Channel Myanmar

Ahn Eun-jin

Diary of a Prosecutor(2019) 6.4
Diary of a Prosecutor(2019) Diary of a Prosecutor(2019)**************************အပိုင်း(၁ မှ ၁၆) စ/ဆုံးIMBD Rating 8.0/10 ရထားတဲ့ ဒီကားလေးရဲ့ Cast တွေအနေနဲ့ကတော့ ကြွေလွင့်သွားပြီဖြစ်တဲ့မင်းသားကြီး Lee Sun Kyun၊ ရှေ့နေကား အမှုစစ်ကားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့မင်းသမီး Jung Ryeo Won ၊ ကိုရီးယားရုပ်ရှင်လောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့မင်းသားကြီး Lee Sung Jae၊ The Good Bad Mother ,My Dearest စတဲ့ဇာတ်လမ်းတွဲထဲကမင်းသမီး Ahn Eun Jin တို့ကအဓိကပါဝင်ထားပါတယ်။အီဆွန်းဝွန်း( Lee Sun Kyun) ကတော့ ဂျင်ယောင်းခရိုင်အမှုစစ်ရုံးမှာ တာဝန်ကျတဲ့အမှုစစ်တစ်ယောက်ပါ။ အပြင်ပန်းမှာတော့ သူ့ကို နှေးကွေးပြီးတော့ ရည်မှန်းချက်မရှိတဲ့သူလို့ မြင်ရပေမဲ့သူ့အတွင်းစိတ်ကတော့ အပြင်ပန်းပုံစံနဲ့ကွဲပြားပါတယ်။ချာမြောင်းဂျူ( Jung Eyeo Won) ကတော့ ဆိုးလ်ဗဟိုခရိုင်အမှူစစ်ရုံးကထက်မြတ်တဲ့ အမှုစစ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ ရုတ်တရက်ဂျင်ယောင်းခရိုင်အမှုစစ်ရုံးကို ပြောင်းရွှေ့ခံလိုက်ရတဲ့အတွက် ...
6.4
TMDb: 6.4/10 13 votes
tv

Diary of a Prosecutor(2019)

2019
My Dearest (2023)S1+S2 [Complete]
My Dearest (2023)S1+S2 [Complete] My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့  The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size –  1.2GB/500MBQuality –1080p, 720pDuration – 1h  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...

My Dearest (2023)S1+S2 [Complete]

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
The One and Only (2021) 8.0
The One and Only (2021) The One and Only (2021)===================2021 မကုန်ခင်မှာ CMက ဘာသာပြန်တင်ဆက်ပေးမယ့် နောက်တစ်ကားကတော့ JTBCက ထုတ်လွှင့်ပြသမယ့် melodramaဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်က မိဘစွန့်ပစ်တာခံခဲ့ရပြီး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ Pyo In Sook(Ahh Eun Jin)က နာမကျန်းဖြစ်ခဲ့မှုကြောင့် အာရုံခံစားနိုင်မှုတွေ ပျောက်ဆုံး နေပြီး သေခြင်းနဲ့နီးကပ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ Woo Cheon(Kim Kyung Nam) ကတော့ လူသတ်မှု တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် အလွတ်စုံထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး တရားမဝင်တဲ့ ကိစ္စတွေကိုတောင် တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်နိုင်သူ... ဘဝမှာဘာအကြောက်တရားမှ မရှိတဲ့ လူတစ်ယောက်။ဒီနှစ်ယောက်ပဲလားဆိုတော့ မဟုတ်ပါဘူး နောက်ထပ် ကိုယ်စီအပူအပင်အပြည့်နဲ့ဇာတ်ကောင် နှစ်ဦးလည်းပါပါသေးတယ်။ သာမန် အိမ်ထောင်သည်ဘဝနဲ့ နေထိုင်ခဲ့ပေမဲ့ အထီးကျန်နေခဲ့ပြီး သေခြင်းရဲ့ဒဏ်ခတ်မှုနဲ့ကိုပါခံနေရသူ Se Yeon(Gang Ye Won)... ဆိုရှယ်မီဒီယာမှာ influencer အနေနဲ့ ရပ်တည်နေသူဖြစ်ပေမယ့်၊ တကယ်တမ်းကျ မကြာခင် သေဆုံးရတော့မယ့် ကောင်မလေး Mi Do(Joy)...မတူညီတဲ့ဇာတ်ကောင်တွေဆိုပေမဲ့ တစ်ဦးစီမှာရှိနေ‌တဲ့ နာကျင်မှုတွေက မထူးမခြားမနားပါပဲ။ ဘဝမှာ ...
8.0
TMDb: 8.0/10 5000 votes
tv

