Channel Myanmar

Toscana (2022)

DramaRomance

5.7
IMDB: 5.7/10 5000 votes

141240

Report error

Toscana (2022)
=============
IMDb Rating – 5.7/10

Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက်
ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က
စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင်
ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး
ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ်
လာပါတော့တယ်။

စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း  သူ့ရဲ့ဒေါသကြောင့် ရင်းနှီး
မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။  ဒီလိုနဲ့ပဲ အခက်အခဲဖြစ်
နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ
ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့
အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ
နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။
ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို
ရောက်လာပါတော့တယ်။
ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့
ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း
ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို
ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေး
ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

File Size……….(1.27 GB) / (700 MB) / (420 MB)
Quality…………WebRip 1080p / 720p / 480p
Duration………1Hr 30mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Romance
Translator…….Leonard Lin
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Toscana (2022)
Toscana (2022)
Toscana (2022)


No downloads available

Genres



Related movies