Exit print mode Print Data A+ A- Undo all

The Villainess (2017)

An endless vengeance begins
The Villainess (2017)The Villainess (2017)

Synopsis:

The Villainess (2017)

IMDb – 6.7/10_____Rotten – 84%

အမျိူ းသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျို းမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျို းတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။

ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို
ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။

အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့စားရမှာဖြစ်ပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာတော့ ယခု ဇာတ်ကားဟာ ချီးမွှမ်းသံတွေ အပြည့်ရရှိထားတာကိုတွေ့ရပါတယ်။ယခုဇာတ်ကားအတွက် ယုံကြည်စရာတစ်ခုက တာဝန်ယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Byung-Gil ဆိုတာကလည်း Confession Of Murder တို့လို အက်ရှင်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့ဘူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတာရယ်ကြောင့် ထိုက်တန်တဲ့ဖျော်ဖြေမှု တွေ ရလောက်မယ်လို့ ယုံကြည်မိပါတယ်။

အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Ok-Vin ဆိုတာလည်း ကိုရီယားရုပ်ရှင်လောကမှာ နာမည်ရပြီးသား အမျို းသမီးသရုပ်ဆောင်တစ်ဦးဖြစ်သလို Thirst တို့လို The Front Line တို့လို (အဲဒီကားတွေထဲမှာလည်း ယခု ရုပ်ရှင်ထဲက ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Ha-Kyun နဲ့အတူ တွဲဖက်ညီညီ သရုပ်ဆောင်ဘူးခဲ့)ကားတွေမှာ သူမရဲ့ သရုပ်ဆောင်မှု ပါရမီကို ပရိသတ်တွေထံ မှတ်ကျောက်တင်ခဲ့ပြီးသားဖြစ်တာကြောင့် ဒီရုပ်ရှင်အတွက် သံသယဖြစ်ဖို့လိုမယ်မထင်ပါဘူး (ဒီကားမရိုက်ကူးခင်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် တိုက်ကွမ်ဒိုလို တိုက်ခိုက်ရေးပညာရပ်တွေကို လေ့ကျင့်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်)။ဟာသ ဒရမ်မာ အက်ရှင် စွယ်စုံကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့Shin Ha-Kyunလို သရုပ်ဆောင်ကောင်းတွေပါနေတဲ့ အတွက်ကြောင့်လည်း အရင်က အာရှရုပ်ရှင်သမိုင်းမှာ နာမည်တွင်ခဲ့တဲ့ ဂျက်မတို့လို သမိုင်းကြောင်းမျို း ကျန်ခဲ့မလားဆိုတာတော့ ပိတ်ကားထက်ပေါ်မှာ ကြည့်ရှု့ခံစားရုံမှာတစ်ပါး အခြားမရှိကြောင်းပါ။

(ဇာတ်လမ်းအညွန်းကိုတော့ ကိုညီလင်းအိမ်ရဲ. facebook Acc (https://www.facebook.com/aungphyo.hlaing.9) မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူ ကတော့ Little Twinlay ပါ )

အမျိုးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျိုးမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျိုးတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။





 

File Size : (800 MB)
Quality : 720p HDRip
Running Time : 2hr 9minutes
Format : Mp4
Genre : Action, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated By Little Twinlay
Encode By Thanhtike Zaw

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Aknyeo
Director
Jung Byung-gil
Stars
Jeong Hae-gyoon, Jo Eun-Ji, Kim Ok-bin, Kim Seo-hyung, Lee Seung-joo, Park Cheol-min, Shin Ha-kyun, Son Min-Ji, Sung Joon
Release Date
25 August 2017
Runtime
2h 9min
Awards
5 wins & 13 nominations
Country
South Korea
Popularity
0.851777
Status
Released
ID IMDb.com
tt6777338
IMDB Rating
6.7
IMDB votes
11,115
ID Themoviedb.org
437109
TMDb Rating
9
TMDb votes
3