Channel Myanmar

The Road Home (1999) မြန်မာစာတန်းထိုး

Uncategorized

IMDB: /10 votes

157025

Report error

Zhang ziyi ( ကျန်းကျီယီ) ဟာ တရုတ်ပြည်ထွက် ထိရှကွဲကြေတော့မလား ထင်ရတဲ့ ကြွေရုပ်ကလေးလို ချစ်စရာကောင်းသူလို့ အပြင်ပန်းက ထင်ရတဲ့အတွက် စိတ်ဓာတ်ပြင်းထန်သူ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ရှိသူဆိုတာ ကျနော်တို့ မေ့နေမိကြတာများပါတယ်။ အသက်ဆယ့်ကိုးနှစ်မှာတင် ပထမဆုံး ခေါင်းဆောင်အဖြစ်ပါဝင်ရတဲ့ The Road Home နဲ့ အောင်မြင်သွားတဲ့အခါ စိုင်ကော်လို့ချုံပေါ်ရောက်သွားတာပါလို့ အထင်တွေကို သူ့ အရည်အချင်းနဲ့ ဇွဲနပဲနဲ့ ချေဖျက်ပြခဲ့တယ်။ ဒါရိုက်တာ Zhang Yimou ကိုယ်တိုင်ကတောင် တရုတ်ပြည်က သရုပ်ဆောင်တွေမှာ အက်ရှင်ကော အက်တင်ကော နှစ်ခုလုံးပိုင်နိုင်တဲ့ သရုပ်ဆောင်ဆိုတာ အလွန်ရှားပါတယ်လို့ အသိအမှတ်ပြုခဲ့တာပါ။

Ziyi မှာ ငယ်ငယ်နဲ့ နိုင်ငံတကာထိ အောင်မြင်ခဲ့တဲ့အတွက် တရုတ်ပြည်တွင်းမှာ တချို့သရုပ်ဆောင်တွေ နှစ်နဲ့ ချီတောင် ကြိုးစားရတာကို သူက ခဏလေးနဲ့ဆိုပြီး အမြင်မကြည်ပဲ တိုက်ခိုက်ခံရ တရုတ်ပြည်က မီဒီယာတွေ အပြောအဆို တော်တော်ခံရတဲ့အပြင် ဟောင်ကောင်ဘက်ကြတော့လည်း သူ့ လို တောသူက ဘာဖြစ်လို့ ဒီလောက်အောင်မြင်ရလဲလို့ မနာလိုတာ ခံရသေးတာပါ။

Memoirs of a Geisha , Crouching Tiger Hidden Dragon , Hero စတဲ့ ရုပ်ရှင်သမိုင်းမှာ ကျန်ရစ်ခဲ့မယ့် ဇာတ်ကားကောင်းတွေရှိနေခဲ့လည်း

The Road Home က ကွမ်းတောင်ကိုင် ရွာသူလေးရဲ့ ချစ်စရာ မျက်နှာလေးကို စိတ်ထဲမှာ စွဲထင်မှုအရှိဆုံးအဖြစ် သတ်မှတ်ရမယ်ထင်ပါရဲ့။

ဒီရုပ်ရှင်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လက်ရှိအခြေအနေကို အဖြူအမဲနဲ့ မသဲမကွဲ မှတ်တမ်းဆန်ဆန်ရိုက်ထားပြီး နောက်ကြောင်းပြန်ကာမှ ကာလာရောင်စုံနဲ့ လင်းလက်စေတာ ဖြစ်ပါတယ်။
ရွာသူလေးရဲ့ ဘဝထဲ ကျောင်းဆရာလေး ပထမဆုံးစဝင်လာခဲ့တဲ့အချိန်ကို ရိုက်ပြတဲ့အခါ ကျောင်းဆရာလေးနဲ့ အကြည့်ချင်းဆုံလို့ အပျော်တွေနဲ့ ခုံပေါက်ပြေးလွှားနေတဲ့ အခန်းက ဆယ်ကျော်သက်တွေရဲ့ အပျော်ကို သတိရမိစေပါတယ်။ ဒီရုပ်ရှင် အစဦးပိုင်းမှာ အဖေကျောင်းဆရာဆုံးပါးသွားလို့ မြို့ မှာ အလုပ်လုပ်နေတဲ့ သားဖြစ်သူက ရွာကို ပြန်လာပြီး အမေမုဆိုးမ ဖြစ်စေချင်တဲ့အတိုင်း အလောင်းကို မြို့ ကနေ ရွာထိ လူနဲ့ပဲ ထမ်းသယ်မယ်ဆိုတဲ့ ကိစ္စကြောင့် အရမ်းအေးတဲ့ရာသီဥတု လူငယ်အင်အားရွာမှာ ရှားပါးမှုကြောင့် အကျပ်ရိုက်ပြီး မိခင်ဖခင် အချစ်ဇာတ်လမ်းကို ပြန်သတိရမိတာက အစပြုပါတယ်။

