Channel Myanmar

Alberto Ammann

Griselda (2024) 7.892
Griselda (2024) Griselda (2024) ============ IMDb Rating - 7.5/10ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့ (၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို CMပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန် ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ် ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ ဖြစ်လာတဲ့အမျိုးသမီး။ဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါ တယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ "Cocaine Godmother"၊ "The Black Widow"၊ "The Lady of Mafia"ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက် အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင် ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့ ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့ ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ...
7.892
TMDb: 7.892/10 74 votes
tv

Griselda (2024)

2024
Narcos Season (3)[Complete] 8
Narcos Season (3)[Complete] Narcos(2017)ဇာတ်လမ်းတွဲ Season(3)********************((Season 3 အား တစ်ပိုင်းချင်းအလိုက်အသစ်ပြန်လည်လုပ်ပေးထားသလို အပိုင်းအားလုံးတစ်ခါထဲ ဆွဲနိုင်စေရန်zip ဖိုင်ဖြင့်ပါပြန်လည်တင်ဆက်ပေးထားပါသည်))အတွဲ(၃) အပိုင်း(၁ မှ ၁၀)စ/ဆုံးIMDb...8.9,,,,Rotten...89%Narcos Season 2 ပြီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့တိတ်တခိုးအားပေးခဲ့ရတဲ့ ကိုကင်းဘုရင်ပါ့ဘလိုကြီးရဲ့အရှိန်အဝါတွေ တစ်ခန်းရပ်ပြီးချိန်မှာတော့ ဇာတ်ရှိန်ကျသွားမယ်လို့ထင်ခဲ့မိတယ်...။အရင်ထက်တောင် ဆွဲဆောင်မှုအားပိုကောင်းလာသလိုပဲ...ပါဘလိုရွှေ့တဲ့အကွက်တွေမှာအောင်မြင်မှုတွေများသလို မှားယွင်းခဲ့တဲ့ခြေလှမ်းတွေလည်းရှိခဲ့ပါတယ်..သူ့ရဲ့ခြေလှမ်းမှားတွေကြောင့် အားလုံးရဲ့အာရုံစိုက်မှုခံရခြင်းဟာ နောက်ထပ်ကာလီဂိုဏ်းအတွက် မဟာအခွင့်အရေးဖြစ်ခဲ့တယ်...သမ္မတဂါဗီရီရားလက်ထက်မဟုတ်တော့တဲ့အတွက် မူးယစ်ရာဇာတွေအပေါ် နိုင်ငံရေးမူဝါဒပြောင်းလဲလာတာကိုလည်းတွေ့ရတယ်..... ဒါအပြင် ကာလီဂိုဏ်းဟာလည်းပါ့ဘလိုရဲ့မယ်ဓလင်မူးယစ်ဂိုဏ်းလိုမဟုတ်ဘဲ ပုံစံကွဲနည်းလမ်းတွေနဲ့ လုပ်ဆောင်လာတယ်...ပိုပြီးစနစ်ကျလာတယ်..ပိုပြီးရက်စက်လာတယ်...ကိုင်း ဆက်လက်ခံစားကြည့်လိုက်ပါဦးဗျို့(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo Lwin, Thura Zarni Aungတို့ပဲဖြစ်ပါတယ်။)Quality – Blu-Ray 720pDuration – 49Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Encoder – Phyo Pyae  Complete Zip File VIP  /  Yoteshin   Episode (1)>>> Gdrive(400MB)  ...
8
TMDb: 8/10 624 votes
tv

Narcos Season (3)[Complete]

20152016