Exit print mode Print Data A+ A- Undo all

To Rome with Love (2012)

To Rome with Love (2012)To Rome with Love (2012)

Synopsis:

[Unicode]

To Rome With Love (2012)

Directed By Woody Allen

ဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။
လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။
ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။

To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။
ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။
ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။
ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌

ဘယ်လောက်ထိသရော်သလဲဆို
စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို
ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့
မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။
ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။
သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ကဗျာတစ်ကြောင်းစီကျက်ပြီး အကုန်ဖတ်ဖူးသလိုလုပ်တဲ့ တတ်ယောင်ကားတွေ
တစ်ချို့ကြောင်တိကြောင်တောင် အနုပညာသည်တွေ
လူ့ဘောင်အကန့်အသတ်အောက်က ချစ်ကြပါတယ်ဆိုတဲ့လူတွေအထိကို သရော်ထားတာပါ။
ဝူဒီအယ်လန်ရဲ့ရုပ်ရှင်တွေဟာ ကဗျာဆန်တယ်လို့ ကျွန်တော်ယူဆတယ်။
ဒီလောက်သရော်ထားပေမဲ့ ဒီရုပ်ရှင်ဟာ ကဗျာဆန်တုန်းပါပဲ သရော်ကဗျာဆိုရမယ်။

ဒီရုပ်ရှင်ကို ဝေဖန်ရေးသမားအများစုလည်း မကြိုက်ကြပါဘူး။
ရောမမြို့ကြီးမှာဖြစ်နေတဲ့ ဇာတ်လမ်းတွေကိုပြောပြတဲ့ဟန်နဲ့ ဇာတ်ကောင်တွေအများကြီးထည့်ထားပြီး တစ်ချို့ဇာတ်ကောင်တွေအတွက် အချိန်တစ်ရက်တည်းလိုလိုပြပြီး
တစ်ချို့အတွက်က သုံးလေးငါးရက်လောက်လို ဖြစ်နေလို့လည်းပါမယ်ထင်ပါတယ်။
ပြောရရင် Inner Logicတောင်ပျောက်နေပါတယ်။
‌ဒါပေမဲ့ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ တင်ဆက်ပြသမှု အပိုင်းမှာ ရိုးသားနေတာလို့ ယူဆတယ်။
တစ်ခုတော့ရှိတာက မိုက်ကယ်အိန်ဂျလိုတို့
ဆစ်ဂမန်ဖရွိုက်တို့လို နာမည်ကျော်တွေကို မကြားဖူးရင်ဖြစ်ဖြစ် (အများစုတော့ ကောင်းကောင်းသိကြမှာပါ)
သရော်တာတွေကို သိပ်နားမလည်တတ်ရင်ဖြစ်ဖြစ်
ဒီရုပ်ရှင်ဟာ ရွေးချယ်သင့်တဲ့ကားမဟုတ်ပါဘူး။
မီဒီယာတွေ Artဆိုတဲ့စကားလုံးအောက်က သောက်တလွဲတွေကို ‌သရော်ထားတာကို
ကြည့်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးရွေးချယ်စရာပါပဲ။

နိဂုံးချုပ်ပြောရရင် သရော်စာဆန်တဲ့ဒီရုပ်ရှင်ရဲ့
ပြကွက်တွေမှာ ချစ်ခြင်းတရားကိုပါ သူအလွတ်မပေးခဲ့ပေမယ့်။သူလည်းလူပါပဲ
သူပြောဖူးပါတယ် ” ကဗျာဆရာတွေ
မှန်ကောင်းမှန်နိုင်ပါတယ်။အချစ်ဟာ
တစ်ခုတည်းသောအဖြေ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”။
ဒီရုပ်ရှင်မှာ ခင်ဗျား မယုံကြည်မှုတစ်ခုခံစားရရင်
Everyone says I love u ၊ A Rainy Day in New York နဲ့ Midnight in Paris ကို ကြည့်ကြည့်ဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

 

[Zawgyi]

To Rome With Love (2012)

