Exit print mode Print Data A+ A- Undo all

The Way Home (2002)

Discover the magical movie that has captured the heart of a nation
The Way Home (2002)The Way Home (2002)

Synopsis:

The Way Home (2002)
IMDb – 7.8/10_____Rotten – 75%

 

 

” ပျင်းတိပျင်းခြောက်နဲ့ စိတ်ဝင်စာစရာကောင်းတယ့် အနုပညာဖန်တီးမှု “

ချစ်စရာ ၊နားရင်းအုပ်ချင် စရိုက်နှစ်ခုကို
သရုပ်ဆောင်ထားတယ့် ကလေးနဲ့ ပျင်းခြောက်
ခြောက်ဇာတ်လမ်းကို တန်ဖိုးတစ်ခုရှိ
အောင်ဖန်တီးခဲ့တယ့် ဒါရိုက်တာတို့ရိုက်ထားတယ့်ကားပါ။

တစ်ဇာတ်ကားက ဟိုအရင်ကထွက်ထားတယ့်ကားလေးကို ကြည့်စေချင်လို

့ေ ရွှးချယ်ထားပါတယ်။ ၂၀၀၂ ကထွက်ရှိထားခဲ့တယ့် ကိုရီယား
ဒရာမာ အမျိုးအစားကားလေးဖြစ်ပါတယ်။IMDb
Rating 7.9 နဲ့Rotten Tomatoes 75% ရှရှိထားပါတယ်။

Philadelphia Inquirer က Steavem Rea ကလဲ ၄ မှာ ၃.၅ပေးထားပါတယ်။

Rating ပိုင်းမှာတော်တော်မြင့်မြင့်တွေ
ရရှိထားပါတယ်။ တစ်ကားလုံး ၈၇ မိနစ်
ကြာပြီးတော့ ကိုရီယားနိုင်ငံရဲ့ အကောင်းဆုံးဇာတ်ကားတွေ ကို

ထုတ်လုပ်ပေးတက်တယ့် သမိုင်းရှိတဲ့ CJ Entertainment
ကထုတ်လုပ်ထားပါတယ်။ Box Office မှာ
ကန်ဒေါ်လာ ၂၄၀ ကျော်ရရှိထားခဲ့ပါတယ်။

ဒါရိုက်တာ Lee Jeong-hyang ရိုက်ကူးထားပြီး
Kim Eul-boon နဲ့ Yoo Seung-ho တို့သရုပ်ဆောင်ထားပါတယ်။

ဒီကလေးသရုပ်ဆောင်က
အခု နာမည်ကြီးကိုရီးယားမင်းသားဖြစ်နေပါပြီ။
တော်တော်များများလဲသိပါလိမ့်မယ်။
ဒီဇတ်ကားက ကိုရီးယား Oscar လို့ခေါ်တယ့်
Grand Bell Awards မှာ အကောင်းဆုံး
ရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံး
ရုပ်ရှင်ဇာတ်ညွှန်ဆုတွေ ရှရှိထားပါတယ်။
နောက်ထပ် ၂၂ ကြိမ်မြောက် ဟောင်ကောင်
ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု
ဇကာတင်စာရင်းဝင်နိုင်ခဲ့ပါတယ်ဒါပေမယ့် လဲ
အဲ့တုန်းက နာမည်ကြီး ဇတ်ကားဖြစ်တယ့်
My Sassy Girl ကရရှိသွားပါတယ်။ပြီးတော့
၂၀၀၂ ခုနှစ်မှာ ဒုတိယမြောက် ဝင်ငွေအရဆုံး
ကားပါ။

