Channel Myanmar

The Professor(2019)

The Professor    

R 90 min ComedyDrama

7.0
IMDB: 7.0/10 312 votes

, , , , , , , , ,

N/A

USA

810095

Report error

The Professor(2019)

IMDb….7.0

” ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ….
ရောဂါကအတော်လေးပျံနှံနေပြီ…မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလို
မိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ….အမြန်ဆုံးလည်းကုသသင့်နေပြီ”
” ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”
“ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ…
မကုသရင်တော့ ၆လပေါ့…”
ရစ်ချစ်တစ်ယောက်ဟာ ဆရာဝန်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကို
လောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံး
ပြန်ပြုံးပြလိုက်တယ်….
ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲ…
အနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း
ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ …
ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ…
လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ…
အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်…

ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့
အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး…
သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်…
တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကို
သူတော်စင်တစ်ပါးလိုလုပ်…ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီး
ကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး…
ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက်
သူလုပ်သွားတာတွေက တကယ့်ကိုစိတ်ဝင်စားစရာကောင်းတယ်..
သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်…
ကိုင်းခံစားကြည့်လိုက်ပါဦး….ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင်
ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်..

File Size : (859 MB) and (333 MB)
Quality : WEB-DL 720p,
Format…mp4
Duration…01:30:00
Genre : ComedyDrama |
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zuel Khant Thwin
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Professor(2019)
The Professor(2019)


No downloads available

Genres



Related movies