ့ပါတယ်။ သူ Serbia ကနေ America ကိုပြောင်းလာပြီး 1885 ခုနှစ်မှာ Thomas Edison ရဲ့Company မှာ အလုပ် လုပ်ခဲ့တုန်းက Edison ရဲ့ Energy မလုံလောက်တဲ့ Motors နဲ့Generators တွေကို Design ပြန်လုပ်နိုင်တယ်လို့ပြောတာကြောင့် Edison က မင်းလုပ်နိုင်ရင် ထိုခေတ်က American $50,000 ပေးမယ်ဟုဆိုတာ Tesla ရဲ့Design ပြန်ပြင်ဆင်မှုပြီးလို့ပေးထားတဲ့ ကတိအတိုင်း ပိုက်ဆံတောင်းရာ Edison က ငါနောက်နေတာပါ။ မင်း.. ငါတို့Ameican တွေရဲ့Humour ကိုနားမလည်သေးပဲကိုးဟုဆိုကာ အရင်က Tesla ရဲ့လစာ တစ်ပတ် $10 ကို $18 အထိတိုးပေးခဲ့သော်လည်း Tesla အလုပ်ချက်ချင်းထွက်ခဲ့လေသည်။ ဒီရုပ်ရှင်မှာပါဝင်တဲ့ Tesla ရဲ့အချိန်ဟာ 17 May 1899 မှ 7 January 1900 အထိသူ Colorado Springs မှာလေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ အချိန်ကို ရိုက်ကူးထားတာပါ။ စိတ်ဝင်စားရင် သူ့ရဲ့Colorado Springs Notes, 1899, 1900 မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
(ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. FB Page မှ ကူးယူဖော်ပြပါသည်။)
ဒီဇာတ်ကားက ကျွန်တော့်ရဲ့ အကြိုက်ဆုံးဇာတ်ကားပါ…
သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်မိတိုင်းလဲ သရုပ်ဆောင်တွေရဲ့ လေးနက်မှုတွေက ကျွန်တော့်ဆီ အချိန်တိုင်း စီးဆင်းဆဲပါပဲ…
တစ်ကားလုံး ဘယ်နေရာမှ ပစ်ရက်စရာမရှိတဲ့ ဒါရိုက်တာနိုလန်ရဲ့တင်ဆက်မှုပါ..
လူ့ဘဝဆိုတာ ကြိုးမျှင်မျှင်လေးတစ်ခုနဲ့တင်းစီးခေါ်ဆောင်ရာကို လိုက်ပါအသက်ရှင်နေရသလို ခံစားလာစေပါတယ်…
တကယ်တော့ လူ့ဘဝဆိုတာလဲ မျက်လှည့်ရှိုးပွဲတစ်ခုပဲမလား…
အစစ်တွေရှိနေသလို လှည့်စားခြင်းတွေနဲ့ အစီအစဉ်တကျ တစ်စုံတစ်ယောက်က ကိုယ့်ကိုလှည့်စားနေတာပါပဲ…
ဒါပေမယ့် ကျွန်တော်တို့က အစစ်ကိုလဲမမြင်ချင်ကြပါဘူး…ဘာလို့လဲဆိုတော့…ကျွန်တော်တို့ကိုယ်တိုင်ကိုက လှည့်စားခံချင်နေလို့ပါပဲ။
File size…(2.2 GB) / (1.2 GB) / (500 MB)
Quality…BluRay Rip 1080p / 720p / 480p
Format…mp4
Duration….02:10:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Sam & Nay Lin Thar
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။