Channel Myanmar

Antonia Thomas

The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
Still Up (2023) 7.2
Still Up (2023)  ဒီလမှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple TV+ ရဲ့ IMDB 6.2/10, Rt 78 % ရရှိထားတဲ့ Comedy series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Craig Roberts (Submarine) နဲ့ မင်းသမီး Antonia Thomas (The Good Doctor ထဲက Dr. Claire Browne)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါပြီး စုစုပေါင်း အပိုင်း ၈ ပိုင်း ထွက်ရှိမှာဖြစ်ပါတယ်။အိမ်ထဲက အိမ်ပြင်လည်းမထွက်၊ ညညဆို အိပ်မပျော်တတ်၊ သန်းခေါင်မှ သရဲဝင်ပူးသလိုလို ဖုတ်ပဲဝင်သလိုလိုနဲ့ အိုးတွေခွက်တွေလှန်ပြီး အစားတွေထစား၊ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ messenger ထဲဝင်ပြီး "ဟေး"တို့ "ဟိုင်း" တို့ကနေ မတက်တဲ့ အခြေအနေမျိုးနဲ့သူတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ဒီကားထဲက ဒန်နီ့ကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ကိုယ်ချင်းစာတတ်မှာပါ။ဒန်နီက အပြင်ထွက်ရမှာကြောက်တဲ့ ...
7.2
TMDb: 7.2/10 12 votes
tv

Still Up (2023)

2023