ဒီဇာတ်ကားကဘယ်လိုတွေသရုပ်ဆောင်ထားလို့ဒီလောက်

Ratingတွေ များပြီး ဆုတွေ နေတာလဲဆိုတော့

နာမည်ကြီးသရုပ်ဆောင် တစ်ယောက်မှမပါပါဘူး။
ပါဝင်တယ့် သရုပ်ဆောင်တွေ တောင်
နှစ်ယောက် တစ်ပိုင်း ပါ။ ကလေးလေး
တစ်ယောက်နဲ့အသက် ၇၀ ကျော်ရှိနေပြီး
ခေါင်းမွေးဖြူ ပါးရည်တွန့် ဝတ်ပုံစားပုံစုတ်ပြတ်
နေတယ့် အဘွားကြီး တစ်ယောက် တို့ဘဲ
အဓီကသရုပ်ဆောင်ထားတယ်။အဲ့ဒီအဘွားကြီး
ကဘဲ သရုပ်ဆောင်မဟုတ်ပါဘူး ဒီဇာတ်ကားမှာ
စပြီး သရုပ်ဆောင်ခိုင်းထားတာပါ။
အဓီကသရုပ်ဆောင်တယ်လို့
ပြောမှာထက်စာရင် တစ်ကားလုံးနီးပါသူတို့
နှစ်ယောက်ဘဲ သရုပ်ဆောင်ထားတာပါ။

နောက်ပြီး အကောင်းဆုံးဇာတ်ညွှန်းဆု ရထား
တယ်ဆိုတော့ ဘာတွေများပြောထားလဲ
ဆိုတော့ စကားပြော လဲသိပ်မပါပြန်ဘူး။နောက်
ပြီးဘာမှထွေထွေထူးထူးဇာတ်လမ်းမဟုတ်ပါဘူး။
လူအများစုအတွက်ပျင်းစရာကောင်းနေပါလိမ့်မယ်။

ရိုက်ကွင်းတွေ ကခမ်းနားပြီး အရမ်း
မိုက်မယ် လို့လဲ မထင်ပါနဲ့ ကချင်တို့ဘာလို့

လိုခေါင်တယ့်တောင်ပေါ်ဒေသလို နေရာမျိုးနဲ့တူပါတယ် ။

ဒီဇာတ်ကားထဲမှာ နောက်ခံတေးဂီ
တနဲ့ သဘာဝဆန်မှုတွေက တကယ့်
အသက်ပါဘဲ။ ကျွန်တော်ဆိုအသံကိုကြီးဘဲ တစ်
ခေါက်ကြည့်ပါတယ် ။ ဆိုလိုတာက အသံကြီးဘဲ
နားထောင်တာပါ။ ဒီဇာတ်လမ်းထဲမှာ သဘာဝ
ကိုရီးယားကိုတွေ့ရပါလိမ့်မယ်။ ကိုရီးယားတွေ
အရင်ကကျေးလက်မှာနေထိုင်မှုပုံစံ ၊ ဝတ်စား
ဆင်ယင်မှု ၊ ရုပ်ရည်အစရှိတာတွေကို အကြမ်း
အားဖြင့်တွေ့ရပါတယ်။ထွေထွေထူးထူးရိုက်ကူး
ထားတယ့်ပုံမပေါ်ဘဲ ရိုးရိုးရှင်းရှင်းလေး
ကင်မရာ ရိုက်ကွက်တွေက ကိုယ့်ရပ်ကွက်ထဲ
ကအဖြစ်အပျက်တစ်ခုအလား ရင်းရင်းနှီးနှီးရှိ
စေပါတယ်။

ကဲဒါဆိုဘာတွေ များဒီလောက် တောင် Rating
တွေမြင့်နေရတာလဲ အဖြေကတော့
“သံယောဇဉ်ဆိုတာ ဒီမှာဟေ့ သန့်စင်တယ့်ချစ်ခြင်းမေတ္တာဆိုတာ

မသိရင် ကြည့်ထားဆိုပြီး”
ပြောရလောက်အောင် ဖော်ပြပေးနိုင်လို့ပါ။
ဘာတွေများဒီလောက်လေကြီးလေကျယ်ပြော
နေလဲ ဆိုတာကြည့်ပြီးရင်သဘောပေါက်သွားပါလိမ့်မယ်။

ကိုရီးယားကား တွေမှာကလေး
သရုပ်ဆောင်တွေ မျက်နှာပါရင်ပြီးရော ထည့်
ရိုက်ထားတာမဟုတ်တာကိုတော့
လေးစားစရာပါ။

