Exit print mode Print Data A+ A- Undo all

The Snow Walker (2003)

The Snow Walker (2003)The Snow Walker (2003)

Synopsis:

၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။

၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။

ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။

လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ဆေးရုံ​ပို့ပေး​ဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်​မာရိုင်းစိုင်းပြီး ကျွတ်​ဆတ်ဆတ်နိုင်တဲ့ လူဖြူ​ပိုင်း​လော့​ ချာ​လီတို့​နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်​ရှင်​သန်ဖို့ကြိုးစားကြပုံကို တင်​ဆက်ထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်​က Leo Awards ၆ ခု​အပြင်​ တခြား​ဆုများစွာ ဆွတ်​ခူး​ခဲ့ပြီး ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်​တဲ့ မင်း​သမီးကိုယ်တိုင်ကလည်း ဒေသခံ​ Inuit တိုင်း​ရင်း​သူဖြစ်ပါတယ်။

ဒီရုပ်ရှင်​မှာ နာမည်ကြီး​ Dance​s with Wolves​ လို အငွေ့​အသက်​မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်​မင်​ရင်းနှီးလာပြီးနောက် ​ဒေသခံ​တိုင်းရင်း​သားတွေအပေါ် ချာ​လီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်​က ဗိုလ်​လေးဒန်ဘာနဲ့ လူနီအင်​ဒီးယန်း​လူမျိုး​တွေအကြား သံယောဇဉ်​ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။

နောက်​ဆုံး​ဇာတ်​သိမ်းလေးကလည်း ဆွတ်​ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်​လို့ အရှုံး​မရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်။

 

File size…(1.9 GB)/(1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:43:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
19.041
Status
Released
ID IMDb.com
tt0337721
IMDB Rating
7.3
ID Themoviedb.org
14694
TMDb Rating
7
TMDb votes
108