Exit print mode Print Data A+ A- Undo all

The Road to Mandalay (2016)

The Road to Mandalay (2016)The Road to Mandalay (2016)

Synopsis:

The Road to Mandalay (2016)

———————————————————————————-

စာအုပ်တစ်အုပ်ကို ကာဗာ ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့

ဆိုတဲ့စကားတော့ တကယ်လက်ခံသွားပါပြီ ။

အမှန်အတိုင်းပြောရရင် JoJo က ဘာသာပြန်နေရင်းနဲ့

ဒီကားကောင်းကို သာမန်ပဲထင်ခဲ့တာပါ ။

မင်းသမီးကလည်း သိပ်မချောတော့လေ. ..

(ဒါပေမဲ့ Google ခေါက်တော့မှ အထင်နဲ့အမြင်လွဲတာဆိုတာ … )

ဒီကားလေးက The Lady ကားကိုထုတ်လုပ်ခဲ့တဲ့ Myanmar Montage Film Production ကပါ ။

နိုင်ငံတကာ ဆုပေါင်း (၁၉) ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီး

အကောင်းဆုံးဇာတ်ကားဆု ၊ ထုတ်လုပ်ရေးဆု၊

အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ် ။

နည်းနည်းတော့ ဖြုံသွားပြီး … အဲ့လောက်တောင်လားပေါ့ ?

တကယ် အဲ့လောက်တောင်ပါ …

ဇာတ်လမ်းလေးက မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို

တရားမဝင်သွားရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ အကြောင်းလေးပါ ။

မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူပါ။

ထိုင်းမှာ အလုပ်လုပ်ဖို့က အလုပ်ပါမစ်လိုပါသတဲ့။

အဲ့အလုပ်ပါမစ်အတွက် မင်းသမီးက အသေရရ အရှင်ရရ ကြိုးစားပါတော့တယ်။

သူ့ရည်မှန်းချက်က ထိုင်းပတ်စပို့ပါယူပြီး ထိုင်ဝမ်ပါသွားမယ်ဆိုပဲ ။

သူ့ကောင်လေးကတော့ ရိုးရိုးရှင်းရှင်း ထိုင်းမှာပိုက်ဆံစုမယ်။

ပြီးရင် မြန်မာပြည်ပြန်မယ်. . . ဒီလောက်ပါပဲ

မြန်မာစကားတစ်ခွန်းမှမပြောပါဘူး.. (သရုပ်ဆောင်တွေက ထိုင်ဝမ်ကပါ)

ဒါပေမဲ့ မြန်မာမှာဖြစ်ပျက်တဲ့အတိုင်း တစ်ပုံစံတည်းရိုက်ကူးနိုင်ခဲ့ပါတယ် ။

နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ တရားမဝင်ဝင်ရောက်သူတွေရဲ့ ဇာတ်လမ်းလေးကို

အကွက်ကျကျ ရိုက်ပြသွားတာပါ ။

တကယ်ဟတ်ထိပါတယ် ။

ဇာတ်လမ်းလေးရဲ့နောက်ဆုံးအပိုင်းတော့

JoJo ဘာသာပြန်ရင်း နှစ်ခါတောင်ပြန်ကြည့်လိုက်ရတယ်။

အဆုံးသတ်လေးကို ဒါရိုက်တာရိုက်ပြသွားတာ အံ့ဩလွန်းလို့ပါ ။ ။

ကဲ အညွှန်းလည်းရှည်သွားပြီ…

ကြည့်လို့အဆင်ပြေတဲ့ကားကောင်းလေးတစ်ကားမို့

ကြိုက်ကြမယ်လို့ထင်ပါတယ်နော် ။ ။

File Size – 747MB

Quality – 360P

Subtitle – Myanmar (Hardsub)

Translated by – Jo Jo Va

Encoded by – August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
9 Dec 2016
Runtime
1hr 48min
Awards
6 wins & 20 Nominations
Country
China
Popularity
1.94
Status
Released
ID IMDb.com
tt5974402
IMDB Rating
6.8
IMDB votes
603
ID Themoviedb.org
412206
TMDb Rating
7.2
TMDb votes
7