Channel Myanmar

True Sight (Ti8) (2019)

True Sight    

N/A N/A Sport

7.4
IMDB: 7.4/10 5 votes

N/A

USA

931876

Report error

True Sight 2018

Dota ကစားသမားတွေစောင့်မျှော်နေတဲ့True Sight2018ကတော့ ထွက်ရှိလို့ပါပြီ

True Sightဆိုတာကို တော်တော်များများကသိကြပေမယ့်

မသိသေးတဲ့လူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်

The Internationalဆိုပြီး နိုင်ငံတကာမှDota2အသင်းများဝင်ရောက် ယှဉ်ပြိုင်ကြတဲ့TI ပြိုင်ပွဲကြီးကို

နှစ်စဉ်ကျင်းပလာတဲ့အခါမှာအခုဆို ၈ကြိမ်မြောက် ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်

တစ်ကြိမ်ကျင်းပပြီးတိုင်း နောက်ဆုံးဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ အသင်းတွေရဲ့

Stageနောက်ကွယ်က အခြေအနေအတွေ

Player တွေတစ်ယောက်ချင်းစီရဲ့Final ၅ပွဲအတွင်း စိတ်ခံစားမှုတွေကို

ကွက်ကွက်ကွင်းကွင်း ဇာတ်လမ်းတစ်ပုဒ်လို ရိုက်ပြထားတာကိုTrue Sightလို့ ခေါ်တာပါ

တကယ်တော့ နားလည်လွယ်အောင်သာဇာတ်လမ်းလို့ခေါ်တာပါ

ဇာတ်လမ်းမဟုတ်ပါဘူး Playerတွေရဲ့သဘာဝစစ်စစ်တွေကို ပြသထားတာပါ

အခုဒီTrue Sightကတော့ မနှစ်ကယှဉ်ပြိုင်ကစားခဲ့တဲ့TI8 Finalမှာ

တွေ့ဆုံခဲ့ကြတဲ့ PSG.LGD အသင်းနဲ့ OGအသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို ပြသထားတာပါ

OGအသင်းက TIဝင်ပြိုင်ခါနီးမှာ အသင်းသား၂ယောက် ထွက်သွားတာကြုံတွေ့ခဲ့ပြီး

ကမန်းကတမ်း ပြန်လည်ဖွဲ့စည်းထားရတာပါ

PSG.LGD တရုတ်နိုင်ငံကိုယ်စားပြုအသင်းကတော့

လူတိုင်းစောင့်ကြည့်ခံနေရတဲ့အသင်းပါ

မယုံနိုင်စရာပဲ ကမန်းကတမ်းလူစာရင်းနဲ့ OGကFinalကိုတက်လာနိုင်ပြီးတော့

PSG.LGDနဲ့ ဖိုင်နယ်မှာပြန်တွေ့ပါတယ်

(ပထမတစ်ခါ TI8 အုပ်စုပွဲစဉ်တွေမှာတွေ့တော့OGကနိုင်ခဲ့တာပါ)

ဒါပေမယ့်လဲOGက TIချန်ပီယံဖြစ်ဖို့ဝေးလို့Finalတက်ဖို့တောင်အနိုင်နိုင်လို့ထင်ထားတဲ့သူတွေအများကြီးပါ

ဒါပေမယ့်လည်းOGတက်ရောက်လာခဲ့ပါတယ် OGဟာအရာရာ ဆုံးရှုံးခဲ့သူပါ

အသင်းသား၂ယောက်ဆုံးရှုံးရတယ် ဖိနှိပ်မှုတွေခံရတယ်

ဒါပေမယ့် ဘာမှထပ်ဆုံးရှုံးစရာမရှိတော့တဲ့ သူတစ်ယောက်က လောကမှ ကြောက်ဖို့အကောင်းဆုံးမဟုတ်လား…

OG မှာ နိုင်လဲအမြတ် မနိုင်လဲ အရင်း ထပ်ဆုံးရှုံးစရာမရှိတော့ပါဘူး

သူတို့ ရလဒ်ကို မမျှော်ကိုးပဲ ယှဉ်ပြိုင်ခဲ့ပါတယ်

ဒီ True Sightမှာခေါင်းဆောင်ကောင်းဆိုတာဘယ်လိုလဲ

Dotaဆိုတာဘယ်လိုGameမျိုးလဲဆိုတာကို သင်တို့နားလည်သွားမှာပါ

(Dota သမားမဟုတ်တဲ့သူတွေများကလဲ TIပြိုင်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားပုံကို စပ်စုကြည့်သင့်ပါတယ်)

ဘာသာပြန်ပေးထားတာတော့Wai Zinဖြစ်ပြီးsithuကencodeပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies