ထိုင်းသရဲ ကားတွေကြိုက်နှစ်သက်သူတွေအတွက် 2006
ခုနှစ်ကထွက်ရှိခဲ့တဲ့ The Unseeable ဆိုတဲ့ထိုင်းကားလေးနဲ့
တင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကတော့ 6.9 ဖြစ်ပါတယ်
ဇာတ်လမ်းကိုတော့ 1963 ခုနှစ်ဝန်းကျင်မှာတည်ထားခြင်းဖြစ်ပါတယ်
နီဂျန်ဆိုတဲ့ တောသူလေးတစ်ယောက်ဟာ ခွိုင်ဘူရီဆိုတဲ့တောဘက်ကနေ
သူ့ယောက်ကျားကိုရှာဖို့အတွက် မြို့ပေါ်ကိုတက်လာတယ်
သူ့မှာလည်းကိုယ်ဝန်အရင့်အမာနဲ့ပေါ့..ကံကောင်းချင်တော့
မြို့ရောက်တဲ့အခါမှာ ကူညီတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့
တွေ့ဆုံပြီး အိမ်ကြီးတစ်အိမ်မှာ တည်းခိုခွင့်ရလိုက်ပါတယ်
အဲ့အိမ်ကတော့ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့
အိမ်ကြီးပါပဲ..အိမ်ပိုင်ရှင်သခင်မလေးရှိမယ်
အခိုင်းအစေလေး ချော့ဘ် ရှိမယ်..ပြီးတော့ အဘွားကြီး
တစ်ယောက်ရှိမယ်..နောက်ထပ်အခိုင်းအစေမိန်းမတစ်ဦးရှိမယ်
နီဂျန်တစ်ယောက်မထင်မှတ်ပဲအိမ်ကြီးမှာသောင်တင်နေရင်း
ကလေးလေးပါ မွေးဖွားမိသွားတယ်..အဲ့နောက်မှာတော့
အိမ်ကြီးရဲ့အကြောင်းတွေကိုတစ တစ နဲ့ပိုပိုသိလာခဲ့ရပြီး
ထူးဆန်းတဲ့ဝိဥာဉ်တွေ အကြောင်း ပြီးတော့
အမှတ်မထင်ပဲဒီအိမ်ကြီးကိုရောက်ခဲ့ပေမယ့်
သူနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာတွေကို သိလိုက်ရချိန်မှာတော့….
ဆက်လက်ကြည့်ရှုခံစားပါ
Quality : DvdRip
Subtitles By Somonlian
Subtitle : Myanmar ( Hardsub )
Encoder : PhoeNiX
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။