Channel Myanmar

Ao Ruipeng

Wrong Carriage Right Groom ( 2023 )
Wrong Carriage Right Groom ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ ဟာသလေးလေးနှော ရိုမန့်လေးလည်းပါတဲ့ historical ကားကောင်းလေးတစ်ကားပါ ထန်မင်းဆက်ခေတ် ယန်ကျိုးဆိုတဲ့ချမ်းသာကြွယ်ဝတဲ့မြို့လေးမှာ အာဏာကြီးမားတဲ့တုမျိုးန်နဲ့လီမျိုးနွယ်တို့ဟာ သူတို့သမီးတွေကို လက်ထပ်ထိမ်းမြှားပေးဖို့ စီရင်ကြပါတော့တယ်မျိုးနွယ်နှစ်ခုလုံးရဲ့ လက်ထပ်ပွဲနေ့ဟာလည်း တစ်ချိန်ထဲတစ်နေ့ထဲ ကျရောက်ခဲ့ပြန်ပါရော တုပင်းယန်နဲ့လက်ထပ်မဲ့ သတို့သားကတော့ ကျန်းမာရေးချူချာတဲ့ ချီမျိုးနွယ်တတိယသား ချီထျန်လိန်ပါ ချီမျိုးနွယ်တွေမျှော်လင့်တာက ချီသခင်လေးရဲ့ ဆိုးဝါးတဲ့အခြေအနေကံတရားကြောင့် ချောမောတဲ့သတို့သမီးလေးက လှည့်ပြန်ခဲ့ရင် သူတို့ချမ်းသာမှုကိုဘယ်သူမှမပေးရတော့ဘဲ ဆက်တည်ရှိနေမှာပါအဲ့ဒါကြောင့် ချီသခင်လေးက သေခါနီးဖြ​စ်နေပါပြီလို့ ကောလဟာလတွေ ထုတ်လွှင့်ပါတော့တယ် ချီသခင်လေးရဲ့ကောလဟာလကြောင့် တုပင်းယန်ဟာ စိတ်ပျက်မိပေမဲ့ မိဘတွေဆန္ဒအတိုင်း လက်ထပ်ပွဲကိုလက်ခံလိုက်ပါတော့တယ်တစ်ဖက်မှာလည်း လီမိသားစုဟာ လီယွီဟူကို ရက်စက်ပြီးကြမ်းကြုတ်တယ်လို့ နာမည်ကျော်ကြားတဲ့ ယွမ်ပုချူနဲ့ လက်ထပ်ပေးဖို့ စီစဥ်ပါတော့တယ် ယွမ်ပုချူရဲ့သတင်းကြောင့် လီယွီဟူကလည်း လက်မထပ်ချင်စိတ်ညစ်မိပေမဲ့ မိဘတွေသဘောအတိုင်း လက်ထပ်ပွဲကိုသဘောတူလိုက်ပါတော့တယ် လက်ထပ်မဲ့နေ့မှာ လက်ထပ်ပွဲဆီ သတို့သမီးနှစ်ဦးလုံးကို လိုက်ပို့ချိန် မိုးရွာလာတဲ့အတွက် ဘုရားကျောင်းမှာ မိုးဝင်ခိုကြပါတော့တယ် အဲ့အချိန်မှာပဲ ဘုန်းတော်ကြီးက ဓားပြတွေလာပြီလို့ပြောလိုက်သောအခါ အစေခံတွေအားလုံး ကြောက်လန့်ထွက်ပြေးကုန်ကြပါရောအဲ့လိုရုတ်ရင်းဆန်ခတ်ဖြစ်ပြီး သတို့သမီးနှစ်ယောက် လှည်းမှားပြီးလက်ထပ်ပွဲဆီရောက်လာသောအခါ....... ဒါကသူတို့အတွက် ကံကြမ္မာကစီစဥ်ပေးထားတဲ့ ဖူးစာလား? အဲ့အမှားကြောင့် ဘာတွေဆက်တွေ့ကြုံရမလဲ? သူတို့လေးယောက်လုံးဘယ်လိုရင်ဆိုင်ကြမလဲ?ဆိုတာ ဟာသလေးနှော အချစ်လေးရောပြီး စောင့်ကြည့်ပေးပါဦးနော်==================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama , Romance ...

