Exit print mode Print Data A+ A- Undo all

The Tree of Life (2011)

Nothing stands still.
The Tree of Life (2011)The Tree of Life (2011)

Synopsis:

The Tree of Life (2011)

=================

IMDb Rating – 6.8/10

#Unicode

ပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ
တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက
ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက
Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး
ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း
ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့
အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။
အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ
ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင်
ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့
တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက
အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက
အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့
ပု‌ံတွေကို အပြည့်အ၀ခံစားလို့ရတယ်။
အဓိက Conceptမဟုတ်တာနဲ့တောင်
ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။
စကားပြောသံတွေက မသဲမကွဲတွေ
စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး
ကြားနေရတဲ့ဂန္တ၀င်ဂီတ‌တွက စကားပြောသံထက်ပို
စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု
ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ
လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို
ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက်
တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of
Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို
ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။

Castတွေကလည်း Aတန်း၀င် Actorတွေ
ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့
မသိပေမယ့် ‌အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့
ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့
သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။
ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား
သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ
ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတ‌ာရော
ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော
ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။
သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက်
လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့
မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။
ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင်
ရိုက်ပြသွားတဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း
မချီးကျူးဘဲထားလို့မရဘူး။သူကလည်း
ခရစ်ယာန်ယုံကြည်သူစစ်တစ်‌ယောက်မဟုတ်ဘူး။
ဒါပေမယ့် အခမ်းနားဆုံးဖြစ်သွားအောင်ရိုက်ခဲ့တယ်။
ဒါက သူ့အနုပညာအပေါ်သူထားတဲ့ စေတနာပဲ
ထင်တယ်။ အေးအေးဆေးဆေးအချိန်ရမှ
ကြည့်ပြီး အသံတွေကို စပီကာနဲ့နားထောင်ပြီး
ကြည့်ကြည့်ဖို့တော့ အကြံပေးချင်တယ်။
Arthouseဆန်တဲ့ ရုပ်ရှင်ကြိုက်တဲ့လ‌ူတွေအတွက်
အတော်ခံစားလို့ကောင်းမှာ မလွဲမသေပါပဲ။

Tree of Lifeဟာ 2011ရဲ့ Top 10စာရင်း၀င်တဲ့အပြင်
BBCစစ်တမ်းမှာ Gratest American Filmလည်း
ဖြစ်ခဲ့တယ်။2000ခုနှစ်နောက်ပိုင်း ခုနှစ်ကားမြောက်
အကောင်းဆုံးရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရတယ်
အော်စကာ ဆန်ခါတင်သုံးခါ၀င်ခဲ့တယ်။ဒီလောက်လှတဲ့
ရုပ်ရှင် အော်စကာတစ်ဆုမှမရခဲ့တာတော့
‌နှမြောစရာပါပဲ။

(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)

#Zawgyi

ေျပာရမယ္ဆိုရင္ ဒီ႐ုပ္ရွင္နဲ႔ ကြၽန္ေတာ္နဲ႔ၾကားမွာ
တံတိုင္းႀကီးတစ္ခုျခားထားတယ္။အဲ့ဒီတံတိုင္းက
ခရစ္ယာန္ဘာသာေရးပါပဲ။ ဒီ႐ုပ္ရွင္ရဲ႕ အဓိက
Conceptက ဘာသာေရးဆိုေတာ့ ဒါကို ဖယ္ၿပီး
ခံစားဖို႔အေတာ္ခက္တယ္။ ေကာင္းလားေမးရင္လည္း
ဒီ႐ုပ္ရွင္ဟာ အေတာ္တန္းျမင့္တဲ့အထဲထည့္လို႔ရတဲ့
အထိေကာင္းတယ္။ အေတာ္အႏုပညာဆန္တယ္။
အေပၚမွာေျပာထားတဲ့ ဘာသာေရးေတြ
ဘာသာစကားေတြကို ဖယ္ၾကည့္လိုက္ရင္
ကြၽန္ေတာ္တို႔အားလုံးဟာ ႏွလုံးသားကိုယ္စီရွိၾကတဲ့
တူညီတဲ့လူသားေတြပါပဲ။ ဒီေတာ့ ဒီထဲက
အဓိက Conceptမဟုတ္တဲ့ မိသားစုဆက္ဆံေရးထဲက
အေတာ္လွတဲ့ ခ်စ္ျခင္း ပဋိပကၡေတြကို ျပသြားတဲ့
ပု‌ံေတြကို အျပည့္အ၀ခံစားလို႔ရတယ္။
အဓိက Conceptမဟုတ္တာနဲ႔ေတာင္
ဒီ႐ုပ္ရွင္ဟာ အေတာ္ေလးစြဲမက္ဖို႔ေကာင္းတယ္။
စကားေျပာသံေတြက မသဲမကြဲေတြ
စကားေျပာေနရင္းေတာင္ တစ္ခ်ိန္လုံးနီးပါး
ၾကားေနရတဲ့ဂႏၲ၀င္ဂီတ‌တြက စကားေျပာသံထက္ပို
စူးရွေနတယ္။ ဒါကလည္းအေတာ္ဆြဲေဆာင္မႈ
ရွိတယ္ေျပာရမယ္။ စၾက၀ဠာကေန သားေလာင္းအထိ
လွပတဲ့ (ခရစ္ယာန္စကားနဲ႔ဆို ဖန္ဆင္းမႈ)ေတြကို
ထည့္သုံးသြားတာကလည္း သက္ဆိုင္သူေတြအတြက္
တကယ္ခံစားရေစမယ့္အရာပါပဲ။Tree of
Lifeဆိုတဲ့နာမည္လွလွေလးနဲ႔လိုက္ဖက္ေအာင္ကို
ဒီ႐ုပ္ရွင္ထဲက အရာအားလုံးကလွပတယ္။