ဇာတ်လမ်းပိုင်းမှာ မြို့မှာ နေထိုင်စားသောက်ရ
တာခက်ခဲလို့အမေက အဖွားရှိတယ့် တောကို

၁၀ နှစ်အရွှယ်ကောင်လေးကိုလာပို့ထား
လိုက်ပါတယ်။
ဒီကားထဲမှာ အဘွားကြီးဇာတ်ကောင်က
အဖွားကလဲ စကားမပြောတက် ဒါပေမယ့် ကြား
တော့နည်းနည်းကြားပါတယ်။ ကောင်လေး
ဇာတ်ကောင်က မြို့သားလေးတွေ
ထုံစံအတိုင်း ကြီးကျယ်ပြီး သောက်မြင်ကတ်စရာ
×င်ခေါင်းစတား လေးပေါ့။
အဲ့ဒီ မြေးအဘွားနှစ်ယောက်ကြားက ဆက်ဆံရေးတွေကို

အသက်သွင်းထားပုံက ကြည့်စရာ
ထူးထူးခြားခြားမရှိပေမယ့် ဂရုဏဒေါသ ၊
ကြည်နှုးစရာခံစားချက် ၊ တစ်ခန်းတစ်လေ ကိုယ်
တောင်မသိလိုက်ဘဲ အလိုလိုပြုံးသွားစေပြီး၊
တစ်ချို့ဇာတ်ကွက်တွေဆို ငါနဲ့ဘာမှမဆိုင်ဘဲ
ဘာလို့ ငိုချင်လာတာလဲ ဆိုပြီး ခံစားမှု ရသလေး
တွေပေးနိုင်ပါတယ်။

ကောင်းလေးဘက်ကဆိုလဲ
မှန်ပါတယ် တစ်ခါမှမတွေ့ဖူးတယ့်အဘွား
ရောက်လာတော့ နေစရာက စုတ်ချာ ၊ မြို့လိုမဟုတ် ၊

ဘေးဘီကြည့်လိုက်တော့ အားလုံး
အစိမ်းရောင်တောကြီး နဲ့ ခြောက်ကပ်ကပ်
မြေကြီးဘဲ ရှိတယ်။သူမလာချင်ဘဲ လာခဲ့ရတယ့်
နေရာကြီး ၊မြို့မှာနေလာခဲ့ပြီး ကလေးဆိုတော့ တစ်မျိုးဖြစ်နေတာပေါ့။

 

 

အဖွားကြီးက စကားလဲ မပြောတက် ၊ နေတာလဲ အရင်ခေတ်က
အသက်ကြီးသူဖြစ်တယ့်အပြင် တောမှာကကိုကြိုက်သလိုနေကြတော့ ကောင်လေးက
ရွံတယ်အစပိုင်းမှာ။
နောက်ပိုင်း ကြာလာတာနဲ့အမျှဇာတ်လမ်းပိုင်း
ကိုမသိမသာဇာတ်ရှိန်ကိုမြင့်သွားတယ်။ အဘွား
တစ်ယောက်ရဲ့ အချစ် သံယောဇဉ်၊ အပြစ်မယူ
မှုတွေ နဲ့ ချစ်စရာကောင်းတယ့် ကလေးတစ်ယောက်ရဲ့

မသိနားလည်တယ့် အပြုမှုတွေ ကို
တွေ့ရပါတယ်၊ ချစ်စရာကောင်းပေမယ့် တစ်ချိန်
တည်းမှာ ဆံပင်ကိုဆွဲ နားရင်းကိုဖြတ်ရိုက်ပြီးကိုင်ပေါက်ချင်စရာ

လဲကောင်းတဲ့ခံစားချက်ကရပါတယ်။ ကလေးစိတ်အတိုင်း ကောင်းတာစားချင် လှတာလိုချင် ပြီး
ကျန်တာဘာမှမသိတယ့် သဘာဝကို သရုပ်ဖော်
ထားပါသေးတယ်။ အဲ့လိုနေလာရင်းနဲ့
စစ်မှန်တယ့် မေတ္တာ တရားကို နားလည်စပြု
လာပြီး သံယောဇဉ်စဖြစ်လာတယ့် အခန်း
တွေမှာဆို “အခုမှ သိရလားစောင်သလေး”
” သနားစရာလေး ” “လိမ္မာလိုက်တာ “လို့အမျိုး
မျိုးသောမှတ်ချက်တွေ ပေးအောင်လုပ်ထားနိုင်
ပါတယ်။

ကောင်လေးက အစပိုင်းမှာ
သူယူလာတယ့်ဂိမ်းစက်လေး ဓာတ်ခဲကုန်သွားတော့ ဝယ်ဖို့ပိုက်ဆံတောင်းတယ်

