Channel Myanmar

Content at random


TV Series

Dancing Flames (2024)
Dancing Flames (2024) ကကြိုးဆင် မီးတောက်များ (၂၀၂၄)ဖရဖိုင်နဲ့ဒင်က ကျောင်းတက်ကတည်းက ချစ်ခဲ့ကြတဲ့ သူတွေပေါ့ ဒင်က လျှပ်စစ်အင်ဂျင်နီယာ ဖြစ်ပြီး ဖရဖိုင်ကတော့ ဒေါက်တာတစ်ယောက်ပါ သူတို့နှစ်ယောက် လက်ထပ်လိုက်ပြီး သမီးလေး တစ်ယောက်ရခဲ့ပါတယ် ဒီလိုနဲ့နေတာ ကြာလာတော့ ဖရဖိုင်က ဒင်ကို ဂရုစိုက်မှုတွေ ပေါ့လျှော့လာပါတယ် ဖရဖိုင်က အလုပ်ကိုပဲ ဦးစားပေးဖြစ်နေတယ်လို့ ဆိုရပါမယ် ဒင်ကလည်း ယောကျာ်းတို့ရဲ့ သဘာ၀အရ ကာမစိတ်မကင်းကွာတဲ့ သူပါ ဇနီးဖြစ်သူက မအားလပ်နေတာကြောင့် သူ့စိတ်ထဲ တစ်ခုခုလိုအပ်နေခဲ့ပါတယ် ဖလိမ်းက နာမည်ကြီး အ၀တ်ဘရန်းပိုင်ရှင် တစ်ယောက်ပါ အမြဲတမ်း လှသွေးကြွယ်နေတဲ့ သူလို့လည်း ပြောလို့ရပါတယ် သို့ပေမဲ့ ဖလိမ်းမှာ စနိုက်ကျော်တတ်တဲ့ အကျင့်ရှိပါတယ် သူ ကြိုက်ပြီဆိုရင် အိမ်ထောင်ရှိလည်း ဂရုစိုက်တတ်တဲ့သူပါ တစ်နေ့ ဒင်နဲ့ဆုံပြီး ဒင်ကို ပိုင်ဆိုင်ချင်ခဲ့ပါတယ် ဒီကိစ္စကို ဖရဖိုင်သိသွားပြီး သူ့အိမ်ထောင်ရေးကို ကြားလူ ၀င်မဆွတ်ဖက်နိုင်အောင် ဘယ်လိုကာကွယ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညျွန်းကိုတော့ Fake Love က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Fake Love, Nang Mwe Kham, Lei Wutyi Tun ...

Dancing Flames (2024)

1000 Years Old (2024)
1000 Years Old (2024) ဗန်ပိုင်းယား ရင်ခုန်သံ (၂၀၂၄) အညွှန်းဒီဇာတ်လမ်းတွဲလေးကတော့ လူသားနဲ့ Vampire ကြားက BL အချစ်ဇာတ်လမ်းတွဲလေးပါ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းသားလေး ယို့ ဟာ တစ်နေ့မှာ ဝက်သွေးစွပ်ပြုတ်ဆိုင်မှာထိုင်နေတုန်း ပန်းကန်အကြီးကြီးနဲ့ ဝက်သွေးစွပ်ပြုတ်ကို တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေတဲ့ နေရောင်ကြောက်တဲ့ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသတဲ့ထူးထူးဆန်းဆန်းမို့ စိတ်ထဲကိုရောက်သွားတဲ့ အဲဒီလူကို "ဆန်းကြယ်တဲ့လူ" ဆိုပြီး စိတ်ထဲမှာ နာမည်ပေးမိရင်း သူနဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ သူ့အကြောင်း စုံစမ်းရှာပုံတော်ဖွင့်ကြပါတော့တယ်Vampire လူသားလေး ပန်ကလည်း ပထမဆုံးအနေနဲ့ ယို့ဆိုတဲ့ လူသားကောင်လေးကို ယုံကြည်စွာနဲ့ သူ့ဘဝထဲကို ဝင်ဖို့ တံခါးဖွင့်ပေးဖြစ်တဲ့အခါ ..လူသားကောင်လေး နဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Vampire ကောင်လေးတို့ရဲ့ ခပ်ချိုချို အချစ်ဇာတ်လမ်းလေးကိုရှုစားရမှာဖြစ်တာမို့ ဆက်ဆက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Mary, Char Ou တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p ...

