The Thin Red Line (1998)
IMDb – 7.6/10_____Rotten – 80%
စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ
ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို
အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်…ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်……
ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်….
The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့
တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ….ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင်
တန်းတူတောင်ထားလို့ရမယ်ထင်တယ်…
အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့်
အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်…
ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့
ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့
စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…စစ်သားတွေရဲ့ပူပန်မှုတွေအခက်အခဲတွေကို သူတို့နည်းတူ ခင်ဗျားတို့ ထပ်တူထပ်မျှခံစားနေရလိမ့်မယ်…
အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးကြီးခံစားနေရလိမ့်မယ်.. ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ
ရင်တထိတ်ထိတ်နဲ့….ဇာတ်လမ်းနဲ့ တင်ဆက်ပုံကလည်း အရမ်းကိုကောင်းလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း
တကယ့်နာမည်ကြီးမင်းသားတွေကြီးပဲဆိုတော့ ဒီစစ်ကားဟာ အော်စကာဆု(၇)ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၀)ဆုလည်းရရှိခဲ့ပါတယ်..
ကျွန်တော်ပြောတာ ဟုတ်မဟုတ်ခံစားကြည့်လိုက်ပါဦး….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်….
စစ္ကားေတြထဲမွာ အထူးသျဖင့္ ကြၽန္ေတာ္သိသေလာက္ Saving Private Ryan (1998) နဲ႔ Hacksaw Ridge (2016) စတဲ့နာမည္ႀကီးစစ္ကားေတြဟာ
ရန္သူရဲ႕ အဓိက အေျခခ်တပ္စြဲထားတဲ့ေနရာေတြကို
အသက္စြန႔္ၿပီး ဝင္သိမ္းတာကို အေျချပဳ႐ိုက္ကူးထားပါတယ္…ဒီလိုေျခကုတ္ယူထားတဲ့ေနရာဆိုတာနဲ႔ ရာႏႈန္းျပည့္ ပစ္ကြင္း ျမင္ကြင္း အရာအားလုံးကို အသာစီးရေနပါတယ္……
ဒါ့ေၾကာင့္ အေပၚက ကြၽန္ေတာ္ေျပာခဲ့တဲ့ စစ္ကားႀကီး(၂)ကားမွာ တက္သိမ္းတဲ့သူေတြဟာ အဲ့ဒီေနရာေလး တစ္ေနရာ ရဖို႔အေရး အေလာင္းေတြ ေတာင္လိုပုံခဲ့ရပါတယ္….
The Thin Red Line(1998) ဟာလည္း ဂ်ပန္ေတြ သိမ္းထားတဲ့ ပစိဖိတ္စစ္ေျမျပင္ရွိ Guadalcanal အရပ္က ေအာ္စတန္ေတာင္ကုန္းကို အေမရိကန္တို႔ ျပန္လည္သိမ္းယူတဲ့
တိုက္ပြဲကို အဓိကထား ႐ိုက္ကူးထားတာပါ….ဒီစစ္ကားရဲ႕ေကာင္းမြန္ျခင္းေတြက Saving Private Ryan (1998) နဲ႔ Hacksaw Ridge (2016) တို႔ နဲ႔ေတာင္
တန္းတူေတာင္ထားလို႔ရမယ္ထင္တယ္…
ေအာ္စတန္ေတာင္ကုန္းက က်ယ္တဲ့အျပင္ ခ်ိဳင့္ဝွမ္းေတြ ခ်ဳံေတြ မ်ားျပားလြန္းပါတယ္…ဂ်ပန္ေတြဆိုတာကလည္း လာေရာက္သိမ္းမယ့္
အေမရိကန္တို႔ရန္ကို ႀကိဳသိေနလို႔ အခိုင္အမာ ခံစစ္ျပင္ဆင္ထားပါတယ္…
ဒီစစ္ကားကိုမၾကည့္ခင္ ခင္ဗ်ားဟာေယာက်ၤားေလးတစ္ေယာက္ဆိုရင္ ေကာ္ဖီ၊ ေဆးလိပ္၊ ျပာခြက္ ၊တစ္ရႉးစတာေတြကိုယူထားပါ…မိန္းကေလးဆိုရင္ေတာ့
ဝါးရင္အသံမမည္တဲ့ အစားအစာမ်ိဳး နဲ႔ တစ္ရႉးကိုႀကိဳယူထားပါ…ဘာလို႔ဆို ဇာတ္လမ္းစၿပီး ၁၅မိနစ္မွာေလာက္ကထဲက ဂ်ပန္ေတြ အေျခခ်ထားတဲ့ ေတာင္ကုန္းကို သြားသိမ္းတဲ့
စစ္ေၾကာင္းနဲ႔အတူ ခင္ဗ်ားဟာ ေျမာပါသြားလိမ့္မယ္…စစ္သားေတြရဲ႕ပူပန္မႈေတြအခက္အခဲေတြကို သူတို႔နည္းတူ ခင္ဗ်ားတို႔ ထပ္တူထပ္မွ်ခံစားေနရလိမ့္မယ္…
အေျမႇာက္ဆံတဝုန္းဝုန္း ေသနတ္သံ တဒိုင္းဒိုင္းနဲ႔ တကယ့္စစ္ပြဲထဲကို ကိုယ္တိုင္ေရာက္ေနသလိုမ်ိဳးႀကီးခံစားေနရလိမ့္မယ္.. ဘယ္အခ်ိန္မ်ား က်ည္ဆံဖ်ားမွာ အသက္ပါသြားမလဲ
ရင္တထိတ္ထိတ္နဲ႔….ဇာတ္လမ္းနဲ႔ တင္ဆက္ပုံကလည္း အရမ္းကိုေကာင္းလြန္းတဲ့အျပင္ သ႐ုပ္ေဆာင္ေတြကလည္း
တကယ့္နာမည္ႀကီးမင္းသားေတြႀကီးပဲဆိုေတာ့ ဒီစစ္ကားဟာ ေအာ္စကာဆု(၇)ဆုအတြက္ ဆန္ကာတင္စာရင္းဝင္ခဲ့သလို အျခားဆု(၂၀)ဆုလည္းရရွိခဲ့ပါတယ္..
ကြၽန္ေတာ္ေျပာတာ ဟုတ္မဟုတ္ခံစားၾကည့္လိုက္ပါဦး….
ဇာတ္လမ္းအၫႊန္းနဲ႔ ဘာသာျပန္သူကေတာ့ Megumiပဲျဖစ္ပါတယ္….