Exit print mode Print Data A+ A- Undo all

Three Billboards Outside Ebbing, Missouri (2017)

Three Billboards Outside Ebbing, Missouri (2017)Three Billboards Outside Ebbing, Missouri (2017)

Synopsis:

Three Billboards Outside Ebbing, Missouri (2017)

 

IMDb – 8.2/10________Rotten – 90%

 

Won 2 Oscars. Another 130 wins & 226 nominations


လက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျိုးတွေပေါ့။

ဗီဇအမျိုးမျိုးနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ လျော့ပါးသွားမည်ဟု ယူဆမိပါတယ်။

ယခုရုပ်ရှင်ဟာလည်း အထက်ကပြောပြခဲ့တဲ့ လူအဖွဲ့အစည်းယိုပေါက်မှုကပေးတဲ့ ဘေးထွက်ဆိုးကျို းတွေကို ရှောင်လွှဲခွင့် မရနိုင်ခဲ့တဲ့ မိသားစုတစ်ခုနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းထဲက လူအချို့တွေရဲ့ ပဋိပက္ခကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားသာ ဖြစ်ပါတယ်။ပြောရရင် တကယ့်ရုပ်ရှင်ထဲက စုံထောက်ကျော်တွေ ။ထူးချွန်ထက်မြက်တဲ့ ဇာတ်ကောင်တွေမပါတဲ့ လူတွေရဲ့ နာကျင်ရတဲ့ သောကဆိုးတွေအပေါ် သရော်တော်တော်အမြင်ကို သဘာဝကျကျ တင်ပြထားခြင်းလို့သာ မြင်မိပါတယ်။

Ebbingမြို့ကလေးဘေးက လစ်လပ်နေတဲ့ ဆိုင်းဘုတ်သုံးခုကို မိန်းမကြီးတစ်ယောက်က ငှားရမ်းပြီး စာတမ်းသုံးခုကို ရေးချိတ်ခဲ့တယ်။စာကြောင်းသုံးကြောင်းက ဘာမှတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ခုနှစ်လလောက်က မုဒိန်းကျင့်ပြီးသတ်ဖြတ်ခံရတဲ့ သမီးငယ်လေးရဲ့အမှု ကို ပေါ်ပေါက်အောင် ဖော်ထုတ်မပေးနိုင်တဲ့ ရဲအဖွဲ့တွေအပေါ် မေးခွန်းထုတ်လိုက်တဲ့ စကားတွေသာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားသုံးခုဟာ တိတ်ဆိတ်နေတဲ့မြို့ကလေးထဲကလူတွေဆီကို ဆူညံစွာနဲ့ ခေါင်းလောင်းတီးနိုင်ခဲ့တယ်။

“Raped while dying ” ။”And still No arrests? “How Come, Chief Willoughby?” ဆိုတဲ့ စကားသုံးခုဟာ ထိတ်လန့်ချောက်ခြားဖွယ်ရာ အဖြစ်သနစ်နဲ့ အသုံးမကျတဲ့ဥပဒေအဖွဲ့အစည်းကို လက်ညှို းငေါက်ငေါက်ထိုး၍ မေးလိုက်သလို ပေါ်လွင်လွန်းလှတယ်။ကိုယ်ပတ်ဝန်းကျင်မှာသာ ဖြစ်ပွားတာမဟုတ်ခဲ့ရင် တုံဏှိဘာဝေသာ ရှိလှတဲ့ လူအများစုအနေနဲ့ ဒီဆိုင်းဘုတ်က စာတွေကို ဖတ်မိလိုက်တိုင်း တစ်စုံတစ်ရာအတွက် စိတ်ခံစားအချို့ကို သက်ရောက်ကူးစက်သွားမှာအမှန်ပေါ့။

သူမမေးခွန်းထုတ်တဲ့ ရဲအရာရှိဆိုသူက ဒီမြို့ငယ်ကလေးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ့ခံစားနေရတဲ့ သောကတွေကို တကယ်ပဲ သက်ဆိုင်ရာ ဥပဒေဌာနတွေက ကူညီဖြေရှင်းမပေးနိုင်တော့တာ သေချာလို့လား။ယင်းသို့မဟုတ်ရင်လည်း ဒီရဲဌာနက လူတွေကပဲ ဖြေရှင်းလိုစိတ် မရှိကြတာလား။