1000 Years Old (2024)

2024
Legend of the Hidden Land (2024)
Legend of the Hidden Land (2024) လျှို့ဝှက်ကျွန်း ရဲ့ ဒဏ္ဍာရီ (၂၀၂၄)ဘန်ဘွန်တိုင်းပြည်ခေါ်တဲ့ မှော်၀င်တိုင်းပြည်ကြီးမှာ နယ်နိမိတ် လေးခုနဲ့ ဖွဲ့စည်းထားပါတယ် မြွေဘုရင် ဆင်ဘုရင် သိမ်းငှက်ဘုရင်နဲ့ ကျွဲရိုင်းဘုရင်တို့က အသီးသီးအုပ်ချုပ်ကြပါတယ် ဘုရင် လေးယောက်မှာ မြွေဘုရင်က ရတနာကိုးပါးစီမံထားတဲ့ နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်ခွင့်ရထားပါတယ် ဒါကြောင့် ဘန်ဘွန်တိုင်းပြည်မှာ မြွေဘုရင်က အင်အားအကြီးဆုံးဖြစ်ပါတယ် ကျန်သော ဘုရင်သုံးပါကလည်း နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်လိုစိတ် ရှိကြပါတယ် ထိုထဲမှာမှ သိမ်းငှက်ဘုရင်က အဆိုးဆုံးပါ ‌နုတ်ဖရတ်တုတ်တံကို လုယူဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ သိမ်းငှက်ဘုရင်က သူ့သားဖ့စ်တဲ့ ခမ်းဖာကို မြွေဘုရင်ရဲ့ သမီးနာရင်နဲ့ ချစ်ကြိုက်စေဖို့ မြွေအသွင်ဖန်ဆင်းပြီး စေလွှတ်ခဲ့ပါတယ် နာရင်နဲ့ ချစ်ကြိုက်သွားပြီးနောက် နာရင်မှာကိုယ်၀န်ရှိခဲ့ပါတယ် ခမ်းဖာတစ်ယောက် သူ့အဖေ လုယူခိုင်းတဲ့ နုတ်ဖရတ်တုတ်တံကို လုယူဖို့ ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး ဒီအကြောင်းကို သိမ်းငှက်ဘုရင်တို့ အုပ်စု သိသွားတော့ မြွေဘုရင်နယ်မြေကို လာတိုက်ခိုက်ပါတော့တယ် မြွေဘုရင်က နုတ်ဖရတ်တုတ်တံကို သိမ်းငှက်ဘုရင်ကို မပိုင်ဆ်ုင်စေလိုသောကြောင့် နေရောင်ခြည်ရဲ့ အလင်းတန်းနှင့် တုတ်တံကို ဖျက်စီးပစ်ခဲ့ပါတယ် တုတ်တံထဲက ရတနာကိုးပါးလည်း ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ကိုရောက်သွားပါတယ် နုတ်ဖရတ်တုတ်တံကို အရင်လည်း ရတနာကိုးပါနဲ့စုစည်းနိုင်မယ့်သူက နာရင်မွေးလာမယ့် ...

Legend of the Hidden Land (2024)

2024
We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Parish (2024) 8.2
Parish (2024) လူတိုင်းအမြင်ကတ်ပြီး ကြောက်ဖို့ကောင်းတဲ့ Breaking Bad ထဲက ကြက်ကြော်ဆိုင်ပိုင်ရှင်ကြီး Gus Fring အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Giancarlo Esposito ခေါင်းဆောင်ပြီး ပါဝင်ထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Drama, Crime Fiction အမျိုးအစား TV Series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။IMDb မှာလဲ 6.9 အထိရရှိထားပြီးတော့ Giancarlo Esposito ရဲ့မှင်သေသေ အမှားမလုပ်တတ်တဲ့ပုံစံမျိုးနဲ့ ဇာတ်ကောင်က တော်တော်လေးကို လိုက်ဖက်တဲ့ စီးရီးလေးပါ။ ဇာတ်လမ်းတင်ဆက်ပုံလေးကလဲ သွေးအေးအေးနဲ့ ဟာကွက်တွေမရှိအောင် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေပုံစံမျိုးနဲ့တင်ဆက်ထားတာဆိုတော့ ဒီလို Drama Crime Theme နဲ့ ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့စီးရီးလေးပါ။အရင်က Transpoter ဇာတ်ကားပုံစံမျိုးလေးကိုမှ ဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်တုန်းက ဒုစရိုက်လောကမှာ နာမည်ကျော် ကားမောင်းသမားအဖြစ် နာမည်ကြီးနေတဲ့ ဂရေးတစ်ယောက် သူ့ရဲ့သားဖြစ်သူတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်မှာတော့ ဒီအရိပ်မည်းကြီးက သူ့ကိုအမြဲခြောက်လှန့်နေခဲ့တယ်။သူ့ရဲ့သားဖြစ်သူရဲ့ ဖြစ်ရပ်ကြောင့်ပဲ ဒီလောကကနေ အနားယူလိုက်ပြီး ကားဝပ်ရှော့လေးဖွင့်ပြီး အေးအေးချမ်းချမ်း မိသားစုဘဝလေးတည်ထောင်နေခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အရင်တပည့်ဖြစ်သူက ပေါက်ကရအရှုပ်တွေလုပ်လာခဲ့ပြီး ဒီကိစ္စတွေထဲ ဂရေးတစ်ယောက် ပါဝင်သွားခဲ့ရာမှ ...
8.2
TMDb: 8.2/10 5 votes
tv

