Channel Myanmar


Tokyo Godfathers(2003)

Tokyo Godfathers    

PG-13 92 min AdventureAnimationComedy

7.9
IMDB: 7.9/10 24,452 votes

, , , , , , , , ,

8 wins & 1 nomination.

Japan

14223

Report error

spree

Tokyo Godfathers(2003)

IMDb….7.9,,,,,Rotten …90

“Tokyo Godfathers” ဆိုတဲ့ animation ကား​လေးကို​တော့ စာ​ရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်​ရာဖြစ်​တဲ့ ” three godfathers”

ဆိုတဲ့ဝတ္ထု အ​ပေါ်အ​ခြေခံပြီး ဒါရိုက်​တာ Satoshi Kon က ရိုက်​ကူး​ရေးဆွဲထားတာပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးက​တော့ မူရင်းဝတ္ထုနာမည်​ဖြစ်​တဲ့

” Three Godfathers” ဆိုတဲ့အတိုင်းပဲ တိုကျိုမြို့​ပေါ်က အိမ်​ယာမဲ့လူသား၃ဦးရဲ့ ဘယ်​က​ရောက်​လာမှန်းမသိရတဲ့ လူမမယ်​က​လေးတစ်​ဦးအ​ပေါ်မှာထားရှိတဲ့

မေတ္တာအတိမ်​အနက်​ကို ​ဖော်​ပြထားတဲ့ကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။

ဇာတ်​လမ်းအညွှန်း -ချမ်း​အေးလှတဲ့ ခရစ်​စမတ်​ည​လေးတစ်​ညမှာ တိုကျိုမြို့​ပေါ်က အရက်​သမားတစ်​​ယောက်​ ၊

ဟိုမိုတစ်​​ယောက်​ နဲ့ ဆယ်​​ကျော်​သက်​အရွယ်​အိမ်​​ပြေးမ​လေးတစ်​​ယောက်တို့က စွန့်​ပစ်​ခံထားရတဲ့ က​လေးတစ်​​ယောက်​ကို​တွေ့ရှိရာက

က​လေးရဲ့မိဘ​တွေဆီကို ပြန်​ပို့​ပေးဖို့ ကြိုးစားခဲ့ပုံနဲ့ စတင်​ခဲ့ပါတယ်​။
ဒီလိုနဲ့ သွေးမ​တော်​သားမစပ်​လူမမယ်​အရွယ်​က​လေးတစ်​ဦးအတွက်​ တိုကျိုမြို့​ပေါ်က ​အေးခဲလွန်းလှတဲ့ လမ်းမ​တွေထက်​မှာ

မိဘရှာပုံ​တော်​ဖွင့်​​နေရတဲ့ အိမ်​ရာမဲ့လူသား၃ဦးရဲ့ ရုန်းကန်​လှုပ်​ရှား​နေမှုများကို ကြည့်​ရှုခံစားရမှာပဲဖြစ်​ပါတယ်​။

လူတိုင်းမှာကိုယ်​စီကိုယ်​ငှ ဝမ်းနည်းရတဲ့အတိတ်​မျိုး​တွေ ရှိ​နေ​ကြောင်း၊ မိဘနှင့်​သားသမီးတို့ကြားရှိ ချစ်​ခြင်း​မေတ္တာနှင့်

ခွင့်​လွှတ်​နားလည်​မှုများအ​ကြောင်း အပါအဝင်​ လူတိုင်းအတွက်​ မိသားစုဘဝဆိုတာအ​ရေးကြီး​ကြောင်းကို ရိုက်​ကူးပုံ​ဖော်​​ပေးထားတာပဲ ဖြစ်​ပါတယ်​။

က​လေး​လေးကို​ရော မိဘအ​ရင်း​တွေလက်​ထဲ ပြန်​ပို့​ပေးနိုင်​မလား ဆိုတာ​တော့ ဤဇာတ်​ကား​လေးကိုပဲ ဆက်​လက်​ကြည့်​ရှုလိုက်​ကြပါ​တော့​နော်…

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်….

File Size : (585 MB) and (327 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:30:00
Genre : AnimationAdventureComedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Megumi
Encoded by Phyo Pyae

 

Tokyo Godfathers(2003)
Tokyo Godfathers(2003)
Tokyo Godfathers(2003)
Tokyo Godfathers(2003)


No downloads available

Genres

Related movies