လူပျို ပေါက်သားတစ်ယောက်နဲ့ လက်လွတ်ဆုံးရှုံ းလိုက်ရပြီဖြစ်တဲ့ ဆယ်ကျော်သက်သမီးငယ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်ကြီးမှာတော့ ခုလိုကာလမျို းမှာ ဘယ်သူကိုမှ အမြင်မကြည်မလင် ဖြစ်နေမှာ သေချာပါတယ်။အဓိကကတော့ ဘာမှအသုံးမကျဘူးလို့ သတ်မှတ်ထားတဲ့ ရဲစခန်းအစုတ်ပလုတ်ကိုပေါ့။

ဒီလိုနဲ့ မြို့ငယ်လေးဟာ ကျန်ရစ်ခဲ့ရသူတွေရဲ့သောကတွေနဲ့ တစ်ဖြည်းဖြည်းပြည့်အင့်ခြောက်ကပ်လာတယ်။ဆိုင်းဘုတ်ကြီးသုံးခုကတော့ လမ်းမပေါ်ကနေ ဖြတ်သန်းသွားသမျှလူတွေကို ရေရွတ်ပြောဆိုနေတယ်။ကင်ဆာဝေဒနာခံစားနေရတဲ့ သူမမေးခွန်းထားတဲ့ အဓိက ရဲအရာရှိ Willoughby မှာလည်း အမှု အပေါ်ကို တတ်အားသမျှဆောင်ရွက်ခဲ့တာရှိပေမယ့် ရေပေါ်အရုပ်ခြစ်သလို အရာထင်ပုံ မပေါ်ပါဘူး။သူ့ရဲ့အရောင်မှိန်စပြု နေတဲ့ ဘဝပန်းချီကားဟာ ဖြေးညင်းစွာ လောင်မြို က်စပြု နေပြီဆိုတာလည်း သိပါတယ်။သူ့နောက်လိုက် ရဲသား Dixonကတော့ ထုံးစံအတိုင်း ဂမူးကရူးနဲ့ သူတို့ကို ခုလို လုပ်ရပါ့မလားဆိုပြီး ဒေါကန်နေတယ်။ဆိုရရင် ဒီအဖြစ်အပျက်ရဲ့ဝဲဂယက်မှာ သူတို့တွေလည်း ရုန်းမထွက်နိုင်ရှာဘူး။လူသတ်သမားကတော့ နှင်းခါးမိုး ကဗျာစာသားထဲကလို ဒီအချိန်ဆို ညစာ စားနေလောက်ပြီ။ဝိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ။

မိခင်ကြီးရဲ့ မျက်ဝန်းတွေကတော့ သောကဖြစ်လာတဲ့ ဒေါသစေ့ဆော်မှု ကြောင့် ဝန်းပနေသလို နှုတ်ခမ်းတွေကလည်း ရေခဲနေတဲ့ ရုပ်ကြွင်းတစ်ခုလို အချိန်မရွေးတင်းမာနေလေတယ်။ပြောသမျှစကားတွေကလည်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး။

