Exit print mode Print Data A+ A- Undo all

The Wolves (2019)

The Wolves (2019)The Wolves (2019)

Synopsis:

ဒီဇာတ်ကားလေးကတော့ 2019 မှာ

ထွက်ရှိထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။

လူစီယာဟာ မက္ကစီကန်နိုင်ငံမှ အမေရိကန်ကိုပြောင်းလာခဲ့တဲ့

မိခင်တစ်ဦးဖြစ်ပြီး သူမမှာ မက်စ်နဲ့လီယိုလို့ခေါ်တဲ့ ၆နှစ်နဲ့ ၈နှစ်အရွယ်ကလေးငယ် (၂) ဦးရှိပါတယ်။

အခြားသောထောင်သောင်းချီတဲ့ ရွေ့ပြောင်းနေထိုင်သူတွေလိုပဲ သူမဟာလည်း

သူမရဲ့ဘ၀အတွက်၊ သူမရဲ့သားငယ်လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်

စတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ နဲ့ပါ။ သူမရဲ့ရုန်းကန်လှုပ်ရှားရမှု၊ ကလေးငယ်နှစ်ဦးရဲ့ နေ့စဉ်ဘ၀၊

အိမ်နီးချင်းများ၊ သူမတို့ရဲ့နောက်ခံဇာတ်လမ်းဇာတ်ကြောင်းများ၊

အိမ်နီးချင်းများတွေရဲ့ နောက်ခံများ၊ မိခင်တစ်ဦး၊ ကလေးငယ်များ၊ ရွေ့ပြောင်းနေထိုင်သူများ

စတာတွေကို ဒါရိုက်တာ Samuel Kishi ရဲ့ လက်ရာမှာ ဘယ်လိုမျိုးထူးခြားကောင်းမွန်ပြီး

သမားရိုးကျ ပျင်းစရာ ဖြစ်နေတာမျိုး လည်းမဟုတ်သလို နားလည်သဘောပေါက်ဖို့

ခက်ခဲအောင်ဆန်းပြားနေတာမျိုးလည်းမဟုတ်တဲ့ အတွက် ရုပ်ရှင်ချစ်သူတွေအနေနဲ့

ဒီဇာတ်ကားလေးကို တစ်ကြိမ်လောက်များ မြည်းစမ်းကြည့်မယ်ဆိုရင်

အရှုံးမရှိနိုင်ဘူး လို့ပဲ ထောက်ခံပြောပါရစေခင်ဗျာ။

ရုပ်ရှင်ရဲ့ကောင်းမွန်မှုနဲ့ အညီ IMDB Ratingကလည်း ထိုက်တန်စွာ 6.7 ထိရရှိထားပြီး

နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေက ခင်ဗျားဟာ

12 Angry Men, Forrest Gump, Leon, American History X, The Florida Project ဆိုတဲ့

ရုပ်ရှင်တွေကို ကြိုက်ရင် ဒီရုပ်ရှင်ကိုလည်း ကြိုက်နှစ်သက်မိမှာ သေချာပါတယ်ဆိုတဲ့

ညွှန်းဆိုမှုတွေကို ရရှိထားပါတယ်။

သွေးသံရဲရဲများ အနိဌာရုံအခန်းများ၊ အရွယ်ရောက်ပြီးလူများသာ

ကြည့်ရှုဖို့သင့်လျှော်တဲ့အခန်းများ ပါဝင်ခြင်းမရှိတဲ့အတွက်

မိသားစုနဲ့အတူတကွ ကြည့်ရှုဖို့ သင့်လျှော်တဲ့ ရုပ်ရှင်တစ်ကားလည်းပဲ ဖြစ်ပါတယ်။

 

 

File Size – 1gb

Quality – web-dl 1080p

Subtitle – burmese

Translator – RL

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Los lobos
Director
Samuel Kishi
Stars
Celine R. Lopez, Cici Lau, Leonardo Nájar Márquez, Martha Reyes Arias, Maximiliano Nájar Márquez, Robert Louder
Release Date
15 October 2019 (South Korea)
Rated
PG-13
Runtime
1h 35min
Awards
6 wins & 5 nominations
Country
Spain
Popularity
40.012
Status
Released
ID IMDb.com
tt9057808
IMDB Rating
7.8
IMDB votes
321,741
ID Themoviedb.org
586351
TMDb Rating
7.3
TMDb votes
25