Exit print mode Print Data A+ A- Undo all

Thi-Baan x BNK48 (2020)

Thi-Baan x BNK48 (2020)Thi-Baan x BNK48 (2020)

Synopsis:

Thibaan x BNK48 (2020)

ဒီတစ်​ခေါက်မှာ​တော့ စိတ်အပန်း​​ဖြေရင်း မျက်စိပ​သာဒ ဖြစ်စရာ
ထိုင်း Fancy ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​​ပေးလိုက်ပါတယ်၊

​ဒီဇာတ်လမ်းက ထူးခြားစွာပဲ ဟာသဇာတ်လမ်းတွဲ​​တွေနဲ့ ထိုင်းနိုင်ငံမှာနာမည်တစ်လုံးရှိတဲ့ Thibaanအဖွဲ့နဲ့
၂၀၁၇ ခုနှစ်ထဲက စတင်ဖွဲ့စည်းထားတဲ့Pop idol အဖွဲ့ BNK48တို့ collabလုပ်ပြီး ရိုက်ကူးထားတာဖြစ်လို့
Thibaanအဖွဲ့ရဲ့ အတည်​ပေါက်ဟာသ​တွေနဲ့ အပြင်က တကယ့်Idol girl​လေးများရဲ့အလှနဲ့ သရုပ်​ဆောင်ပညာကို
တပါတည်းကြည့်ရှုခံစားရင်း ဘဝအ​မော​တွေ​ပြေ​စေမှာပါ၊

နာမည်ရIdolအဖွဲ့ဖြစ်တဲ့ BNK48အဖွဲ့​အ​နေနဲ့ လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​​အောင်မြင်​နေတဲ့ အဆို​တော်အဖွဲ့ဖြစ်​ပေမဲ့
အမြဲ​ပြောင်းလဲ​နေတဲ့ ဂီတ​ရေစီး​ကြောင်းထဲမှာ ဆန်းသစ်မှု မရှိလို့ ​ခေတ်​နောက်ကျကျန်ခဲ့မှာကို စိုးရိမ်​နေတဲ့အချိန်…
ထိုင်းအ​ရှေ့ပိုင်း အီဆန်နယ်​တေးဂီတ​တွေနဲ့ နာမည်ရလာတဲ့ Music producer ကောင်​ဟွေလိုင်ကို မျက်စိကျပြီး
BNK အဖွဲ့အတွက် အီဆန်သီချင်းတစ်ပုဒ်​စာ အပ်လိုက်ပါတယ်၊
Producer ​”ကောင်” အ​နေနဲ့ နေမထိ​ရေမထိIdol​လေး​တွေကို
ကိုယ်သီဆိုရမယ့် အီဆန်သီချင်းရဲ့ အနှစ်သာရ၊
အီဆန်နယ်ရဲ့ ဓ​လေ့စရိုက်ကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆိုပြီး
အီဆန်နယ်၊ ဆီစကတ်မြို့ကို ​ခေါ်သွားခဲ့ပါတယ်

မြို့ကြီးပြကြီးမှာပဲ ​နေလာခဲ့တဲ့ နုနုရွရွIdol​လေး​တွေနဲ့
​ကျေးလက်က ရိုးသားပွင့်လင်းတဲ့ ​ဒေသခံ​တွေနဲ့အ​တွေ့၊
တကယ့်​ကျေးလက် ဓ​လေ့စရိုက်ကို ကိုယ်တိုင်အ​​တွေ့မှာ
Idol​လေး​တွေအ​နေနဲ့ Producer​ ကောင်နဲ့ ပူး​ပေါင်းပြီး
အီဆန်သီချင်းတစ်ပုဒ်ကို ​​အောင်မြင်စွာဖန်တီးနိုင်ပါ့မလား၊
ဘယ်လိုအခက်အခဲ​ပေါင်းများစွာနဲ့ ရင်ဆိုင်ရမလဲ၊
သူတို့ရဲ့သီချင်းကရော ပရိသတ်​အား​ပေးမှုရမလား စသဖြင့်
​ရယ်​မောစရာ ​ပျော်စရာ၊ ဝမ်းနည်းစရာ ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်၊

Idol​​တွေ တကယ်လှတာ​တော့ ​ပြောမယုံ ကြုံမှသိပါလိမ့်မယ်၊
ကိုယ်တိုင်ကြည့်ရှုခံစားရင်း ဘဝအ​မော​တွေက​နေ ​ခဏတာရုန်းထွက်လိုက်ပါ

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre…..Music
Quality….WEB-DL 1080p and 720p
File size… 1.8GB and 1GB and 305MB
Format…mp4
Duration….2h 8min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
0.697
Status
Released
ID IMDb.com
tt12222324
ID Themoviedb.org
628012
TMDb Rating
6.5
TMDb votes
2