ဒီလိုနဲ့ တစ်ရက်မှာတော့ ဆိုင်းဘုတ်ကြီးသုံးခုဟာ မီးရှို့ခံလိုက်ရတော့တယ်။

______________________________

ယခု ရုပ်ရှင်ဟာ အကြိမ်ကိုးဆယ်မြောက် အော်စကာဆုနှင်းဘင်မှာ ဆန်ကာတင်ခုနှစ်ဆုနဲ့ လျာထားခံရပါတယ်။ကျွန်တော့်အနေနဲ့တော့ ဒါရိုက်တာကြီး
Martin McDonagh ကို ဇာတ်ညွှန်းဆုအနေနဲ့ဖြစ်စေ ပြီးတော့ သမီးငယ်အတွက် သောကတွေနဲ့ အသက်ဆက်နေရတဲ့ မိခင်ကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Frances McDormand ကိုဖြစ်စေ ဇာတ်ပို့သရုပ်ဆောင်ကြီး Sam Rockwell ကိုဖြစ်စေ ထူးချွန်ဆုတွေ ရစေချင်တာအမှန်ပါပဲ။(အခြားရုပ်ရှင်ဆုနှင်းသဘင်မှာတော့ အောင်ပွဲခံထားတာတွေ့ရ)ဒါရိုက်တာ Martin McDonagh ဆိုတာ ဟောလိဝုဒ်က သရုပ်ဆောင်အင်မတန်ကောင်းပြီး နာမည်မရကြတဲ့ သရုပ်ဆောင်တွေကို စုစည်းရိုက်တတ်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သူ့ရဲ့Seven Psychopaths Movie နဲ့ In Bruges တို့မှာ သိရှိပြီးသား ဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာလည်း Seven Psychopaths က သရုပ်ဆောင်အများစုကိုပဲ ပြန်လည်သုံးစွဲထားတာတွေ့ရပေမယ့် ယခုရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေထက် ဖျော်ဖြေရေးလမ်းကြောင်းကနေ သိသိသာသာ ပို၍ ကွဲထွက်လာကာ သရုပ်ဆောင်တွေဆီကနေ စိတ်ခံစားမှု ရှု ပ်ထွေးပုံတွေအား လေးလေးနက်နက်ပင် ခံစားခဲ့ရတာမို့ ယခုနှစ်အော်စကာဆုအတွက်တော့ (အခြားကားတွေမကြည့်ရသေးသော်လည်း)သူဇာတ်ကားကိုပင် လက်မထောင်လိုက်မိပါကြောင်း။

(ဇာတ်လမ်းအညွှန်းကို ကိုညီလင်းအိမ်၏ Facebook AccountNyi Linn Eain )  မှကူးယူဖော်ပြပါသည်။)

 

လက္သည္မေပၚတဲ့ လူသတ္မွဳ ေတြက ကမာၻအႏွံ႔မွာ ရွိေနရစ္ျပီးသားပဲ။လူျပတ္တဲ့လမ္းမတစ္ေနရာမွာ ဒဏ္ရာဗလပြနဲ႔ ေသဆုံးေနတာတို႔။ေရအိုင္ကေလးထဲက ေပါေလာေပၚလာမွ ေသဆုံးမွန္းသိေနတာတို႔။အခ်ိဳ ႕ေနရာမွာေတာ့ ေနရာကာလကို အခြင့္ေကာင္းယူျပီး အမ်ိဳးသမီးေတြကို မုဒိန္းက်င့္သတ္ျဖတ္တာမ်ိဳ းေတြေပါ့။

ဗီဇအမ်ိဳ းမ်ိဳ းနဲ႔ ျဖစ္တည္လာၾကတဲ့ လူအဖြဲ႕အစည္းအရ ဒီလို ျဖစ္ပ်က္မွဳ ေတြဟာ ေနရာအႏွံ႔အျပားမွာ ရွိေနဦးမွာပဲ။ထိုအခါမွာ က်န္ရစ္သူေတြက ေဒါသေတြျဖစ္နာက်င္ခဲ့ရ ။သတ္ျဖတ္သူအေပၚကို ေဒါသတရားေတြနဲ႔ အမ်က္သိုျပီး နာက်င္က်န္ရစ္ခဲ့ရတယ္။တကယ္ပဲ သတ္ျဖတ္သူကို ဖမ္းမိသြားျပန္ရင္ေရာ မိမိတို႔ကာယကံရွင္ေတြအေနနဲ႔ ေက်နပ္ႏိုင္မွာ ေသခ်ာပါရဲ႕လား။ဒီအခ်က္ေတြဟာ လူအဖြဲ႕အစည္းထဲမွာ ေနထိုင္ၾကသူေတြအတြက္ မျဖစ္ခဲ့ရင္ေတာ့ အေကာင္းသားေပါ့။ျဖစ္မ်ားျဖစ္ခဲ့ရင္ေတာ့ ေရွာင္လႊဲလို႔မရတဲ့ ေဘးထြက္ဆိုးက်ိဳ းေတြပဲ။လူအဖြဲ႕အစည္းထဲက ယိုေပါက္ေနတဲ့ ကင္ဆာဆဲလ္ေတြျဖစ္တယ္။အနည္းဆုံးျဖစ္ေအာင္ အားလုံးက ပူးေပါင္းေဆာင္ရြက္မွသာလ်ွင္ ျဖစ္ပ်က္မွဳ ေတြ ေလ်ာ့ပါးသြားမည္ဟု ယူဆမိပါတယ္။