Directed By Woody Allen

ဒီ႐ုပ္ရွင္ဟာ သိပ္ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ေတာ့ မဟုတ္ပါဘူး။
လွပတဲ့ ဖန္တီးမႈအမ်ားစုရဲ႕ျဖစ္တတ္တဲ့ မေအာင္ျမင္ရျခင္းအေၾကာင္းရင္းကေတာ့ ဖန္တီးသူဟာ ပရိတ္သတ္ဘက္ကို ငဲ့မၾကည့္လို႔ပါပဲ။
ပဲ့ကိုင္ရွင္ ဝူဒီအယ္လန္က သူ႐ုပ္ရွင္ဟာ ေငြေၾကးအရ လူအမ်ားစုႏွစ္ၿခိဳက္မႈအရ အႏုတ္ျပေနခဲ့ရင္ အႏုပညာအစစ္တစ္ခု သူလုပ္လိုက္တာပဲလို႔ ေျပာဖူးပါတယ္။
ဘယ္သူႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ ဇာတ္အိမ္အက္ေၾကာင္းထပ္ထပ္မထပ္ထပ္ သူ႔႐ုပ္ရွင္ကားေတြမွာ အႏုပညာပီသမႈေတာ့ကိန္းေအာင္းေနတယ္။ ဒါက ဝူဒီအယ္လန္ပါပဲ။

To Rome with Loveဟာ ဝူဒီရဲ႕ ေရာမက ဗိသုကာေတြကို ခ်စ္စိတ္ကျဖစ္လာတယ္လို႔ ကြၽန္ေတာ္ထင္တယ္။
ဒါေပမဲ့ သူခ်စ္တာက ကိုလိုင္ဆီယံလို အၿပိဳအပ်က္ေတြကိုေတာ့မဟုတ္ဘူး။လွပေနဆဲအေဆာက္အဦးေတြကိုေပါ့။
ဒီလိုေျပာလိုက္လို႔ ဒီကားကို သိပ္ခမ္းနားမယ္ထင္ရင္လည္းမွားမယ္။
ဒီ႐ုပ္ရွင္ဟာ တစ္ေလာကလုံးကို သေရာ္ထားတဲ့သေရာ္႐ုပ္ရွင္ပါပဲ။ ‌

ဘယ္ေလာက္ထိသေရာ္သလဲဆို
စစၥတင္းဘုရားေက်ာင္းကမ်က္ႏွာက်က္မွာ မိုက္ကယ္အိန္ဂ်လိုဆြဲထားတဲ့ပန္းခ်ီေတြကို
ျငမ္းစင္ေပၚ ပက္လက္အိပ္ၿပီးတစ္ေနကုန္ဆြဲတယ္လို႔လူတစ္ေယာက္ကေျပာေတာ့
မိန္းမတစ္ေယာက္က သူဆိုလုပ္ႏိုင္မွာမဟုတ္ဘူး ေျပာတယ္။
ဒီမွာ ပျခဳပ္သည္မက ကြၽန္မေတာ့ တစ္ေနကုန္ပက္လက္အလုပ္လုပ္နိင္တယ္ဆိုၿပီး ထေျပာတဲ့ အခန္းေတာင္ပါပါတယ္။
ေသာက္တလြဲမီဒီယာေတြ ကဗ်ာဆရာတိုင္းရဲ႕ ကဗ်ာတစ္ေၾကာင္းစီက်က္ၿပီး အကုန္ဖတ္ဖူးသလိုလုပ္တဲ့ တတ္ေယာင္ကားေတြ
တစ္ခ်ိဳ႕ေၾကာင္တိေၾကာင္ေတာင္ အႏုပညာသည္ေတြ
လူ႔ေဘာင္အကန႔္အသတ္ေအာက္က ခ်စ္ၾကပါတယ္ဆိုတဲ့လူေတြအထိကို သေရာ္ထားတာပါ။
ဝူဒီအယ္လန္ရဲ႕႐ုပ္ရွင္ေတြဟာ ကဗ်ာဆန္တယ္လို႔ ကြၽန္ေတာ္ယူဆတယ္။
ဒီေလာက္သေရာ္ထားေပမဲ့ ဒီ႐ုပ္ရွင္ဟာ ကဗ်ာဆန္တုန္းပါပဲ သေရာ္ကဗ်ာဆိုရမယ္။

