Channel Myanmar

Report error

Izzy ဟာ ကလေးမွေးပြီးမကြာခင်မှာပဲ စစ်ဆရာဝန်အဖြစ် ရှေ့တန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

ခင်ပွန်းသည်နဲ့ အတိုက်အခံလုပ်ပြီး ရှေ့တန်းသို့ထွက်သွားပြီးနောက် ပြန်လာချိန်မှာတော့ Izzy အတွက် အိမ်သားတွေက ဖော်ရွေပေမယ့် ထူးဆန်းလို့နေပါတယ်။

ခင်ပွန်းသည် Ethan ဟာ ဟာဝိုင်ယီကတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုကိုလေ့လာရင်း သရဲ စုန်း မိစ္ဆာတွေကို စိတ်ဝင်စားလျက်ရှိပြီး

စန္ဒာရားတီးတာကို သဘောကျတဲ့သမီးအကြီးကလည်း အမူအရာတွေ ပြောင်းလဲနေပါတယ်။

သားငယ်ကလည်း ထူးဆန်းတဲ့အကာအကွယ်မန္တာန်တွေ ရွတ်ဆိုနေပြီး ထူးဆန်းတဲ့စကားတွေပြောကာ

Izzy ကိုယ်တိုင်လည်း အိမ်မှာ ခြောက်ခြားစရာတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ကြုံတွေ့နေခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေအားလုံး ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ ?

သူမရှိတဲ့အချိန်အတောအတွင်း မိသားစုဝင်တွေကြား ဘာတွေဖြစ်ခဲ့သလဲ ?

Izzy ကိုယ်တိုင်ရော ပရလောကပိုင်းဆုင်ရာ အန္တရာယ်တွေကြုံလာတဲ့အခါ ဖြေရှင်းနိုင်ပါ့မလား ?

စတာတွေကို ရင်တထိတ်ထိတ် နှလုံးတခုန်ခုန်နဲ့ စောင့်ကြည့်ရမယ့် Horror ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Unfamiliar 2020
The Unfamiliar 2020
The Unfamiliar 2020
The Unfamiliar 2020


No downloads available

Genres



Related movies