Exit print mode Print Data A+ A- Undo all

The Royal Bride

The Royal BrideThe Royal Bride

Synopsis:

The Royal Bride (2020)

ဒီတစ်ခါတော့ ပရိသတ်အတွက် အရသာအသစ် ရနိုင်မယ့် ဗီယက်နမ် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ခုနောက်ပိုင်း အာရှကားတွေထဲမှာ ဗီယက်နမ်ကားတွေလည်း အတော်အတန် အဆင့်ရှိလာတာကို တွေ့ရပါတယ်။
ဒီကားလေးလည်း ရိုက်ချက်တွေရော ဇာတ်လမ်းတင်ပြပုံရော အတော်လေး ကောင်းတာကို တွေ့ရပါတယ်။
တော်တော်လေးလည်း တခမ်းတနားနဲ့ ပြနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
ဇာတ်လမ်းနာမည်အတိုင်းပါပဲ။
တော်ဝင် သတို့သမီး တစ်ယောက်အကြောင်းပေါ့။

မင်းသမီးက ကူယင် ဆိုတဲ့ တီဗွီအစီအစဉ် တင်ဆက်သူပါ။
သူ့အစီအစဉ်က အတင်းအဖျင်းတွေကို ဖော်ထုတ်တဲ့ Showbiz Face-off ဆိုတဲ့ အစီအစဉ်ပါ။
သူ့အစီအစဉ်ကို စုံတွဲလာရင် ကွဲတယ်။ သူငယ်ချင်းတွေ လာရင် ရန်ဖြစ်ကြတယ်။
ဒီလို အစီအစဉ်မျိုးပေါ့။

မင်းသားကတော့ ဂျက်လို့ နာမည်ရတဲ့ တော်ဝင်မျိုး တော်ဝင်နွယ် တစ်ယောက်ပေါ့။
ဒီတော့ ဂျက်ရဲ့အမေက ဂျက်ကို ကူယင်နဲ့ သဘောမတူနိုင်ပါဘူး။
ဒါပေမယ့် ဂျက်ရဲ့အမေကလည်း တစ်ခေတ်တစ်ခါက နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးပါ။
သူ ဘာလို့ သဘောမကျရတာလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရပါမယ်။

ဂျက်ရဲ့အမေက ဂျက်ကို ဇာတိမြို့ “ဟူ” ကို ပြန်ခေါ်သွားတဲ့အချိန်မှာတော့ ……
“ဟူ” မြို့ရဲ့ အလှအပတွေနဲ့ အတူ ဇာတ်လမ်းနောက်မှာ မျောပါရင်း ကြည့်ရမှာပါ။

“ဟူ” မြို့ကို ကူယင် လိုက်လာပေမယ့်လည်း ဂျက်ရဲ့အမေကတော့ သဘောမတူသေးပါဘူး။

ဒီလို ပဋိပက္ခတွေကြားမှာ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ရှင်သန်နိုင်ပါ့မလားဆိုတာကတော့ …..

File size… 1.66GB and 783MB
Quality….WEB-DL 1080p and 720p
Format…mp4
Duration….1hr 58min
Subtitle….Myanmar Subtitle (Hardsub)
Encoder…. August
Translated by….August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Gai Gia Lam Chieu 3
Director
Namcito
Release Date
25 January 2020
Runtime
1hr 58min
Popularity
1.943
Status
Released
ID IMDb.com
tt11564056
IMDB Rating
5..1
IMDB votes
57
ID Themoviedb.org
663745