Exit print mode Print Data A+ A- Undo all

The Purge (2013)

One night a year, all crime is legal.
The Purge (2013)The Purge (2013)

Synopsis:

The Purge (2013)

ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။

~ ဇာတ်လမ်းအညွှန်း ~

အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး အလုပ်ဖြစ်သွားတာ​တွေ့ရ​တော့ ​အ​မေရိကန်မှာ ရိုးရာ​နေ့​လေးတစ်​နေ့လို ဖြစ်သွားတာပဲ။

ဒီဇာတ်ကားရဲ့ဇာတ်လိုက်က​တော့ ဂျိမ်းဆိုတဲ့သူ…
သူက လုံခြုံ​ရေးစနစ်​တွေကို ​​ရောင်းရင်းချမ်းသာလာတဲ့သူ။ သန့်စင်ပွဲ​နေ့​ကြောင့် သူ့ထုတ်ကုန်​တွေ ​ရောင်းရတာဆို​တော့ သန့်စင်ပွဲ​နေ့ကိုလည်း လုပ်သင့်တဲ့သူလို့ ​ထောက်ခံတဲ့ဘက်​က​ပေါ့။ သူ့မှာ သား​လေးတစ်​ယောက်နဲ့ သမီး​လေးတစ်​​ယောက်ရှိတယ်။ သမီး​လေးက​တော့ ၁၈နှစ်ပြည့်​ပြီး ဘဲတစ်​ယောက်လည်းရှိတယ်။ သား​လေးက​တော့ ငယ်ငယ်​လေးရှိ​သေးတာမို့လို့ ဒီလိုသန့်စင်ပွဲမှာလူ​တွေ ​သေရ​တာမဖြစ်သင့်ဘူးဆိုပြီး အမြဲလိုလိုအကူအညီ​ပေးချင်​နေတဲ့သူ။

ဖြစ်ချင်​တော့ သားဖြစ်သူက သန့်စင်ပွဲ​နေ့ညမှာ အိမ်ရာမဲ့ ​ခြေနှစ်​ချောင်းသားကို ကယ်လိုက်မိပါ​လေ​ရော။ အဲဒီလို ကယ်တင်ပြီး​နောက်ပိုင်း ​ခြေနှစ်​ချောင်းသားကယ်​ကောင်းလား မကယ်​ကောင်းလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှူရပါလိမ့်မယ်။ ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့ Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 870MB
Quality – 1080p, 720p
IMDb Rating – 5.7/10
Format – mp4
Duration – 1H 25Min
Genre – Horror, Sci-Fi, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
James DeMonaco
Stars
Aaron Kuban, Adelaide Kane, Alicia Vela-Bailey, Arija Bareikis, Boima Blake, Chester Lockhart, Chris Mulkey, Cindy Robinson, Dana Bunch, David Basila, Edwin Hodge, Ethan Hawke, Jesse Jacobs, John Weselcouch, Karen Strassman, Lena Headey, Max Burkholder, Mickey Facchinello, Nathan Clarkson, Peter Gvozdas, Rhys Wakefield, Rj Wolfe, Tisha French, Tom Yi, Tony Oller, Tyler Osterkamp
Release Date
2013
Rated
R
Runtime
1h 25m
Awards
2 win & 6 nominations
Country
United States, France
Budget
USD $3 000 000,00
Revenue
USD $89 328 627,00
Popularity
33.688
Status
Released
ID IMDb.com
tt2184339
IMDB Rating
5.7
IMDB votes
228000
ID Themoviedb.org
158015
TMDb Rating
6.254
TMDb votes
7561