ဘာမှမသိတယ့် အဘွားမှာဘယ်ကပိုက်ဆံရှိမှာလဲ ။
အဲ့တော့ သူဘာသာရှာကျန်ပြီး တွေ့တာယူပြီး
ဘတ်တရီ ကိုသွားဝယ် အဝေးကြီးထိရောက်
အောင်သွားဝယ်ပြီး မရခဲ့ဘဲပြန်လာ တော့ လမ်း
ပျောက်ပြီး ငိုနေတာလား ညောင်းလို့လား
ကြောက်လို့လား မသိဘူး အဲ့ဒီအခန်း ဆို
အော် ကလေးရယ်ဖြစ်ရလေ လို့တောင်ပြောမိပါတယ် ။ ပြီးတော့ ကလေးဆိုတာ

သစ်သားအရိုင်းတုံးလေးဘဲ သူတို့ က နေထိုင်ရာရောက်ရှိ
ရာပတ်ဝန်းကျင်ကိုလိုက်ပြီး မင်းသားရုပ်ဖြစ်သွား
နိုင်သလို လူတွေကို စိတ်ထဲမကောင်းတယ့်
ခံစားချက်ပေးနိုင်တယ့် ဘီလူးရုပ် တို့ကိုပြောင်း
သွားစေနိုင်တယ်ဆိုတာကိုသတိရစေမိပါတယ်။

နောက်သူတို့နေ
ရာမှာ ဘယ်လိုမှဝယ်လို မရခဲ့ပါဘူး။ နောက်တော့

သူ KFC ကြက်ကြော်စားချင်တာအဖွားကိုပြောတော့

အဖွားကြီး က ကတွတ် ကတွတ် နဲ့ကြက်ကောင်လုံးပြုတ်ဘဲလုပ်ပေးတက်တော့

စိတ်ဆိုးပြီး အိပ်သွားတယ်။
ကောင်လေးနိုးလာတော့ အဘွားကြီး က မလုပ်
မယှက်အိပ်နေတာကိုကောင်က မသိမသာကြည့်
နေပြီး နောက် သူ့စိတ်ထဲမှာ မသကာၤဖြစ်လာလို့ထင်တယ်

အဘွားကြီး ရင်ဘက်ကို နား
ထောင်ကြည့်တယ်
နောက်မှမလှုပ်တာတာတွေ့ပြီး နေမကောင်းတာ
သိတော့ သူ့စောင်လေးကို ယူပြီး ခြုံပေး၊

သူမစားခဲ့တဲ့ ကြက်သားကိုသူ့ဘာသာပြင်ဆင်
ပေးနေတာလဲ တာလေးက ကြည့်မိပြန်တော့လဲ
ကိုင်ပေါက်မိတာတောင်းပန်ပါတယ်လို့ ပြောရမလိုဘဲ။

တကယ် ကြည့်နူးစေပါတယ်။
နောက်ခံစားချက်နက်နက်လေးပေးနိုင်တဲ့
ခန်းကမြေးအဘွားနှစ်ယောက် စိုက်ထားတဲ့
မဖြစ်ဆလောက် အသီးနှံလေးတစ်လုံးနှစ်လုံးကို
ဈေးသွားရောင်ကြပြီး အဘွားက သူ့မြေးစားချင်
တာ ဝတ်ချင်တာလေးတွေ မရှိတဲ့ ပိုက်ဆံက ဝယ်ကျွေးပြီး

သူကတော့ရေဘဲ သောက်ပါတယ်။
ပိုက်ဆံရှင်းတော့ ၂၀၀၀ ကျပါတယ်လို့ပြောတော့

ပိုက်ဆံကိုကျစ်နေအောင်ကိုင်ထားတဲ့ အထဲကို ဆိုင်ရှင်ကိုလက်ဖြန့်ပေးလိုက်တော့

ကောင်လေးကြည့်လိုက်တဲ့ အကြည့်က

အဓိပ္ပယ်များစွာပါနေပြီး ကြည့်ရတဲ့ သူတွေ
ရင်ဘက်ထဲကို အလေးတုံးနဲ့ဆွဲထားသလို
လေးလံသွားစေပြီး “အော်ကလေးရယ်”
လို့ ပြောရလောက်စေတဲ့ အကြည့်ပါ။
ကောင်လေး သူ ကြိုက်နေတဲ့
ကောင်မလေးနဲ့သွားကစားဖို့အရုပ်တွေ ထုပ်နေတဲ့ အချိန် အဖွားကြီးက စက္ကူလေးကိုခေါ်
ပေးနေတော့ ကောင်လေးက ကြောင်တောင်တောင်တွေလာ လုပ်နေတယ်လို့ထင်လိုက်သေးတယ် ၊