ယခုရုပ္ရွင္ဟာလည္း အထက္ကေျပာျပခဲ့တဲ့ လူအဖြဲ႔အစည္းယိုေပါက္မွဳကေပးတဲ့ ေဘးထြက္ဆိုးက်ိဳ းေတြကို ေရွာင္လႊဲခြင့္ မရႏိုင္ခဲ့တဲ့ မိသားစုတစ္ခုနဲ႔သက္ဆိုင္ရာ အဖြဲ႔အစည္းထဲက လူအခ်ိဳ ႕ေတြရဲ႕ ပဋိပကၡကို ရုိက္ျပတဲ့ ရုပ္ရွင္ကားေကာင္းတစ္ကားသာ ျဖစ္ပါတယ္။ေျပာရရင္ တကယ့္ရုပ္ရွင္ထဲက စုံေထာက္ေက်ာ္ေတြ ။ထူးခ်ြန္ထက္ျမက္တဲ့ ဇာတ္ေကာင္ေတြမပါတဲ့ လူေတြရဲ႕ နာက်င္ရတဲ့ ေသာကဆိုးေတြအေပၚ သေရာ္ေတာ္ေတာ္အျမင္ကို သဘာဝက်က် တင္ျပထားျခင္းလို႔သာ ျမင္မိပါတယ္။

Ebbingျမိဳ ႕ကေလးေဘးက လစ္လပ္ေနတဲ့ ဆိုင္းဘုတ္သုံးခုကို မိန္းမၾကီးတစ္ေယာက္က ငွားရမ္းျပီး စာတမ္းသုံးခုကို ေရးခ်ိတ္ခဲ့တယ္။စာေၾကာင္းသုံးေၾကာင္းက ဘာမွေတာ့မဟုတ္ပါဘူး။လြန္ခဲ့တဲ့ ခုႏွစ္လေလာက္က မုဒိန္းက်င့္ျပီးသတ္ျဖတ္ခံရတဲ့ သမီးငယ္ေလးရဲ႕အမွဳ ကို ေပၚေပါက္ေအာင္ ေဖာ္ထုတ္မေပးႏိုင္တဲ့ ရဲအဖြဲ႕ေတြအေပၚ ေမးခြန္းထုတ္လိုက္တဲ့ စကားေတြသာ ျဖစ္ပါတယ္။ဒါေပမယ့္ ဒီစကားသုံးခုဟာ တိတ္ဆိတ္ေနတဲ့ျမိဳ ႕ကေလးထဲကလူေတြဆီကို ဆူညံစြာနဲ႔ ေခါင္းေလာင္းတီးႏိုင္ခဲ့တယ္။

“Raped while dying ” ။”And still No arrests? “How Come, Chief Willoughby?” ဆိုတဲ့ စကားသုံးခုဟာ ထိတ္လန္႔ေခ်ာက္ျခားဖြယ္ရာ အျဖစ္သနစ္နဲ႔ အသုံးမက်တဲ့ဥပေဒအဖြဲ႕အစည္းကို လက္ညိွဳ းေငါက္ေငါက္ထိုး၍ ေမးလိုက္သလို ေပၚလြင္လြန္းလွတယ္။ကိုယ္ပတ္ဝန္းက်င္မွာသာ ျဖစ္ပြားတာမဟုတ္ခဲ့ရင္ တုံဏွိဘာေဝသာ ရွိလွတဲ့ လူအမ်ားစုအေနနဲ႔ ဒီဆိုင္းဘုတ္က စာေတြကို ဖတ္မိလိုက္တိုင္း တစ္စုံတစ္ရာအတြက္ စိတ္ခံစားအခ်ိဳ ႕ကို သက္ေရာက္ကူးစက္သြားမွာအမွန္ေပါ့။