Parish (2024)

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
Raisinghani vs Raisinghani (2024)
Raisinghani vs Raisinghani (2024) Raisinghani vs Raisinghani (2024) IMDb - 6.3/10အိန္ဒိယရဲ့ ရုပ်သံဇာတ်လမ်းတွဲအနုပညာကြေး အမြင့်ဆုံးထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဂျနီဖာဝင်ဂတ် အထူးသရုပ်ဆောင်ထားပြီး Sony Livကနေ တင်ဆက်ပေးသွားတဲ့ အရမ်းမိုက်တဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ရိုင်ဆင်ဂ်ဟာနီဆိုတဲ့မိသားစုက အရမ်းကို နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေ့နေမိသားစုကြီးပေါ့။ အဘိုးကအစ မြေးအဆုံး ရှေ့နေတွေဖြစ်ပြီး မြေးမလေး အနွတ်ရှ်ကာကတော့ ရဲရင့်ဖျက်လတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေး တစ်ဦးပေါ့။ဗီရတ်ကတော့ အနွတ်ရှ်ကာတို့ ရှေ့နေကုမ္ပဏီမှာပဲ နာမည်ကြီးတဲ့ ရှေ့နေတစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ အတိတ်ကဇာတ်လမ်းတွေကို ပြည်ဖုံးကားချလို့ ကုမ္ပဏီမှာ အမှုတွေကို သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခဲ့ပါတယ်။ဗီရတ်ရဲ့ငယ်သူငယ်ချင်း နာမည်ကျော်ခရစ်ကတ်သမားရဲ့ အမှုကို နှစ်ဦးသား အတူတူလိုက်ပေးဖို့ အကြောင်းဖန်လာရာကစ အန်ကီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် လျှို့ဝှက်ချက်တွေနဲ့ အနွတ်ရှ်ကာဆီမှာ လက်ထောက်ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှာတော့...။သမိုင်းကြောင်းကောင်းလှတဲ့ ရှေ့နေမိသားစုကြီးရဲ့ကြားက သံယောဇဉ်အရှုပ်အရှင်းတွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ တရားတဘောင်ရင်ဆိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းကို V မှ ရေးထားပြီး V ~ Yunni ~ Alex ~ ...

Raisinghani vs Raisinghani (2024)

2024
Best Choice Ever
Best Choice Ever ဒီကားလေးကတော့ တရုတ်ဇတ်လမ်းတွဲတွေကြည့်နေကျ ပရိသတ်တွေမစိမ်းမဲ့ နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသမီးမမ YangZi နဲ့ မင်းသားကိုကို Xu Kai တိုလိုက်ဖက်ညီညီပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစု drama ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ရှင် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့တော့ : ရှန်ဟိုင် "Mai" မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးက မိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားက ဆက်ဆံရေး‌ဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ...

