Channel Myanmar

Trees of Peace (2022)

TV-MA 1h 37min Drama

6.5
IMDB: 6.5/10 512 votes

11 Wins

276749

Report error

Trees of Peace (2022)

လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။
ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း
သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။
ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ
၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။
ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက
ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး
အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။

ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက
အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။
အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း
သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။
အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။
အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ်
အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။
ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက်
အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။
ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။

ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။
သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့
ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။

အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size…1.4GB | 479MB | 236MB
Format… mp4
Duration…. 1h 37min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. W
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Trees of Peace (2022)
Trees of Peace (2022)
Trees of Peace (2022)
Trees of Peace (2022)


No downloads available

Genres



Related movies