သူမေမးခြန္းထုတ္တဲ့ ရဲအရာရွိဆိုသူက ဒီျမိဳ ႕ငယ္ကေလးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ႕ခံစားေနရတဲ့ ေသာကေတြကို တကယ္ပဲ သက္ဆိုင္ရာ ဥပေဒဌာနေတြက ကူညီေျဖရွင္းမေပးႏိုင္ေတာ့တာ ေသခ်ာလို႔လား။ယင္းသို႔မဟုတ္ရင္လည္း ဒီရဲဌာနက လူေတြကပဲ ေျဖရွင္းလိုစိတ္ မရွိၾကတာလား။

လူပ်ိဳ ေပါက္သားတစ္ေယာက္နဲ႔ လက္လြတ္ဆုံးရွဳံ းလိုက္ရျပီျဖစ္တဲ့ ဆယ္ေက်ာ္သက္သမီးငယ္ကို ပိုင္ဆိုင္ထားတဲ့ မိခင္ၾကီးမွာေတာ့ ခုလိုကာလမ်ိဳ းမွာ ဘယ္သူကိုမွ အျမင္မၾကည္မလင္ ျဖစ္ေနမွာ ေသခ်ာပါတယ္။အဓိကကေတာ့ ဘာမွအသုံးမက်ဘူးလို႔ သတ္မွတ္ထားတဲ့ ရဲစခန္းအစုတ္ပလုတ္ကိုေပါ့။

ဒီလိုနဲ႔ ျမိဳ႕ငယ္ေလးဟာ က်န္ရစ္ခဲ့ရသူေတြရဲ႕ေသာကေတြနဲ႔ တစ္ျဖည္းျဖည္းျပည့္အင့္ေျခာက္ကပ္လာတယ္။ဆိုင္းဘုတ္ၾကီးသုံးခုကေတာ့ လမ္းမေပၚကေန ျဖတ္သန္းသြားသမ်ွလူေတြကို ေရရြတ္ေျပာဆိုေနတယ္။ကင္ဆာေဝဒနာခံစားေနရတဲ့ သူမေမးခြန္းထားတဲ့ အဓိက ရဲအရာရွိ Willoughby မွာလည္း အမွဳ အေပၚကို တတ္အားသမ်ွေဆာင္ရြက္ခဲ့တာရွိေပမယ့္ ေရေပၚအရုပ္ျခစ္သလို အရာထင္ပုံ မေပၚပါဘူး။သူ႔ရဲ႕အေရာင္မွိန္စျပဳ ေနတဲ့ ဘဝပန္းခ်ီကားဟာ ေျဖးညင္းစြာ ေလာင္ျမိဳ က္စျပဳ ေနျပီဆိုတာလည္း သိပါတယ္။သူ႔ေနာက္လိုက္ ရဲသား Dixonကေတာ့ ထုံးစံအတိုင္း ဂမူးကရူးနဲ႔ သူတို႔ကို ခုလို လုပ္ရပါ့မလားဆိုျပီး ေဒါကန္ေနတယ္။ဆိုရရင္ ဒီအျဖစ္အပ်က္ရဲ႕ဝဲဂယက္မွာ သူတို႔ေတြလည္း ရုန္းမထြက္ႏိုင္ရွာဘူး။လူသတ္သမားကေတာ့ ႏွင္းခါးမိုး ကဗ်ာစာသားထဲကလို ဒီအခ်ိန္ဆို ညစာ စားေနေလာက္ျပီ။ဝိုင္ကေလးေသာက္လိုက္ စပ်စ္သီးေလးျမံဳ ႕လိုက္နဲ႔ေလ။

မိခင္ၾကီးရဲ႕ မ်က္ဝန္းေတြကေတာ့ ေသာကျဖစ္လာတဲ့ ေဒါသေစ့ေဆာ္မွဳ ေၾကာင့္ ဝန္းပေနသလို ႏွဳတ္ခမ္းေတြကလည္း ေရခဲေနတဲ့ ရုပ္ၾကြင္းတစ္ခုလို အခ်ိန္မေရြးတင္းမာေနေလတယ္။ေျပာသမ်ွစကားေတြကလည္း ဘယ္ေတာ့မွ ေကာင္းေကာင္းမြန္မြန္ ထြက္မလာဘူး။