The One and Only (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021
Hospital Playlist Season 1 (2020)
Hospital Playlist Season 1 (2020) Hospital Playlist (2020)==================Korea Drama List မှာ Rating 10/10 ထိရရှိထားပါတယ်။#Unicodeဒီတစ်ခါ ဇာတ်လမ်းတွဲလေးကတော့ March 12 ရက်နေ့ကမှ Netflix မှာစတင်ပြသခဲ့တဲ့ Series အသစ်လေးဖြစ်ပါတယ်။အပိုင်း(၁၂)ပိုင်းရှိပြီး အပတ်စဥ် ကြဿပတေးနေ့တိုင်းထွက်လာမှာဖြစ်ပြီး သောကြာညတိုင်း cm ကနေတင်ပေးသွားပါမယ်။ဒီ TV Series လေးကအရင်ကထွက်ရှိခဲ့တဲ့ ဆရာဝန်ကားတွေနဲ့ မတူတဲ့ ဆရာဝန်ကားလေးပါပဲ။ တကယ့်ဘဝတွေနဲ့ ပိုနီးစပ်ပါတယ်။ဆေးကျောင်းအတူတူ တက်ခဲ့ကြတဲ့ ဆရာဝန် သူငယ်ချင်း ၅ ယောက်ရဲ့ ဇာတ်လမ်းပါ။တစ်ယောက်က ပျော်တတ်တယ်။တစ်ယောက်က အူကြောင်ကြောင်။တစ်ယောက်က စာအုပ်ကြီးသမား။တစ်ယောက်ကတော့ ခံစားလွယ်တယ်။တစ်ယောက်ကတော့ လိုရင်းတိုရှင်းသမား။ အပြင်မှာလည်း ဒီလိုဆရာဝန်မျိုးတွေ အစုံပါပဲ။ ထွေလာမှာ ပါတဲ့ ဒိုင်ယာလော့တစ်ခုကို သဘောကျစရာပါ။ဆရာဝန်တွေ‌ ပြောနေကျစကားတွေကို သိလား????? "မသေချာပါဘူးခင်ဗျာ" တို့ . "မသိသေးပါဘူး" တို့ဆိုတာလေ . ဒါမှမဟုတ် "စောင့်ကြည့်ရဦးမယ်" ဆိုတာမျိုးလေ။ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့စကားကို သူတို့ ...

Hospital Playlist Season 1 (2020)

2020
More Than Friends(2020)[စ/ဆုံး]
More Than Friends(2020)[စ/ဆုံး] More Than Friends(2020)အညွှန်း**********************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံး"ချစ်သူကိုတောင်ချစ်တယ်လို့ မပြောရဲတဲ့ကောင်......ရာစုတစ်ထောင်နေရစ်ခဲ့....ထိုသို့ဖြင့် စကားမဲ့စေသတည်း" ဒီကဗျာလေးက ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ် ကဗျာထဲကတစ်ပိုဒ် ဖြစ်ပါတယ်....စကားတွေမဲ့စေခဲ့တာ ဘာ့ကြောင့်များလဲ... ဘာလို့ဖွင့်မပြောရဲတာလဲ...နောက်ဆုံး ရာစုတစ်ထောင်နေရစ်ခဲ့တဲ့..ဆွေးမြေ့စရာကောင်းလွန်းလှပါတယ်....ဒီလိုအဖြစ်အပျက်တွေဟာတကယ်တော့ ငယ်သူငယ်ချင်းတွေကြား အချစ် ပေါက်ဖွားလာတဲ့အချိန်မှာ မသင့်တော့ဘူးလို့ထင်လို့ ထိန်းချုပ်ခဲ့တာတွေ....ကိုယ့်အပေါ်ရိုးသားမှုကို အခွင့်အရေးယူသလိုဖြစ်မှာစိုးတာတွေရယ်လက်ရှိဖြစ်တည်နေတဲ့ ခင်မင်မှုတွေကို ပျောက်ကွယ်သွားမှာစိုးတာရယ်နဲ့Friend Zone ထဲမှာ တိတ်တိတ်လေးစကားမဲ့နေတဲ့သူတွေပေါ့...ဒီကိုးရီးယားစီးရီးလေးက အပေါ်ကအကြောင်းအရာတွေနဲ့ဇာတ်အိမ်တည်ထားပြီးကျောင်းသားဘဝလေးတွေနဲ့ လှလှပပ ပုံဖော်ထားတယ်....ကြည်နူးဆွတ်ပျံဖွယ်ရာကောင်းတဲ့စီးရီးလေးမို့ လက်မလွှတ်သင့်ပါကြောင်းထပ်လောင်းသတင်းကောင်းပါးပါရစေ...Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Romance, DramaTranslated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin PaleEncoder – Phyo Pyae  Complete ...