ဘာပါလဲဆိုပြီး ဖြန့်ကြည့်တော့ ပိုက်ဆံလေးနှစ်ရွှက်ထွက်လာတာတွေ့တော့

ကောင်လေး ခံစားသွားရပြီး မေတ္တာကိုနားလည်သွားတဲ့ အကြည့် ၊

မျက်နှာအမှုရာတွေ နောက်လမ်းရောက်တော့ ကမြင်း
ကျောထတာ တောင်ကုန်းပေါ်ကလိမ့်က ဒဏ်ရာတွေရ ၊

အဲ့ဒီအချိန်မှာဘဲ နွားရိုင်းလိုက်လို့လွတ်အောင်ပြေးပြီး အကွဲကွဲအပြဲနဲ့
ငိုယိုပြီး အိမ်ကို အရုပ်ထုပ်ဆွဲပြီး ပြန်လာတဲ့
အချိန် အဖွားကြီးကသူ့မြေးလေး အိမ်ပြန်ရောက်
မလာတာစိတ်ပှုပြီး လာကြိုတဲ့အချိန် ကောင်
လေးပြန် နဲ့တွေ့တဲ့အခန်းက
တကယ်ဖြစ်နေတာမဟုတ်ပါဘူး ငါရုပ်ရှင်ကြည့်နေတာပါနော်ဆို ပြီးမျက်လုံး ကို ၄ ၊

၅ ချက်လောက်ပုန်ခက် ပုတ်ပုက်လုပ်ပြီး လက်နဲ့ပွတ်သွားစေနိုင်ပါတယ်။

 

 

နောက်သူအိမ်ပြန်လာတော့ အဘွားကြီးက
မြို့ကသူ့အမေပို့လိုက်တဲ့ စာကိုပေးလိုက်
ပြီးအချိန်ကစပြီး ကောင်းလေ သူ့အဘွားကို
စာစသင်ပါတယ် သူ သင်ပေးတဲ့ စကားကလဲ
သတိရတယ် ၊ နေမကောင်းဘူး ဆို
တဲ့နှစ်လုံးပါဘဲ ။ဒီနှစ်လုံးလေးက ဘာများထူး
ခြားသွားမှာလဲလို့ထင်စရာရှိပါတယ်။
ဒါပေမယ့်လေ တစ်ခါတစ်လေမှာ တစ်ချို့သော
သူတွေအတွက် စကား တစ်လုံးက
လန်ဘော်ဂီးနီး တစ်စီးထက်ပိုအသုံးဝင် တန်ဖိုးရှိစေပါတယ်။
အဘွားကြီး ကစကားတောင်မပြောတက်တာ
စာဆို ဝေးပေါ့။ အဲ့တော့ ကောင်းလေးပြောလိုက်
တာက “နေမကောင်းဘူးလို့ဆိုရင်
သားဆီကိုဘာမှမရေးထားတဲ့ စာသာပို့လိုက် သားချက်ချင်းလာခဲ့ပါမယ်နော်တဲ့

” ရင်ထဲကိုထိစေတဲ့စကားလေးပါဘဲ။
သူမသွားခင်လေး အဘွားကြီးက
အပ်ချုပ်တက်တော့ သူ အပ်တွေ ကိုအများကြီး
မအိပ်ဘဲ ကြိုးထိုးပေးခဲ့ပါတယ်။ သူ့အမေလာ
ခေါ်ပြီး မြို့ပြန်ဖို့ ကားစောင့်နေတော့ အဘွား
ကြီးကိုကောင်လေးဘာစကာမှမပြောပါဘူး
နောက်ကားလာလို့ကားပေါ်မတက်ခင်
သူ ကစားနေကြ အရုပ်လေးရဲ့ပုံကိုပေးလိုက်ပါ
တယ်။ နောက်ကားပေါ်မှာထိုင်နေတော့ အဘွားကြီးက