Best Choice Ever

2024
Come and Hug Me(2018) 6.9
Come and Hug Me(2018) Come and Hug Me(2018)**********************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး Jang Ki Yong(Chae Do Jin)နဲ့ Jin Ki Koo(Han JaeYi)တို့ဟာ ငယ်စဉ်ကတည်းကကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသလို အဲဒီကတည်းကတစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတဲ့ အချစ်ဦးတွေဖြစ်ကြပါတယ် Chae Do Jin ရဲ့ဖခင်ဖြစ်သူဟာ psychopath တစ်‌ယောက်ဖြစ်ပြီး တစ်နေ့မှာHan Jae Yi ရဲ့မိဘတွေကိုရက်ရက်စက်စက်သတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းမှာ အချစ်ဦးနှစ်ယောက်ဟာကွဲကွာခဲ့ပါတယ်... နှစ်များစွာကြာပြီးတဲ့နောက် Chae Do Jin ဟာစုံထောက်ဖြစ်လာပြီးHan Jae Yi ဟာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်...Chae Do Jin တစ်ယောက်စုံထောက်ဖြစ်လာပြီး သူ့အဖေအရင်းကိုဘယ်လိုဖမ်းမလဲ ....သူ့ရဲ့အချစ်ဦးကောင်မလေးနဲ့ရော ဘယ်လိုပြန်ဆုံတွေ့ပြီး ဘယ်လိုတွေကာကွယ်ပေးမလဲဆိုတာကြည့်ရမှာပါ.... ChaeDoJin ဖခင် psychopath အဖြစ်ပါဝင်ထားတဲ့ Heo Jun Ho ဟာလည်းvillain ခန်းတွေမှာအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးဖြစ်တာမို့သူ့အခန်းတွေမှာဒေါသထွက်ရမှာဖြစ်သလို မင်းသားမင်းသမီးကြားကChemistry ကလည်းမိမိုက်တာကြောင့် ဒေါသထွက်လိုက် အချိုလေး‌တွေစားရလိုက်နဲ့ကြည့်ရမှာမို့ ကြည့်လိုက်ကြပါဦး....Episodes: 16 Aired: ...
6.9
TMDb: 6.9/10 26 votes
tv

Come and Hug Me(2018)

2018
Blossoms in Adversity
Blossoms in Adversity ချင်မင်းဆက်ခေတ်မှာ ဟွားအိမ်တော်အပေါ် ဧကရာဇ်မင်းကအမျက်တော်ရှတဲ့အခါ ကလေးအရွယ်သာရှိသေးတဲ့ ယောက်ျားလေးတွေကလွဲပြီးသခင်ကြီးဖြစ်သူ ဟွားလူကြီးမင်း ဟွားယိကျန့် အပါအဝင် တစ်မိသားစုလုံးမှာရှိတဲ့အရွယ်ရောက်ပြီးသား ယောက်ျားသားများအားလုံး နယ်နှင်ဒဏ်ပေးခံရပါတော့တယ်အဲဒီအခါမှာတော့ မိသားစုရဲ့ အကြီးဆုံးသခင်မလေးဖြစ်သူ ဟွားကျစ် (Zhang Jing Yi) ဟာ၁၅ နှစ်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သူ့အရည်အချင်းတွေကို ဖော်ထုတ်ပြီး လဲပြိုတော့မယ့် မိသားစုကိုအငတ်ဘေးနဲ့ အကျပ်အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပြီး ကြိုးပမ်းရပါတော့တယ်လဲပြိုနေတဲ့မိသားစုကို ဆွဲထူဖို့ ဦးဆောင်ကြိုးစားနေတဲ့ ဟွားကျစ်တစ်ယောက် သူ့အတွက်အားကိုးဖို့ လက်ကမ်းပေးလာတဲ့ လင်မင်းသားရဲ့ သားတော် ကုယန့်ရှီး (Hu Yi Tian)နဲ့ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာ အခြေအနေမတူတဲ့ သူတို့ ၂‌ ယောက်ရဲ့ ချစ်ခရီးလမ်းက‌ရောဖြောင့်ဖြူးပါ့မလား မြင့်မြတ်တဲ့မိသားစုက သခင်မလေးဘဝကနေသုညဘဝပြန်ရောက်သွားတဲ့မိသားစုကို ဟွားကျစ်တစ်ယောက် ဘယ်လိုဦးဆောင်ပြီး ဆွဲထူမလဲဟွားအိမ်တော်အပေါ်ကို ဧကရာဇ်မင်း အမျက်တော်ရှရတဲ့ အကြောင်းအရင်းကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ရှူစားကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes ...

Blossoms in Adversity

2024
Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024
Blood Free (2024)
Blood Free (2024) Blood Free (2024)*******************အပိုင်းသစ် (၃+၄) ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, dramaအမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲကနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon,ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo,ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း...လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ ...

Blood Free (2024)