Wrong Carriage Right Groom ( 2023 )

2023
The Blood of Youth (2022) 5
The Blood of Youth (2022) ဒီတစ်ခါCM ကနေပြသ‌‌ေပးမဲ့ဇာတ်လမ်းတွဲလေးကတော့love and Redemptionမှာ second leadအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားချော Liu Xue Yi ရဲ့ဇာတ်ကားသစ်ဖြစ်တဲ့ နာမည်ကြီးကာတွန်းဇာတ်လမ်းတွဲThe Blood of Youth ကို live action ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ ရဲရင့်တက်ကြွတဲ့သွေးအပြည့်ရှိတဲ့ လေ့ဝူကျဲဟာသိုင်းလောကမှာနာမည်ကြီးထိပ်တန်းမြိုကြီးဖြစ်တဲ့ ရှဲယွဲမြိုကိုသွားရောက်ရင်းရှဲလော့ဥယျာဉ်ကိုလမ်းမှားရောက်မိသွားတယ်။သူဟာသိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်စေနိုင်တဲ့ကိစ္စရပ်ကြီးထဲကို ပါဝင်ပတ်သက်မိပါတော့တယ်။လူငယ်ပီပီရဲရင့်တက်ကြွတဲ့လေ့ဝူကျဲဟာ ပထမဦးစွာသိုင်းလောကထဲကိုခြေဆန့်ရင်းနဲ့အဘက်ဘက်ကအန္တရာယ်‌‌ေတွဝိုင်းရံ‌‌ေနတဲ့သိုင်းလောကအတွင်း လမ်းခရီးမှာ‌တွေ့ဆုံတဲ့သိုင်းညီနောင်‌ဖြစ်တဲ့ မင်းသားတစ်ပါးဖြစ်လျက်နဲ့‌ဆိုင်စုတ်‌ေလးဖွင့်ထားတဲ့‌ေရှာင်းစက်၊အကောင်းနဲ့အဆိုးဒွန်တွဲလျက်ရှိသော ဝူရှင်းဘုန်းကြီးနဲ့‌ေတွ့ဆုံပြီး အတူတူခရီးဆက်ကြကာသိုင်းပညာမြင့်မားတဲ့ သိုင်းဆရာတွေနဲ့ဘယ်လိုယှဉ်ပြိုင်တိုက်ခိုက်မလဲနောက်ကွယ်မှာသေချာအကွက်ချခံထားရတဲ့နန်းတွင်း‌ေရးရာအရှုပ်အရှင်းကြားဖြစ်ပွားလာတဲ့ရန်ပွဲတွေကိုရော ဒီလူငယ်သိုင်းညီနောင်တစ်စုဟာဘယ်လိုရင်ဆိုင်ကြမလဲထူးခြားဆန်းပြားလှတဲ့သိုင်းကွက်အဆန်းတွေကိုခံစားကြည့်ရူရမဲ့ဒီလူငယ်သိုင်းဇာတ်လမ်းလေးကို CM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ်(အညွှန်းရေးသားထားသူကတော့ Tsuki Mon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Wuxia, Youth, FantasyDuration : 45 min ...
5
TMDb: 5/10 1 votes
tv

The Blood of Youth (2022)

2022
A Female Student Arrives at the Imperial College ( 2021 ) Completed
A Female Student Arrives at the Imperial College ( 2021 ) Completed အားလုံး မျှော်လင့်တကြီး တောင်းဆိုနေတဲ့ A Female Student Arrives at the Imperial College (2021) လေးလာပါပြီမင်းသားတွေ မင်းသမီးကတော့ ထူးကဲမိတ်ဆက်နေဖို့ မလိုတဲ့ အသည်းကျော်လေးတွေမို့ မပြောတော့ပါဘူး...ဒီကားလေးက နာမည်လေးအတိုင်းပဲ ပထမဆုံးသော အမျိုးသမီးကျောင်းသားကို လက်ခံတဲ့အခါကျောင်းဖက်က ကြုံတွေ့ရတဲ့ အခက်ခဲတွေ ကျောင်းသူလေးဖက်က ရင်ဆိုင်ရတဲ့ ဒုက္ခတွေ နောက်ပြီးပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို ဒီကားလေးမှာ ခံစားနိုင်မှာပါ...သို့ပေမယ့် ဒီဇာတ်လမ်းနောက်ခံယူထားတဲ့ ခေတ်မှာ ဒီကားထဲကလောက် အမျိုးသမီးတွေအခွင့်အရေးမရခဲ့တဲ့အတွက် တချို့နေရာလေးတွေက သမိုင်းနဲ့ယှဉ်ကြည့်မယ်ဆိုလွဲကောင်းလွဲနိုင်တာမို့ ဇာတ်လမ်းအနေနဲ့ပဲ ကြည့်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဇာတ်လိုက်မင်းသမီးလေး စန်းချီက သူ့အစ်ကိုဖြစ်သူရဲ့ကျောင်းဘဝကို ကြည့်ပြီး အားကျတာက တစ်ကြောင်း ဒီတစ်ဦးတည်းသော ညီမလေးကိုပစ်ပြီး ကျောင်းပျော်နေတဲ့ အစ်ကိုကို သဝန်တိုတာက တစ်ကြောင်းကြောင့် သူ့ အစ်ကိုတက်ခဲ့တဲ့Imperial College ကို သူရအောင်တက်ဖို့ ကြိုးစားခဲ့ပါတယ်... ဒီအချိန်မှာဇာတ်လိုက်မင်းသားယန်ယွင်ချီ ကတော့ ...

A Female Student Arrives at the Imperial College ( 2021 ) Completed

2021