ဒီလိုနဲ႔ တစ္ရက္မွာေတာ့ ဆိုင္းဘုတ္ၾကီးသုံးခုဟာ မီးရွိဳ ႕ခံလိုက္ရေတာ့တယ္။

______________________________

ယခု ရုပ္ရွင္ဟာ အၾကိမ္ကိုးဆယ္ေျမာက္ ေအာ္စကာဆုႏွင္းဘင္မွာ ဆန္ကာတင္ခုႏွစ္ဆုနဲ႔ လ်ာထားခံရပါတယ္။က်ြန္ေတာ့္အေနနဲ႔ေတာ့ ဒါရုိက္တာၾကီး
Martin McDonagh ကို ဇာတ္ညႊန္းဆုအေနနဲ႔ျဖစ္ေစ ျပီးေတာ့ သမီးငယ္အတြက္ ေသာကေတြနဲ႔ အသက္ဆက္ေနရတဲ့ မိခင္ၾကီးေနရာက သရုပ္ေဆာင္ခဲ့တဲ့ Frances McDormand ကိုျဖစ္ေစ ဇာတ္ပို႔သရုပ္ေဆာင္ၾကီး Sam Rockwell ကိုျဖစ္ေစ ထူးခ်ြန္ဆုေတြ ရေစခ်င္တာအမွန္ပါပဲ။(အျခားရုပ္ရွင္ဆုႏွင္းသဘင္မွာေတာ့ ေအာင္ပြဲခံထားတာေတြ႕ရ)ဒါရုိက္တာ Martin McDonagh ဆိုတာ ေဟာလိဝုဒ္က သရုပ္ေဆာင္အင္မတန္ေကာင္းျပီး နာမည္မရၾကတဲ့ သရုပ္ေဆာင္ေတြကို စုစည္းရုိက္တတ္တဲ့ ဒါရုိက္တာေကာင္းတစ္ေယာက္ဆိုတာ သူ႔ရဲ႕Seven Psychopaths Movie နဲ႕ In Bruges တို႔မွာ သိရွိျပီးသား ျဖစ္ခဲ့သလို ယခုရုပ္ရွင္မွာလည္း Seven Psychopaths က သရုပ္ေဆာင္အမ်ားစုကိုပဲ ျပန္လည္သုံးစြဲထားတာေတြ႕ရေပမယ့္ ယခုရုပ္ရွင္ဟာ အရင္ရုပ္ရွင္ေတြထက္ ေဖ်ာ္ေျဖေရးလမ္းေၾကာင္းကေန သိသိသာသာ ပို၍ ကြဲထြက္လာကာ သရုပ္ေဆာင္ေတြဆီကေန စိတ္ခံစားမွဳ ရွဳ ပ္ေထြးပုံေတြအား ေလးေလးနက္နက္ပင္ ခံစားခဲ့ရတာမို႔ ယခုႏွစ္ေအာ္စကာဆုအတြက္ေတာ့ (အျခားကားေတြမၾကည့္ရေသးေသာ္လည္း)သူဇာတ္ကားကိုပင္ လက္မေထာင္လိုက္မိပါေၾကာင္း။

 

(ဇာတ္လမ္းအညႊန္းကို ကိုညီလင္းအိမ္၏ Facebook Account ( Nyi Linn Eain )  မွကူးယူေဖာ္ျပပါသည္။)

 

File Size : (957 MB)
Quality : Blu-Ray 720p
Running Time : 1hr 55min
Format : Mp4
Genre :Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-SPARKS
Translated by Thura Zarni Aung
Encoded by Thanhtike Zaw


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Three Billboards Outside Ebbing, Missouri
Director
Jeanette McGrath, Martin McDonagh, Paula Case, Peter Kohn
Stars
Abbie Cornish, Caleb Landry Jones, Frances McDormand, John Hawkes, Lucas Hedges, Peter Dinklage, Sam Rockwell, Samara Weaving, Woody Harrelson, Zeljko Ivanek
Release Date
1 December 2017 (USA)
Rated
R
Runtime
1h 55min
Awards
Won 2 Oscars. Another 130 wins & 226 nominations
Country
UK, USA
Budget
USD $15 000 000,00
Revenue
USD $158 526 998,00
Popularity
28.978
Status
Released
ID IMDb.com
tt5027774
IMDB Rating
8.2
IMDB votes
402,806
ID Themoviedb.org
359940
TMDb Rating
8.1
TMDb votes
6787