Exit print mode Print Data A+ A- Undo all

Traveling Sandwich (2022)

Traveling Sandwich (2022)Traveling Sandwich (2022)

Synopsis:

Traveling Sandwich (2022)

အလောင်ကားတွေ အဆွေးကားတွေအကြည့်များပြီး ပြာဖြစ်နေတဲ့CM ပရိသတ်တို့အတွက်
ကျေးလက်သဘာဝအကြောင်းရိုက်ကူးထားတဲ့ ဂျပန် ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တောတောင်ရေမြေရဲ့သဘာဝ၊ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့
ဂျပန်နယ်မြို့လေးရဲ့ နေထိုင်မှုဘဝကို တစေ့တစောင်းရိုက်ကူးပြထားပြီး
သွားရည်ယိုချင်စရာ Sandwich လေးတွေကိုပါ ငမ်းရမှာဆိုတော့
ညဘက်မှာကြည့်မိရင်တော့ ‌ရေခဲသေတ္တာထဲ လှန်လှောရှာမိစေမယ့်ရုပ်ရှင်လေးပါပဲ။

တိုကျိုမှာSandwichဆိုင်ဖွင့်ထားတဲ့ Kurumiနဲ့ Kaedeဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က
ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဘဝတွေထဲမှာ ရှင်သန်ရတဲ့ဘဝကို မနှစ်မြို့ရာက စလို့
ကားပေါ်မှာ‌ Sandwichဆိုင်ပြောင်းဖွင့်ဖို့ အကြံရရာကနေ အစပြုထားပါတယ်။
ဦးတည်ရာမဲ့လျှောက်သွားရင်းနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ မီနူးသစ်ကိုတီထွင်တာကတော့
Traveling Sandwich ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။
ဒီတစ်ခါမှာတော့ Sandwich ကားလေးက ရောက်တတ်ရာရာသွားရင်းနဲ့
တာကာဆာကီဆိုတဲ့ စိုက်ပျိုးရေးမြို့လေးကို ရောက်သွားပါတယ်။

“ပေါင်မုန့်ဆိုတာ ရှိနေရင်ဝေမျှရတယ်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Kurumiတစ်ယောက်
လမ်းမှာတွေ့သမျှလူတွေကို ကူညီရင်းနဲ့ ရွာသားတွေနဲ့ ဘယ်လိုရင်းနှီးသွားမလဲ။
စိုက်ပျိူးရေးမြို့ငယ်လေးဖြစ်တာနဲ့အညီ ဒေသထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေနဲ့
ဘယ်လိုထူးခြားတဲ့ sandwich တွေကို ဖန်တီးသွားမလဲ။
သူတို့ကိုတည်းခိုခွင့်ပေးထားတဲ့‌တောင်သူကြီးယိုဂျီရဲ့ပြဿနာကိုရော
ဘယ်လိုကူညီဖြေရှင်းပေးသွားမလဲ‌ဆိုတာကို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။

စိတ်အပန်းဖြေဖို့ ရုပ်ရှင်လေးတစ်ကားလည်းကြည့်ချင်တယ်
အချိန်လည်းအများကြီးမပေးချင်ဘူးဆိုသူတွေအတွက်
တစ်နာရီနဲ့ Healingဖြစ်စေမယ့် ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size… 1GB | 450MB | 216MB
Format… mp4
Duration…. 48min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
旅するサンドイッチ
Release Date
23 September 2022
Runtime
48min
Popularity
0.84
Status
Released
ID IMDb.com
1017206
ID Themoviedb.org
1017206