More Than Friends(2020)[စ/ဆုံး]

2020
Strangers From Hell (2019) 8
Strangers From Hell (2019) (Unicode) ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခုဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn တွေကြည့်နေတဲ့ နှာဘူးတစ်ယောက်ကြပ်မပြည့်မတ်မပြည့်ညီအစ်ကို၂ယောက် ရုပ်ကလေးချောချောလေးနဲ့ဘာလုပ်လို့ဘာကိုင်မှန်းမသိ အိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့လူတစ်ယောက်အဲ့လိုမျိုးအရှုတ်ထုတ်တွေကြားထဲကိုရောက်သွားတဲ့ မွဲတေနေတဲ့ အလုပ်သစ်ရကာစကောင်လေးတစ်ယောက် အဲ့ရပ်ကွက်ကကြောင်တွေ၁၃ကောင်ဆက်တိုက်သေတယ်ကြောင်သေမှုကိုစုံစမ်းချင်နေတဲ့ရဲမေလေးတစ်ယောက်ရှိတယ်ပရဟိတတွေလုပ်ပြီးချောမောတဲ့သွားဆရာဝန်တစ်ယောက်လဲပါတယ်အဲ့ရပ်ကွက်မှာ လူပျောက်မှုတွေလဲမကြာမကြာဖြစ်တတ်တယ် ဒီကားကဘယ်လိုကားမျိုးလဲparasite ကိုကြည့်ပြီးပြီလား အဲ့ကားကိုကြည့်တုန်းမှာ ခံစားရတဲ့ခံစားမှုကိုမှတ်မိသေးလားမွန်းကြပ်မှု အားမလိုအားမရဖြစ်မှု ကြောက်လန့်မှု စိတ်လှုပ်ရှားမှု အဲ့လိုတွေခံစားခဲ့ရတယ်မို့လားဒီကားက အဲ့လိုခံစားမှုမျိုးကို အပိုင်း ၁၀ပိုင်းနဲ့ခံစားရမှာပဲ မယုံမရှိနဲ့ တစ်ပိုင်းကြည့်ပြီးရင် နောက်အပိုင်းတွေကိုမကြည့်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ်ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ကိုယ်တွေအရမ်းချစ်ရတဲ့ ဂေါ်ဘလင်ကားထဲက သေမင်းဦးဦးကို ဘယ်ကားထဲမှာမှမတွေ့ဖူးသေးတဲ့ဇာတ်ကောင်နဲ့တွေ့ရမှာပဲပြီးတော့ သူကဇာတ်ဆောင်အဖြစ်နဲ့ပါလာတာရောဟုတ်ရဲ့လားနံမည်ကြီးသရုပ်ဆောင်ကို ဇာတ်ပို့လုပ်ခိုင်းပြီးတော့ လူသိပ်မသိတဲ့ နာမည်သိပ်မရသေးတဲ့ သူကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ ဇာတ်လမ်းကြီးက ကြမ်းထော်နေတဲ့ကားမို့ပြီးတော့ OCN ကရိုက်တဲ့ကားမို့ ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်ဘာမှမရရင်တောင်မှ နောင်တတော့ရမှာပါ ကြည့်ပြီးရင် စိတ်ထဲကမထုတ်နိုင်တော့လို့ ငါလာလို့ကြည့်မိတာလဲဆိုပြီးတော့တစ်ပတ်၂ပိုင်းလာမယ် စနေတနင်္ဂနွေ ညတွေလာမှာပါဘာသာပြန်ပြီးတော့ တနင်္ဂနွေ တနင်္လာမနက်တွေမှာတင်ပေးမှာပါ(ဘာသာပြန်ပေးထားသူတွေကတော့ Felix ပါ) (Zawgyi) ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခုဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn ...
8
TMDb: 8/10 2 votes
tv


2019