Exit print mode Print Data A+ A- Undo all

To the Bone (2017)

Don't fade away
To the Bone (2017)To the Bone (2017)

Synopsis:

To The Bone (2017)

 

~ IMDb – 6.8/10, RT – 70%, Meta – 64% ~

 

လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။

​တချို့က ဝလာမှာကြောက်တယ်။
တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။

အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ…

Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။

အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။

အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။

အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။

အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ ” To The Bone ” ဇာတ်ကားလေးမှာ ရှုစားရမှာပါ။

ဒီကား​လေးက ဝမှာတအားကြောက်နေတဲ့သူတွေ အစာအငတ်ခံလို့ အလွန်အမင်းဝိတ်ချနေတဲ့လူတွေ စိတ်ဆင်းရဲမှုကြောင့် ခံတွင်းမလိုက် ဖြစ်​နေသူတွေအတွက်လည်း ပညာပေးကားဆန်ဆန်​လေးဖြစ်မယ်လို့ ထင်ပါတယ်။

ကိုယ်အလေးချိန်နဲ့ ပတ်သက်တာကို အဓိကရိုက်ပြသွားပေမဲ့ ကိုယ့်ကိုယ်တွင်းက အကြောက်တရားကို တွန်းလှန်ပြီး စိတ်ချမ်းသာရာကို ဘယ်လိုရှာရမယ်ဆိုတာ ပြတဲ့ကားလေးဖြစ်တာမို့ လက်လွှတ်မခံသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်…

ခေါင်းဆောင် မင်းသား မင်းသမီး​တွေအဖြစ် Emily in Paris ထဲက မင်းသမီးလေး Lilly Collins နဲ့ မသိသူမရှိလောက်မယ့် မင်းသားကြီး Keanu Reeves တို့ ပါဝင်ထားတာမို့ မကောင်းမှာကိုတော့ စိတ်ပူစရာမလိုမယ့် ကားကောင်းတစ်ကားပါပဲ။

 

(ဇာတ်ကားနဲ့ အညွှန်းကို Nadi Myint Naing မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.6GB, 1GB
Quality – 1080p, 720p
IMDb Rating – 6.8/10
Format – mp4
Duration – 1H 47Min
Type – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Nadi Myint Naing
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Marti Noxon
Release Date
2017
Rated
TV-MA
Runtime
1h 47min
Awards
2 nominations
Country
United States
Popularity
20.176
Status
Released
ID IMDb.com
tt5541240
IMDB Rating
6.8
IMDB votes
46000
ID Themoviedb.org
401104
TMDb Rating
7.2
TMDb votes
3063