ဒီ႐ုပ္ရွင္ကို ေဝဖန္ေရးသမားအမ်ားစုလည္း မႀကိဳက္ၾကပါဘူး။
ေရာမၿမိဳ႕ႀကီးမွာျဖစ္ေနတဲ့ ဇာတ္လမ္းေတြကိုေျပာျပတဲ့ဟန္နဲ႔ ဇာတ္ေကာင္ေတြအမ်ားႀကီးထည့္ထားၿပီး တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြအတြက္ အခ်ိန္တစ္ရက္တည္းလိုလိုျပၿပီး
တစ္ခ်ိဳ႕အတြက္က သုံးေလးငါးရက္ေလာက္လို ျဖစ္ေနလို႔လည္းပါမယ္ထင္ပါတယ္။
ေျပာရရင္ Inner Logicေတာင္ေပ်ာက္ေနပါတယ္။
‌ဒါေပမဲ့ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ဟာ တင္ဆက္ျပသမႈ အပိုင္းမွာ ႐ိုးသားေနတာလို႔ ယူဆတယ္။
တစ္ခုေတာ့ရွိတာက မိုက္ကယ္အိန္ဂ်လိုတို႔
ဆစ္ဂမန္ဖ႐ြိဳက္တို႔လို နာမည္ေက်ာ္ေတြကို မၾကားဖူးရင္ျဖစ္ျဖစ္ (အမ်ားစုေတာ့ ေကာင္းေကာင္းသိၾကမွာပါ)
သေရာ္တာေတြကို သိပ္နားမလည္တတ္ရင္ျဖစ္ျဖစ္
ဒီ႐ုပ္ရွင္ဟာ ေ႐ြးခ်ယ္သင့္တဲ့ကားမဟုတ္ပါဘူး။
မီဒီယာေတြ Artဆိုတဲ့စကားလုံးေအာက္က ေသာက္တလြဲေတြကို ‌သေရာ္ထားတာကို
ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ အေကာင္းဆုံးေ႐ြးခ်ယ္စရာပါပဲ။

နိဂုံးခ်ဳပ္ေျပာရရင္ သေရာ္စာဆန္တဲ့ဒီ႐ုပ္ရွင္ရဲ႕
ျပကြက္ေတြမွာ ခ်စ္ျခင္းတရားကိုပါ သူအလြတ္မေပးခဲ့ေပမယ့္။သူလည္းလူပါပဲ
သူေျပာဖူးပါတယ္ ” ကဗ်ာဆရာေတြ
မွန္ေကာင္းမွန္ႏိုင္ပါတယ္။အခ်စ္ဟာ
တစ္ခုတည္းေသာအေျဖ
ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္”။
ဒီ႐ုပ္ရွင္မွာ ခင္ဗ်ား မယုံၾကည္မႈတစ္ခုခံစားရရင္
Everyone says I love u ၊ A Rainy Day in New York နဲ႔ Midnight in Paris ကို ၾကည့္ၾကည့္ဖို႔ ကြၽန္ေတာ္တိုက္တြန္းခ်င္တယ္။

( ဘာသာျပန္ျပီး အညႊန္းေရးသားထားသူကေတာ့ WiRa Aung ပါ )


Quality__HEVC 1080p ,720p
IMDb Rating__6.3/10
Format__mp4
Duration__01:51:00
Type__ Comedy, Music, Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Woody Allen
Stars
Jesse Eisenberg, Penélope Cruz, Woody Allen
Release Date
6 July 2012
Rated
R
Runtime
1h 52min
Country
(USA)
Budget
USD $17 000 000,00
Revenue
USD $73 244 881,00
Popularity
15.59
Status
Released
ID IMDb.com
tt1859650
IMDB Rating
6.3
IMDB votes
84,296
ID Themoviedb.org
81836
TMDb Rating
5.7
TMDb votes
1532