Exit print mode Print Data A+ A- Undo all

The Tiger Rising (2022)

Let your imagination run wild.
The Tiger Rising (2022)The Tiger Rising (2022)

Synopsis:

The Tiger Rising (2022)

==================

2022 ခုနှစ်ထွက် The Tiger Rising ဆိုတဲ့ ဒီဇာတ်ကားလေးဟာ 2001 ခုနှစ်ကထွက်ခဲ့တဲ့
ကလေးတွေအတွက်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ မိသားစုရဲ့ အရေးပါပုံတွေ သူငယ်ချင်းဆက်ဆံရေးတွေကို အသားပေး
ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ရော့ဘ်ဆိုတဲ့ ကောင်
လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိတဆိုးဖြစ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ ရော့ဘ်ဟာ အရမ်း
လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူနဲ့ နေရာသစ်က မိုတယ်တစ်ခုမှာ ခေတ္တပြောင်း
ရွှေ့နေထိုင်ပြီး ဖခင်နဲ့အတူ ဘ၀ကို ရုန်းကန်နေရရှာတာပေါ့။ အမေ မရှိတော့ကတည်းက ရော့ဘ်ရဲ့
မိသားစုဘ၀ဟာ ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းလို့ တစ်ခုမှ အဆင်ပြေတာမရှိခဲ့ပါဘူး ကျောင်းမှာလည်း
အနှိမ်ခံကလေးတစ်ယောက်ဖြစ်ပေမယ့် ပန်းချီနဲ့ ပန်းပုပညာမှာ ပါရမီပါတဲ့ကလေးတစ်ယောက်ဖြစ်
ပါတယ်။ ဒီလိုနဲ့ ရော့ဘ်တစ်ယောက်ဟာ ကျောင်းကို အသစ်ပြောင်းလာတဲ့ ‌ဒေါသအိုးမလေး စစ္စတင်းနဲ့
သူငယ်ချင်းဖြစ်သွားကြပါတယ်။

ရော့ဘ်တို့နေတဲ့ မိုတယ်နားက တောအုပ်လေးထဲမှာ လှောင်အိမ်ထဲထည့်ခံထားရတဲ့ ကျားကြီးတစ်
ကောင်ရှိပြီး ရော့ဘ်နဲ့ စစ္စတင်းတို့ဟာ အဲဒီကို သွားကြည့်လေ့ရှိပါတယ် ဒေါသအိုးမလေး စစ္စတင်းဟာတော့
ကျားကို လွှတ်ပေးဖို့ ရော့ဘ်ကို တိုက်တွန်းတာပေါ့။ အမြဲ ၀မ်းနည်းနေတတ်တဲ့ရော့ဘ် နဲ့ ဒေါသအမြဲထွက်
နေတတ်တဲ့ စစ္စတင်းတို့ဟာ ကျားကို လွှတ်ပေးဖို့ ကြိုးစားကြပုံတွေကို drama လေးနဲ့ပေါင်းစပ်ပြီး ရိုက်ကူး
ထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးထဲက ပြောတဲ့အတိုင်းပဲ ကျွန်တော်တို့အားလုံးမှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပိတ်ဆို့ထားတဲ့
စိတ်ကူးထဲက လှောင်အိမ်တစ်ခုရှိပြီး အဲဒီထဲက ထွက်ဖို့ ကိုယ်ကိုတိုင်ပဲ ကြိုးစားကြရမှာပါ။ ပရိသတ်တွေလည်း
ဒီကားလေးကြည့်ရင်း ကိုယ့်ရဲ့ လှောင်အိမ်ကိုယ်စီကနေ ရုန်းထွက်နိုင်ကြပါ‌စေ….

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်)

File Size – (1.8 GB) / (828 MB) / (547 MB)
Quality – WebDL 1080p / 720p/480p
Duration – 1h 42mins
Subtitle – Myanmar Hardsub
Format – MP4
Genre : Family, Fantasy
Translator – Chuck Chuck
Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Ray Giarratana
Stars
Dennis Quaid, Katharine McPhee, Queen Latifah
Popularity
11.152
Status
Released
ID IMDb.com
tt1596557
IMDB Rating
5.0
IMDB votes
1284
ID Themoviedb.org
793269
TMDb Rating
5.4
TMDb votes
5