Exit print mode Print Data A+ A- Undo all

The Winners 2020

The Winners 2020The Winners 2020

Synopsis:

Winner 2020

အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။

Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။

အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။

အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက…. ဓားပြ။

ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး အလေးအနက်မထားကြဘူး။ ယန်ဂျင်သူငယ်ချင်းတွေဆို အလုပ်စောစောဆင်းရတော့မယ်ဆိုပြီး ပျော်နေကြ။

သူတို့မေ့နေတာက…… ယန်ဂျင်က ဘယ်လိုလူစားမျိုးလဲဆိုတာပင်။

ဘယ်အရာမဆို အလေးအနက်ထားလုပ်တတ်တဲ့ ယန်ဂျင်တစ်ယောက်…. စစ်ရေးလေ့ကျင့်မှုမှာ ဘယ်လိုတွေ ကမောက်ကမတွေဖြစ်လဲဆိုတာ…..ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ တကယ် ရယ်ရတာဆိုတာ ဘာသာပြန်နေရင်း ရယ်နေမိလို့ တော်တော်နဲ့မပြီးဘူး…….

ရယ်စရာကောင်းပြီး ပေါတောတော ကားကြီးလားလို့ မေးရင်တော့မှားသွားပြီ…. နောက်ဆုံးပိုင်းကျမှ တကယ် ‘အော်အဲ့လိုကိုး’ ဆ်ိုပြီးဖြစ်သွားရတဲ့အထိပါပဲ။

ကိုတိကျကြီးယန်ဂျင်ရဲ့… ရဲတွေကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ ကြည့်လိုက်ကြပါစို့လား

Translator -Sai Wai Naing

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Release Date
20 Mar 2020
Rated
N/A
Runtime
96Mins
Country
China
Popularity
1.171
Status
Released
ID IMDb.com
tt11563836
IMDB Rating
6.5
ID Themoviedb.org
671556
TMDb Rating
7.5
TMDb votes
2