ဒီတော့ ရွာသူလေးနဲ့ ကျောင်းဆရာလေး ဆုံဆည်းရမယ်ဆိုတာ သေချာသိပြီးသား ဖြစ်ပြီး ဘာမှ ရင်ထိတ်စရာ အလှည့်အပြောင်း မရှိတော့ပါ။ သို့ပေလည်း အဲဒီအချက်ကပဲ ဇာတ်လမ်းအစအဆုံး ရိုးစင်းခမ်းနားတဲ့ အချစ် ၊ လူတစ်ယောက်နဲ့ တစ်ယောက် သေတစ်ပန်သက်တစ်ဆုံး တွယ်တာရင်းနှီးဖို့အစပြုတဲ့ ဖြစ်စဉ်ကို ကြည်နူးစွာ ကြည့်မိစေပါတယ်။ ကျနော်တို့ ခေတ်မှာ အဲဒီလို အချစ်မျိုး မရှိတော့ဘူးဆိုတဲ့ အကြောင်းကရော ဆွေးမြေ့စေဖို့ရှိပါရဲ့။

မြင်မြင်ချင်းအချစ်ကနေ ကျောင်းဆရာလေးအတွက်ပဲ မိန်းကလေးရဲ့ဘဝက ရှင်သန်နိုင်တော့တာပါ။ ဆရာလေးရဲ့ စာသင်တဲ့ အသံက နားထောင်ကောင်းလို့ဆိုပြီး တစ်သက်လုံး စာသင်ဖို့ စိတ်မဝင်စားတဲ့ မိန်းကလေးက နှစ်လေးဆယ်တိုင်တိုင် စာသင်နေသံကို မပျက်မကွက်နားထောင်ခဲ့တာတဲ့။ ဒီရုပ်ရှင်မှာ ကျောင်းဆရာလေးနဲ့ နီးစပ်ဖို့ မိန်းကလေး ဘက်က ဘယ်လို အားထုတ်ခဲ့လည်းဆိုတာ ကြည့်နေရင်းနဲ့ ပြုံးနေမိစေပါတယ်။ လူတစ်ယောက်ကို အဲဒီလောက် ချစ်နိုင်ဖို့ ကိုယ်ရော စိတ်ရော ရင်းနှီးပေးဖို့ အခုများတော့ မလွယ်ကြတော့တာလည်း အသိ။

Ziyi လေး မျက်နှာက သန့်စင်ချောမွေ့ နေသလောက် ကျောင်းဆရာလေးက အပြိုင် မချောမောဘူးဆိုပေမယ့် Ziyi ရဲ့ အချစ်ကနေ တဆင့် ကျနော်တို့ ကြည့်မိကြရာ ကျောင်းဆရာလေးကလည်း တစတစ ပိုမို ခန့်ညားလာခဲ့တာလား သတိထားမိပါရဲ့။ Ziyi ရဲ့ မျက်နှာကို ကင်မရာအနီးကပ် ရိုက်ချက်တွေ များပြားပြီး အသေးစိတ် အမူအရာ ပြောင်းလဲပုံကအစ တစိမ့်စိမ့် အရသာခံဖို့ ထိုက်တန်တာပါ….