Castေတြကလည္း Aတန္း၀င္ Actorေတြ
ဘရက္ပစ္ ေရွာင္ပင္းန္။ ဘာရည္႐ြယ္ခ်က္နဲ႔လဲေတာ့
မသိေပမယ့္ ‌အသက္ေျခာက္ဆယ္ရွိၿပီျဖစ္တဲ့
ေရွာင္ပင္းန္ကို ငါးဆယ့္ေျခာက္ ဘရက္ပစ္ရဲ႕
သားလုပ္ပစ္ထားတာကေတာ့ တစ္မ်ိဴးပါပဲ။
ေရွာင္ပင္းန္အခန္းေတြမွာေတာ့ ဘာမွထူးထူးျခားျခား
သိပ္မရွိေပမယ့္ ဘရက္ပစ္ကေတာ့ တကယ့္ဘ၀မွာ
ကေလးေတြအမ်ားႀကီးရဲ႕ အေဖျဖစ္ေနတ‌ာေရာ
ဇာတ္ေကာင္လိုက္ဖက္မႈေၾကာင့္ေရာ
ဖခင္အစစ္တစ္ေယာက္လိုခံစားရေစတယ္။
သူမဟုတ္ဘဲ တျခားလူသာဆို ဒီေလာက္
လွမယ္မထင္မိဘူး။ ဇာတ္လမ္းအက်ဥ္းေျပာဖို႔
မလိုေလာက္ေအာင္ ဇာတ္လမ္းက အရမ္း႐ိုးရွင္းတယ္။
ဒီဇာတ္လမ္း႐ိုး႐ိုးေလးကို မပ်င္းရေအာင္
႐ိုက္ျပသြားတဲ့ ဒါ႐ိုက္တာရဲ႕ အရည္အခ်င္းကိုလည္း
မခ်ီးက်ဴးဘဲထားလို႔မရဘူး။သူကလည္း
ခရစ္ယာန္ယုံၾကည္သူစစ္တစ္‌ေယာက္မဟုတ္ဘူး။
ဒါေပမယ့္ အခမ္းနားဆုံးျဖစ္သြားေအာင္႐ိုက္ခဲ့တယ္။
ဒါက သူ႔အႏုပညာအေပၚသူထားတဲ့ ေစတနာပဲ
ထင္တယ္။ ေအးေအးေဆးေဆးအခ်ိန္ရမွ
ၾကည့္ၿပီး အသံေတြကို စပီကာနဲ႔နားေထာင္ၿပီး
ၾကည့္ၾကည့္ဖို႔ေတာ့ အႀကံေပးခ်င္တယ္။
Arthouseဆန္တဲ့ ႐ုပ္ရွင္ႀကိဳက္တဲ့လ‌ူေတြအတြက္
အေတာ္ခံစားလို႔ေကာင္းမွာ မလြဲမေသပါပဲ။

Tree of Lifeဟာ 2011ရဲ႕ Top 10စာရင္း၀င္တဲ့အျပင္
BBCစစ္တမ္းမွာ Gratest American Filmလည္း
ျဖစ္ခဲ့တယ္။2000ခုႏွစ္ေနာက္ပိုင္း ခုႏွစ္ကားေျမာက္
အေကာင္းဆုံး႐ုပ္ရွင္အျဖစ္လည္း သတ္မွတ္ခံခဲ့ရတယ္
ေအာ္စကာ ဆန္ခါတင္သုံးခါ၀င္ခဲ့တယ္။ဒီေလာက္လွတဲ့
႐ုပ္ရွင္ ေအာ္စကာတစ္ဆုမွမရခဲ့တာေတာ့
‌ႏွေျမာစရာပါပဲ။

(ဒီဇာတ္ကားရဲ႕ အၫႊန္းနဲ႔ဘာသာျပန္ေရးသားေပးသူကေတာ့ WiRa Aung ပဲျဖစ္ပါတယ္။)

 

Quality –  1080p, 720p BluRay 5.1 CH

Duration – 2hr 19min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama, Fantasy

Source : 1080p. BluRay

Translator – WiRa Aung

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Director
Terrence Malick
Stars
Brad Pitt, Jessica Chastain, Sean Penn
Budget
USD $32 000 000,00
Revenue
USD $54 674 226,00
Popularity
13.464
Status
Released
ID IMDb.com
tt0478304
IMDB Rating
6.8
IMDB votes
166,102
ID Themoviedb.org
8967
TMDb Rating
6.7
TMDb votes
2178