Channel Myanmar

Blu-Ray 720p Tolkien (2019)
Report error

Report error

spree

(Unicode)

ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။

အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။

ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။

The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။

အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။

ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။

J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။

တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။

စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။

ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။

တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။

သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ လုပ်ကိုင်ပေးခဲ့ပါသေးတယ်။

ကျန်တဲ့အချိန်တွေမှာတော့ ဘာသာစကား ပါမောက္ခအဖြစ် တာဝန်ယူခဲ့တာပါ။

ဘာသာစကားနဲ့ပတ်သတ်ပြီး သူပြုစုခဲ့တဲ့ စာအုပ်တွေ ဘာသာပြန်တွေဟာ အခုထိ တက္ကသိုလ်တွေမှာ လေ့လာနေကြရဆဲပါပဲ။

Lotr နဲ့ Hobbit ရုပ်ရှင်တွေကို ကြည့်ရတာ ဇာတ်အိမ်ကျယ်ပြန့်လှပြီလို့ ထင်မိပါသလား။

ဒါဆိုရင်တော့ ဆရာ တိုကင်းန်က ပြုံးပါလိမ့်မယ်။

သူ့ရဲ့ ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေသာမက ဆွေစဉ်မျိုးဆက် သမိုင်းတွေ၊ ပြက္ခဒိန်တွေ၊ သူကိုယ်တိုင်ဆွဲထားတဲ့ မြေပုံတွေ အပြင် ကိုယ်ပိုင်တီထွင်ထားတဲ့ ဘာသာစကားအသစ်တွေပါ ပါဝင်ခဲပါတယ်။

အဲဒီဘာသာစကားအတွက်လည်း အဘိဓာန်တွေ ပြန်ထုတ်ပေးခဲ့ပါသေးတယ်။

ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ တိုကင်းန်ရဲ့ လက်ရာတွေနဲ့စာရင် အကျဉ်းချုံးလေးသာသာပဲ ရှိပါသေးတယ်။

တိုကင်းန်အပြင် သူသေဆုံးပြီးနောက်မှာ သူ့ရဲ့သား ခရစ္စတိုဖာ တိုကင်းန်ကလည်း သူ့ရဲ့ လက်ရေးမှတ်စုတွေကို ပြန်စုစည်းတည်းဖြတ်ပြီး ထုတ်ဝေခဲ့တဲ့ ကမ္ဘာကျော်စာအုပ်တွေ ရှိခဲ့ပါသေးတယ်။

ဒါကြောင့် Lotr ဖန်တွေ ဂျေအာအာတိုကင်းန်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီရုပ်ရှင်က အရမ်းကို နှစ်သက်ဖို့ ကောင်းပါလိမ့်မယ်။

ဒါတွေနဲ့ မရင်းနှီးဘဲတော့ ဒီရုပ်ရှင်ကိုကြည့်ပြီး ပျင်းစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်လို့ ကြိုပြီး သတိပေးပါရစေ။

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……

 

(Zawgyi)

 

ဒီ႐ုပ္ရွင္ကိုေတာ့ လူတိုင္းႀကိဳက္မယ္မထင္ပါဘူး။

အရမ္းႀကိဳက္မယ့္သူေတြလည္း ရွိပါလိမ့္မယ္။

ဒါက ကြၽန္ေတာ္တို႔ေတြ အရမ္းႀကိဳက္ရတဲ့ ႐ုပ္ရွင္ေတြရဲ႕ မူရင္းဝတၳဳေတြကို ေရးသားခဲ့တဲ့ စာေရးဆရာႀကီး တစ္ေယာက္ရဲ႕ အေၾကာင္းပါပဲ။