ပြတင်းပေါက်မှာမှန်လာခေါက်
တာကောင်လေးလုံးဝလှည့်မကြည့်ဘဲ ကားထွက်တော့

ကားနောက်ဘက်ကိုပြေးပြီး
ရင်ဘက်ကို လက်လေးနဲ့ ပွတ်ပြပြီး ငိုနေတယ့်အခန်းက

အမေသလို့ ငိုချင်တဲ့ ခံစားချက်လဲ
မဟုတ် ၂ နှစ်လောက်ချစ်ရေးဆိုလာပြီး ငြင်း
ခံလိုက်ရတဲ့ခံစားချက်လဲ မဟုတ်ဘဲ
ငါ့မျက်လုံးမှာဘာလု့ိမျက်ရည်ထွက်လာတာလဲ
ဆိုပြီး ခေါင်းကို နှစ်ချက်သုံးချက်လောက် အပေါ်
မော့ပြီး ဟာ… ငါဘာတွေဖြစ်နေတာလဲဆိုပြီး
ဖြစ်သွားစေပါလိမ့်မယ်။
တစ်ချို့ဆို အဲ့ဒီအချိန်မျက်ရည်ပါကျပါတယ်။
နောက်အဖွားကြီး ကောင်းလေးတို့ကို ကားဂိတ်ပြန် ပို့ပြီး

သူ့ အိမ်ပြန်သွားတဲ့ အခန်းကို
ရိုက်ပြတာ နောက်ခံဇာတ်ဝင်တေး က ဖန်တီး
ထားတဲ့ အသံနဲ့ အဖွားကြီးတောင်ဝှေးကိုအား
ပြုပြီး ပြန်သွားတဲ့ အခန်းကို ကြည့်ရင်း
“အော်….. “ဆိုပြီး အဓိပ္ပယ်အမျိုးမျိုး သက်
ရောက်စေနိုင်တဲ့ စကားတစ်လုံးပဲ ပြောနိုင်
ပါတယ်။

ဒီဇာတ်ကားထဲမှာ အလေးစားဆုံးက တော့
ဒီလို အညတရ သူရဲကောင်း တွေရဲ့အခန်းကဏ္ဍ
ကို သဘာဆန်ဆန် အဖြစ်အပျက်တစ်ခုကိုမြင်
နေရတာလား ထင်ရအောင်စွမ်းအောင်ပေး
နိုင်တဲ့ ဒါရိုက်တာ ကြီး နဲ့ ချစ်စရာ ၊

သနားစရာ ကောင်းသလို နားရင်ကို ပိတ်အုပ်ချင်စရာ
ကောင်းတဲ့ ကောင်လေးပါပဲ ။

ဒီဇတ်ကားလေးက စကားပြောတာသိပ်မသုံးထားဘဲ

Documentary ဆန်ဆန်လေးပါပဲ။မြေးအဘွားတွေကြားက သံယောဇဉ်ကို
ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြနိုင်ပါတယ်။
ဒီကားလေးကိုကြည့်ပြီး အဘိုးအဘွားတွေနဲ့
ကြီးပြင်းခဲ့ရတဲ့သူတွေ ငယ်ဘဝကိုတစ်ချက်
လောက်သတိရ ပြီး “အဘွားရေ” “အဘိုးရေ” လို့ပြန်ပြီး

တစ်ခွန်းလောက်ယမ်းယောင်ကာ
ပြောနိုင်ကြပါစေ။

ကျွန်တော် HLK ပါ။

 

 

 

Size – 755 MB

Format – mp4

Qty – 720p Bluray Rip

Duration – 1hr 20min

Gern – Drama

Translator – Htet Linn Kyaw

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Jibeuro
Director
Lee Jeong-hyang
Stars
Dong Hyo-hee, Eul-boon Kim, Eun-kyung Yim, Hyo-hee Dong, Kim Eul-boon, Kyung-hyun Min, Min Kyung-Hyun, Yim Eun-kyung, Yoo Seung-Ho
Release Date
5 April 2002 (South Korea)
Rated
PG
Runtime
1h 20min
Awards
11 wins & 4 nominations.
Country
South Korea
Budget
USD $2 000 000,00
Popularity
4.064
Status
Released
ID IMDb.com
tt0312841
IMDB Rating
7.8
IMDB votes
4,909
ID Themoviedb.org
33251
TMDb Rating
7.3
TMDb votes
61