Exit print mode Print Data A+ A- Undo all

The Titan (2018)

Evolve or die
The Titan (2018)The Titan (2018)

Synopsis:

The Titan (2018)_____IMDb – 4.8/10

 

 

ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။

အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့….

လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။

အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။

ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။

အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။

အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။

အဲဒီ Titan ဂြိုဟ်က စင်္ကဝြဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။

လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။

ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။

ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။
ကျန်တဲ့ ၈၀% လောက်က နိုင်ထရိုဂျင်တွေပေါ့။

ရေဆိုရင်လည်း မီသိန်းအရည်တွေနဲ့ ပျော်ဝင်နေတာမို့လို့ သောက်ဖို့ သုံးဖို့ မဖြစ်နိုင်ပါဘူး။

ဒီတော့ ရေရှည်သွားနေဖို့အတွက်ဆိုရင်တော့ လူသားမျိုးနွယ်ရဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းမှဖြစ်တော့မှာပေါ့။

 

 

တစ်နည်းအားဖြင့် revolution (ဆင့်ကဲဖြစ်စဉ်) ကို အားကိုးရမှာပေါ့။ သာမန်အားဖြင့် သဘာဝကပေးတဲ့ revolution ဖြစ်ဖို့အတွက် နှစ်ပေါင်းသန်းများစွာ စောင့်ယူရပါတယ်။
(ဥပမာ မျောက်ကနေ လူအသွင်ကို ပြောင်းလာသလိုမျိူးပေါ့။)

အဲဒီလိုပဲ ဒေသတစ်ခုမှာ အံဝင်ဂွင်ကျဖြစ်ဖို့အတွက် နှစ်ပေါင်းသန်းပေါင်းများစွာ စောင့်ဖို့လိုတာပေါ့။

အဲဒီလောက်ထိစောင့်နေလို့မဖြစ်ဘူးလေ၊ ဘာလို့လဲဆိုတော့ လူတွေက ဒီနှုန်းအတိုင်း စစ်ဖြစ်နေကြမယ်၊ သယံဇာတတွေ ထုတ်သုံးနေကြမယ်ဆိုရင် နောက်ထပ် ဆယ်နှစ်လောက်ဆို အားလုံးမျိုးပြုတ်တော့မှာ (ရုပ်ရှင်ဇာတ်ကားအရ)။

ဒီတော့ မျိုးရိုးဗီဇကို ပြောင်းလဲရတော့တာပေါ့။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်အမြစ်မပြတ်အောင် အာကာသထဲအထိ ခြေဆန့်ပြီးတော့ နေထိုင်နိုင်အောင် လုပ်ယူတဲ့သဘောပေါ့။

အဲဒီမှာ ဇီဝသိပ္ပံပညာရှင်ကြီးက နေတိုး ၁၆ နိုင်ငံထဲက လူပေါင်း ၅၀၀၀ လောက်ထဲကနေ လက်ရွေးစင် လူအယောက် ၂၀ လောက်ကိုရွေးပြီးတော့ စတင်ခဲ့ပါတယ်။

သူတို့ကို စမ်းသပ်ရင်းနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့လည်း အတိအလင်း ကြေညာထားပါတယ်။

အဲဒီအချိန်မှာ မျိုးရိုးဗီဇသိပ္ပံပညာကို အသုံးချပြီးတော့ စတင်ပြုပြင်ပါတော့တယ်။

တနည်းအားဖြင့် သူတို့ကို Titan ဂြိုဟ်မှာ နေထိုင်နိုင်အောင်လို့ စူပါလူသားတွေအဖြစ် ပြောင်းလဲပစ်တာပါ။

နိုက်ထရိုဂျင်ကိုပဲ အထိကထားပြီးတော့ အသက်ရှင်သန်နိုင်အောင်၊ မီသိန်းအရည်တွေကို ခံနိုင်ရည်ရှိအောင် ဆေးတွေထိုးသွင်းပြီး ပြုပြင်ယူပါတော့တယ်။

အဲဒီလိုပြုပြင်ရင်းကနေ ဘာတွေဆက်ဖြစ်မလဲ?

သူတို့တွေ Titan မှာသွားနေနိုင်ကြမလား?

သူတို့တွေခံနိုင်ရည်ရှိပါ့မလား၊ ဘယ်လိုပြဿနာတွေ တွေ့ကြုံရမလဲ ဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ခံစားကြပါလို့ ညွှန်းလိုက်ပါရစေ။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရာဇာထွန်းပါ)

 

File Size : (850 MB)
Quality : WEB-Rip 720p
Running Time : 1hr 37min
Format : Mp4
Genre : Drama, Mystery, Romance, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.NF.WEBRip.DD5.1.x264-NTG
Translated by Yazar Tun
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
The Titan
Director
Anna Vilà, Lennart Ruff, Neil Wallace
Stars
Aaron Heffernan, Agyness Deyn, Aleksandar Jovanović, Corey Johnson, Diego Boneta, Nathalie Emmanuel, Noah Jupe, Sam Worthington, Steven Cree, Taylor Schilling, Tom Wilkinson
Release Date
30 March 2018 (USA)
Rated
TV-MA
Runtime
1h 37min
Awards
1 nomination.
Country
UK | Spain | USA | Germany
Popularity
22.739
Status
Released
ID IMDb.com
tt4986098
IMDB Rating
4.8
IMDB votes
27,057
ID Themoviedb.org
476926
TMDb Rating
5.4
TMDb votes
847