Channel Myanmar

The Shameless (2015)

1h 58min Drama

6
IMDB: 6/10 583 votes

13 Wins & 14 Nominations

South Korea

224510

Report error

The Shameless (2015)

“အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်” ဆိုသလို
တစ်ချိန်ကတောက်ပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Kim Hye-Gyung ဟာ
လူသတ်မှုကျူးလွန်ခဲ့တဲ့ သူ့ချစ်သူအတွက် သူ့ဘဝတစ်ခုလုံးကို စတေးထားခဲ့ရပါတယ်

စုံထောက် Jung Jae-Gon ကတော့ ဘယ်လောက်ခက်ခဲတဲ့အမှုမျိုးကိုမဆို
ရအောင်ဖော်ထုတ်နိုင်တဲ့ ထိပ်တန်းစုံထောက်တစ်ယောက်ပါ

လတ်တလောဖြစ်ပျက်သွားတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံဖြစ်တဲ့ Park Joon-Gil ကို ရှာဖွေဖမ်းဆီးနိုင်ဖို့
စုံထောက် Jung သုံးလိုက်တဲ့ နည်းဗျူဟာကတော့ Park Joon-Gil ရဲ့ ချစ်သူကို ချဉ်းကပ်ဖို့ပါပဲ

လူသတ်တရားခံကို ဖမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်တဲ့ တရားခံရဲ့ချစ်သူ Kim Hye-Gyung ကို ချဉ်းကပ်ရင်း
သူ့ရဲ့ခံစားချက်တွေ အစစ်အမှန်ဖြစ်လာချိန်မှာတော့…..။

ဘဝကြီးတစ်ခုလုံးကိုရင်းပြီး ချစ်သူ လူသတ်သမားကိုကယ်မယ့် ကောင်မလေးနဲ့
အဲဒီကောင်မလေး စိတ်ချမ်းသာဖို့ကို ဖန်တီးပေးချင်တဲ့ စုံထောက်တစ်ယောက် ။

နောက်ဆုံးမှာ စုံထောက် Jung Jae-Gon တစ်ယောက် နှလုံးသားနောက်ကိုလိုက်သွားမလား
ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်

Crime/ Drama Genre ဖြစ်ပြီး
18+ Nudity Scene တွေလည်းပါတာမို့ 18 ယောက်စုကြည့်ရမယ့် ဇာတ်ကားပါနော် 🤪

စုံထောက် Jung Jae-Gon အဖြစ် K drama ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသားကြီး Kim Nam-Gil က သရုပ်ဆောင်ထားပြီး
Kim Hye-Gyung အဖြစ် Kim Do-Yeon ၊ Park Joon-Gil အဖြစ် Park Sung-Woong တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်

Genre….. Drama
Quality…. 1080p | 720p | 480p
File size… 1.7GB |
Format… mp4
Duration…. 1h 58min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Hmwe Thet Winn
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Shameless (2015)


No downloads available

Genres



Related movies