Exit print mode Print Data A+ A- Undo all

Tracker (2010)

Never Stop Running!
Tracker (2010)Tracker (2010)

Synopsis:

 

ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူက

အင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံ

စစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့

ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp က

ရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone က

ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်

ထားပါတယ်.

ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီး

လူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ်

နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့

တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့

မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီ

လူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကို

ဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်

မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့

ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှ

ရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ်

ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်က

ဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားက

အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါ

တော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေး

လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက်

ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင်

ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့

မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံ

ဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကော

မိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့

ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကော သူ့ရဲ့သဘောထားက

စစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲ

တောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်း

အရင်းကကော ဘာဖြစ်မလဲ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုက

စစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲ

ခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေ ထွက်ပြေး

လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ

ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာ

ဖြစ်ပါတယ်..

ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့

အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်း

ပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုး

တွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ  ဒီဇာတ်ကားဟာ Action,

Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူ

ပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင် စွဲဆောင်ထားနိုင်တဲ့

ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..

ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ

ကြည့်ရှုအကဲဖြတ်လိုက်ပါဦး…

 

File size…2.30 GB / 1.24GB
Quality…WEB-Rip 1080p 5.1CH / 720p
Format…mp4
Duration….1h 42m
Genre ….. Action , Drama , Adventure
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $6 500 000,00
Popularity
16.249
Status
Released
ID IMDb.com
tt1414378
IMDB Rating
6.5
IMDB votes
4.2K
ID Themoviedb.org
62255
TMDb Rating
6.524
TMDb votes
62