2024
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021) 7.7
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)    ကလေးဘဝမှာဖြစ်ဖြစ် လူကြီးဖြစ်မှဖြစ်ဖြစ် ရုပ်ရှင်ချစ်သူအတော်များများ ချက်ကီဆိုတဲ့ အရုပ်ကိုမသိတဲ့သူ ရှားပါလိမ့်မယ်။အသက်ဝင်နေပြီး ဒေါသကြီးတဲ့ ရက်စက်တဲ့ လူသတ်အရုပ်လေးအဖြစ် သိကြမှာပါ။ ချက်ကီမှာ နောက်ကြောင်းရာဇဝင်တွေ တစ်ကားနဲ့တစ်ကား ကွဲပြားနေပါသေးတယ်။ဒီစီးရီးမှာလည်း ချက်ကီရဲ့ နောက်ကြောင်းရာဇဝင်ကို ပဟေဠိဆန်ဆန်လေးနဲ့ ကြောက်စရာကောင်းအောင် ပြသထားပါပြီ။ဇာတ်လမ်းကလည်း ဆန်းသစ်တာမို့ လျို့ဝှက်ဆန်းကြယ်၊ ကြောက်စရာ အမျိုးအစားကြိုက်သူတွေအတွက်တော့ အကြည့်သင့်ဆုံးစီးရီးပါပဲ။ Rating လည်း 7.7 ဆိုတော့ ပေါကားမဟုတ်တာတော့ သေချာပါတယ်။ File size…(620 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson Season 3 Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamwish Episode 1 1080p  - ...
7.7
TMDb: 7.7/10 9 votes
tv

Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)

2021
Monsters at Work (2021) 7.169
Monsters at Work (2021)  ဒီစီးရီးလေးက ကျွန်တော်တို့အားလုံး ငယ်ငယ်ကကြိုက်နှစ်သက်ခဲ့တဲ့ Monsters, Inc.ရုပ်ရှင်ရဲ့နောက်ဆက်တွဲစီးရီးလေးပါ...။မူရင်းဇာတ်ကားကလို ချစ်စဖွယ်လေးဇာတ်အိမ်လေးနဲ့မို့Monsters, Inc. ဖန်တွေအားလုံးကြိုက်နှစ်သက်ဦးမှာပါပဲ...။ဇာတ်လမ်းအကြောင်းလေးကတော့....မွန်းစတားတွေဟာ ကလေးသူငယ်တွေကို ခြောက်လှန့်ပြီးမြို့တော်အတွက်ဓာတ်အားရှာတဲ့ စနစ်ကိုမသုံးကြတော့ပါဘူး...။ဘာလို့ဆို ကြောက်လှန့်လို့အော်ဟစ်တဲ့အသံထက် ကလေးတွေရဲ့ရယ်မောသံဟာဓာတ်အားပိုထုတ်ပေးနိုင်လို့ပါပဲ...။ဒါက မူရင်းဇာတ်လမ်းပြီးဆုံးသွားတဲ့အပိုင်းပေါ့...။ဒီလိုမွန်းစတားလောကမှာ အပြောင်းအလဲကြီးပြောင်းလဲနေတာကို မသိတဲ့ မွန်းစတားလေးတစ်ယောက်ရှိပါတယ်...တိုင်လာ တက်စ်မွန်ပါ...။တိုင်လာတစ်ယောက် မွန်းစတားအင့်စက်ရုံကို ခြောက်လှန့်သူအဖြစ်အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့အခါမှာတော့ရောက်ရောက်ချင်းနေ့မှာပဲ အလုပ်ပြုတ်သွားရှာပါတယ်။ဘာလို့ဆို မွန်းစတားအင့်က ကလေးတွေကို ရယ်မောအောင်လုပ်ဖို့အတွက် ပြက်လုံးထုတ်တတ်တဲ့ မွန်းစတားတွေကိုပဲအလုပ်ခေါ်တော့လို့ပါ...။ဒီတော့ တစ်သက်လုံး ခြောက်တာလှန့်တာပဲလေ့ကျင့်လာတဲ့မွန်းစတားလေးတစ်ယောက်က ပြက်လုံးထုတ်တတ်တဲ့မွန်းစတားဖြစ်အောင်၊ နာမည်ကျော် မွန်းစတားအင့်ကုမ္ပဏီကြီးမှာအလုပ်လုပ်ခွင့်ရအောင် ကြိုးစားတဲ့ဇာတ်အိမ်လေးကိုချစ်စဖွယ်မြင်တွေ့ရဦးမှာပါ.....။ဒါ့အပြင် တစ်ချိန်က ကလေးဘဝမှာ အားလုံးအချစ်တော်ဖြစ်ခဲ့တဲ့မိုက်ဝဇားစကီးတို့ ဂျိမ်းပီဆူလီဗန်တို့ကိုလည်း မြင်တွေ့ရမှာမို့အလွမ်းပြေကြည့်ရှုသင့်တဲ့ စီးရီးလေးပဲဖြစ်ပါတယ်ဗျာ.... File Size –  488 MB / 211 MBQuality –WEB-DL 1080p , 720pDuration – 22 Min  (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat ...
7.169
TMDb: 7.169/10 1346 votes
tv

Monsters at Work (2021)

2021
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၆၁) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၁၉) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၁၆ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024

Genres

Archives