The lord of the rings နဲ႔ Hobbit ႐ုပ္ရွင္ေတြကို အမ်ားစု သိၾကမွာပါ။

ေအာ္စကာေတြ တစ္ၿပဳံႀကီးနဲ႔ ဂႏၶဝင္ ႐ုပ္ရွင္ေတြကိုး။

ဒါေပမယ့္ မူရင္းဝတၳဳရဲ႕ စာေရးသူကိုေတာ့ အမာခံဖန္ေတြပဲ သိၾကမယ္ထင္ပါတယ္။

J.R.R.Tolkien ေခၚ ဂြၽန္ ေရာ္နယ္ ႐ူအယ္ တိုကင္းန္ပါပဲ။

တိုကင္းန္ဟာ လူငယ္ဘဝမွာ သူငယ္ခ်င္း သုံးေယာက္ရွိခဲ့ပါတယ္။

စာေပအႏုပညာကို စိတ္တူကိုယ္တူလိုက္စားၾကတဲ့ ေလးေယာက္အဖြဲ႕ေပါ့။

ဒါေၾကာင့္လဲ သူ႔ရဲ႕ဝတၳဳေတြမွာ ေလးေယာက္တြဲေတြ လႊမ္းမိုးမႈရွိခဲ့တာလားပါပဲ။

တိုကင္းန္ဟာ ဘာသာစကားေတြ ဒ႑ာရီေတြဘက္မွာ အရမ္းထူးခြၽန္တဲ့သူပါ။

သူဟာ ပထမကမာၻစစ္မွာ ပါဝင္တိုက္ခဲ့ဖူးခဲ့တယ္။

ဒုတိယ ကမာၻစစ္မွာ ဝွက္စာေျဖသူအျဖစ္ ေျပာင္ေျမာက္စြာ လုပ္ကိုင္ေပးခဲ့ပါေသးတယ္။

က်န္တဲ့အခ်ိန္ေတြမွာေတာ့ ဘာသာစကား ပါေမာကၡအျဖစ္ တာဝန္ယူခဲ့တာပါ။

ဘာသာစကားနဲ႔ပတ္သတ္ၿပီး သူျပဳစုခဲ့တဲ့ စာအုပ္ေတြ ဘာသာျပန္ေတြဟာ အခုထိ တကၠသိုလ္ေတြမွာ ေလ့လာေနၾကရဆဲပါပဲ။

Lotr နဲ႔ Hobbit ႐ုပ္ရွင္ေတြကို ၾကည့္ရတာ ဇာတ္အိမ္က်ယ္ျပန္႔လွၿပီလို႔ ထင္မိပါသလား။

ဒါဆိုရင္ေတာ့ ဆရာ တိုကင္းန္က ၿပဳံးပါလိမ့္မယ္။

သူ႔ရဲ႕ ဝတၳဳေတြထဲမွာ ဇာတ္ေကာင္ေတြသာမက ေဆြစဥ္မ်ိဳးဆက္ သမိုင္းေတြ၊ ျပကၡဒိန္ေတြ၊ သူကိုယ္တိုင္ဆြဲထားတဲ့ ေျမပုံေတြ အျပင္ ကိုယ္ပိုင္တီထြင္ထားတဲ့ ဘာသာစကားအသစ္ေတြပါ ပါဝင္ခဲပါတယ္။

အဲဒီဘာသာစကားအတြက္လည္း အဘိဓာန္ေတြ ျပန္ထုတ္ေပးခဲ့ပါေသးတယ္။

႐ုပ္ရွင္ထဲက အေၾကာင္းအရာေတြဟာ တိုကင္းန္ရဲ႕ လက္ရာေတြနဲ႔စာရင္ အက်ဥ္းခ်ဳံးေလးသာသာပဲ ရွိပါေသးတယ္။

တိုကင္းန္အျပင္ သူေသဆုံးၿပီးေနာက္မွာ သူ႔ရဲ႕သား ခရစၥတိုဖာ တိုကင္းန္ကလည္း သူ႔ရဲ႕ လက္ေရးမွတ္စုေတြကို ျပန္စုစည္းတည္းျဖတ္ၿပီး ထုတ္ေဝခဲ့တဲ့ ကမာၻေက်ာ္စာအုပ္ေတြ ရွိခဲ့ပါေသးတယ္။

ဒါေၾကာင့္ Lotr ဖန္ေတြ ေဂ်အာအာတိုကင္းန္ကို စိတ္ဝင္စားတဲ့သူေတြအတြက္ ဒီ႐ုပ္ရွင္က အရမ္းကို ႏွစ္သက္ဖို႔ ေကာင္းပါလိမ့္မယ္။

ဒါေတြနဲ႔ မရင္းႏွီးဘဲေတာ့ ဒီ႐ုပ္ရွင္ကိုၾကည့္ၿပီး ပ်င္းစရာလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္လို႔ ႀကိဳၿပီး သတိေပးပါရေစ။

ဇာတ္လမ္းအၫႊန္းနဲ႔ ဘာသာျပန္သူကေတာ့ Little Neo ပဲျဖစ္ပါတယ္……

 

File Size : (900 MB) and (450 MB)
Quality : Blu-Ray 720p
Running Time : 1hr 52min
Format : Mp4
Genre : Biography, Drama, War
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.X264-AMIABLE
Translated by Littleneo
Encoded by Thanhtike Zaw

Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)
Tolkien (2019)


No downloads available

Genres

Related movies