နိုင်ငံတကာထိ အောင်မြင်တဲ့ ဒါရိုက်တာ Zhang Yimou က Ziyi လေးကို ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးလို့ ရွေးချယ်ခဲ့တာ ဆိုလည်း ကံကောင်းခြင်း သက်သက်မဟုတ်ပါဘူး။ သူကိုယ်တိုင်ကကို အဲဒီဇာတ်ရုပ်အတိုင်းပဲလေလို့ ပြောလည်း မကြိုးစားပဲ ရခဲ့တာ မဟုတ်ခဲ့ပါ။ မျက်နှာသစ်ကလေးကို ဒါရိုက်တာကြီးက ကောက်ကာငင်ကာ ရွေးခဲ့တာ မဟုတ်ခဲ့ပဲ Ziyi နဲ့အတူ တခြား ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေကို ဇာတ်ကားရိုက်မယ့် ရွာကို တစ်လလောက်ပို့ထားကာ ရွာသားတွေနဲ့အတူ လိုက်လျောညီထွေ ဖြစ်မဖြစ် ရွာ့ ထုံးစံအတိုင်း ရေခပ် ဟင်းချက် လုပ်နိုင်မလုပ်နိုင် စံကာတင်ရွေးကြသေးတာ။ အစမ်းသရုပ်ဆောင်ပြရတာလည်း ခဏခဏ….
နောက်ဆုံး တကယ်သရုပ်ဆောင်ရပါပြီဆိုတော့လည်း ဖိအား တအားများခဲ့တာဖြစ်ပြီး စကားပြော သိပ်မပါတဲ့ ဇာတ်ညွှန်းကို ထပ်ခါထပ်ခါလေ့လာလွန်းနေလို့ ဒါရိုက်တာက ဇာတ်ညွှန်းစာအုပ် ပြန်သိမ်းထားပြီး လွတ်လွတ်လပ်လပ်နေခိုင်းရတဲ့အထိ။
ဖြူ စင်ရိုးသားတဲ့ အလှတရားဟာ Ziyi မှာ ရှိပြီးသား ဇာတ်ညွှန်းကြောင့် ပြောင်းလဲသွားမှာကို မလိုလားတဲ့အထိ။ အပြင်က Ziyi နဲ့ ရွာသူလေးဟာ တစ်ထပ်တည်း ကျနေတယ်ဆိုလည်း စကားပြောမပါပဲ အမူအရာနဲ့ပဲ အဓိက သရုပ်ဆောင်ရတဲ့အခန်းတွေဟာ တကယ်ခက်ခဲတာပါ။ ပြေးလွှားရတဲ့အခန်းတွေဆို တောင်ကုန်းတွေပေါ်က ဒလိမ့်ကောက်ကွေးလိမ့်ကျလည်း မညည်းညူ ပဲကင်မရာရှေ့ပြန်ရောက်အောင်လာပြီး ဆက်ပြေးခဲ့တာ။ ဒါရိုက်တာကတောင် သက်လုံကောင်းလွန်းလိုက်တာလို့ အံ့သြရပါရော။

ဒီဇာတ်ကားမှာ တရုတ်ပြည်ကျေးလက်ရဲ့ ရှူ ခင်းတွေက လှပလွန်းတဲ့ အပြင် နောက်ခံတေးဂီတကလည်း ဇာတ်ဝင်ခန်းတွေကို ပြည့်စုံလှပစေပါရဲ့။ ဘဝတစ်လျှောက်လုံး ရိုးရိုးသားသားနဲ့ ကျေးရွာလေးမှာ အများအတွက် အကျိုးဆောင်သွားတဲ့ ကျောင်းဆရာလေးရယ်၊ တစ်သက်တာ အနားက မခွာချင်တဲ့ ပါရမီဖြည့်ဖက်သက်လျာရယ် သူတို့ကို ကြည့်ပြီး ငြိမ်းချမ်းရိုးအေးမှုဟာ ကူးစက်လာသလိုပါ။

ဇွဲလွင်  
(အပေါ်က ကိုဇွဲလွင်ပြောသွားတာနဲ့တင် တော်တော်ပြည့်စုံနေပါပြီ…
ကျွန်တော်ထပ်ဖြည့်ပြီးပြောချင်တာကတော့ ဒီဇာတ်ကားဟာ၂၀၁၁ခုနှစ်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာအကယ်ဒမီ (၇)ဆုရရှိခဲ့တဲ့ ထာဝရအလင်းတန်းများ မြန်မာဇာတ်ကားရဲ့ ကျောရိုးဇာတ်လမ်းဖြစ်ကြောင်းပါပဲ…..)
Zip File size…673MB
Quality….အကြည်
Format…mkv
hour….01:23:35
subtitle….မြန်မာစာတန်းထိုး

Download Zip File

နမူနာကြည့်ရန်


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

No links available
No downloads available

Genres



Related movies