Channel Myanmar

Alistair Petrie

Why Didn’t They Ask Evans? (2023) 6.726
Why Didn’t They Ask Evans? (2023) Why didn't they ask Evansစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအနေနဲ့ စာရေးဆရာမကြီး Agatha Christieရဲ့ လက်ရာတွေကို ရင်းနှီးကြမှာပါ။ သူ့ရဲ့ဝတ္ထုတွေဖြစ်တဲ့ Murder on the Orient Expressနဲ့ Death on the Nileတို့ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း ပရိတ်သတ်တွေကြား လူကြိုက်များခဲ့ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Agatha Christieရဲ့ဝတ္ထုဖြစ်တဲ့ Why didn't they ask Evans?ကို ပြန်လည်ရိုက်ကူးထားတဲ့ Mini Seriesလေးပဲဖြစ်ပါတယ်။ခပ်ဝေးဝေးကလူတစ်ယောက်ရဲ့အော်သံကြောင့် ရိုက်လျက်စဂေါက်တံကို ရပ်တန့်ပြီး ဘော်ဘီဂျုန်းစ်တစ်ယောက်အသံလာတဲ့ဖက်ကို လှမ်းကြည့်မိတယ်. လှိုင်းတွေရိုက်ခတ်နေတဲ့ချောက်ကမ်းပါးစွန်းကနေ လူတစ်ယောက်ပြုတ်ကျနေတာကိုတွေ့တော့ အကူအညီပေးဖို့ အပြေးအလွှားဆင်းသွားတဲ့ဘော်ဘီကို သေလုဆဲဆဲလူက စကားတစ်ခွန်းပဲပြောနိုင်ခဲ့တယ်'သူတို့ဘာလို့ အီဗန်ကိုမမေးခဲ့တာလဲ'တဲ့. ဘော်ဘီဂျုန်းစ်ဆိုတာက ရေတပ်ကဒုဗိုလ်အနေနဲ့ထွက်လာတဲ့ သင်းအုပ်ဆရာရဲ့သားဖြစ်ပြီး မာ့ချ်ဘော့တ်မြို့ရဲ့ဂေါက်ကွင်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ. အေးအေးဆေးဆေးနဲ့ သူတပါးကိုကူညီတတ်တဲ့သူ့ဘဝထဲကို ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ သေသွားတဲ့လူတစ်ယောက်ရဲ့နောက်ဆုံးစကားက အမြဲတဝဲလည်လည်ဖြစ်ပြီးမေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်.ဒီမေးခွန်းကိုပိုပြီးတော့ အသက်ဝင်လာအောင်တွန်းအားပေးနေတာကတော့ လန်ဒန်မြို့ကနေပြန်လာတဲ့သူဠေးသမီးလေး လေဒီဖရန်စစ်ဒါဝက်ပါပဲ. စပ်စပ်စုစုနဲ့ သွက်လက်လွန်းတဲ့သူ့ရဲ့ဖိအားပေးမှုတွေနဲ့အတူ ဒါဟာ လူသေမှုလား လူသတ်မှုလားဆိုတာကို ရှာဖွေရင်းနဲ့ ကိုယ်တိုင်ပါအသက်အန္တရာယ်နဲ့ရင်ဆိုင်လာရတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာအဖြေရှာရမှာပါ.စုံထောက်ဝထ္ထုတွေမှာနာမည်ကြီးတဲ့ Agatha Christieရဲ့လူကြိုက်များခဲ့တဲ့ Why didn't they asked ...
6.726
TMDb: 6.726/10 42 votes
tv

Why Didn’t They Ask Evans? (2023)

2022