Exit print mode Print Data A+ A- Undo all

The Raid 2 (2014)

It's Not Over Yet
The Raid 2 (2014)The Raid 2 (2014)

Synopsis:

The Raid 2 (2014)
IMDb – 8.0/10_____Rotten – 81%

 

ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။
အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။
IMDb Rating (8/10)… Rotten Tomatoes (81%) …Metacritic (71%) ထိရရှိထားပါတယ်။
အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။
၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့  The Raid: Redemption ရဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ……….
လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး
ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့ ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။
သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ အန္တရာယ်ရှိနေပါပြီ။ ရမ့်အနေနဲ့ သူ့ဇနီးနဲ့ မွေးကင်းစအရွယ် သားငယ်ကို ကာကွယ်ဖို့သာ ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါကြောင့် သူဟာ ဒုစရိုက်လောကကို လျှို့ဝှက်ဝင်ရောက်ရ ပါမယ်။ ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ရဲတွေဆီကို ပြိုင်ဆိုင်နေတဲ့ အင်အားစုတွေကို အဆင့်ဆင့် ဝင်ရောက်ရမှာပါ။ ရောက်ပြီဆိုမှ သူတို့ရဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရမ်ရဲ့ ရှည်လျားတဲ့ ခရီးကြမ်းကြီးကို စတင်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကနေ ကွဲထွက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ယုဒါ့အဖြစ် တာဝန်ပေးအပ်ခံရတယ်။ ထောင်ထဲမှာတော့ သူဟာ နာမည်ကြီး လူဆိုးဂိုဏ်းမှာ အခရာတစ်ဦးရဲ့သား ယူကိုရဲ့ ယုံကြည်မှုကိုရရှိခဲ့ပြီး လူဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဝင်ရောက်တယ်။
နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေမှာ ရောက်ရှိနေတဲ့ အဖွဲ့အစည်းကြီးကို အဆုံးသတ်သွားစေဖို့ ဘဝတစ်ခုလုံး ပုံအောပြီးကြမ်းကြမ်းရမ်းရမ်း ဆောင်ရွက်သွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဇာတ်ကားကောင်းလေးအဖြစ် တော်တော်များများက ရွေးချယ်မှတ်ချက်ပေးထားတာကို တွေ့ရလို့အက်ရှင်ကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

(ရုပ်ရှင်အညွှန်းကို people.com.mm မှကူးယူဖော်ပြပါသည်။)

 

File size…(1.1 GB)
Quality…BR-Rip 720p
Format…mp4
Duration….02:30:27
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

 

နမူနာကြည့်ရန်


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Serbuan maut 2: Berandal
Director
Dondy Adrian, Gareth Evans, Ginanti Rona Tembang Asri, Mus Danang Danar Dono, Victor Studiaminto
Stars
Alex Abbad, Arifin Putra, Cecep Arif Rahman, Cok Simbara, Iko Uwais, Julie Estelle, Ken'ichi Endô, Oka Antara, Tio Pakusadewo, Very Tri Yulisman
Release Date
11 April 2014 (USA)
Rated
R
Runtime
2h 30min
Awards
5 wins & 10 nominations.
Country
Indonesia, USA
Budget
USD $4 500 000,00
Revenue
USD $6 566 916,00
Popularity
11.658
Status
Released
ID IMDb.com
tt2265171
IMDB Rating
8.0
IMDB votes
111,212
ID Themoviedb.org
180299
TMDb Rating
7.7
TMDb votes
1460