Channel Myanmar

Begona Vargas

Berlin (2023) 9
Berlin (2023) IMDB 9.8 ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ အဲလက်စ် ပင်ညာက ရိုက်ကူးထားပြီး မင်းသား ပက်ဒရို အလွန်ဆိုက အဓိက ဇာတ်ကောင်အဖြစ် ရိုက်ကူးထားပါတယ်။(function(f,b,n,j,x,e){})();ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းနဲ့ သိပ်မစိမ်းတဲ့ Money Heist ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲထဲက ဘာလင်လို့ခေါ်တဲ့ အန်ဒရက်စ် ဒီ ဖိုနိုလိုဆာ ဇာတ်ကောင်ရဲ့ Money Heist မတိုင်ခင် ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Money Heist S2 မှာ နိဂုံးချုပ်သွားရတဲ့ ဘာလင် ရဲ့ ဇာတ်ကောင်ကို ဒီဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်အဖြစ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ပိုက်ဆံအများကြီးနဲ့ အချစ်ကသာ ယောက်ျားတစ်ယောက်ရဲ့ နေ့ဆိုးတစ်ခုကို ပြောင်းလဲပေးနိုင်တယ်လို့ ခံယူထားတဲ့ ဘာလင်ဟာ ပဲရစ်မြို့မှာ ဖောက်ထွင်းမှု တစ်ခုကို စီစဉ်တဲ့အကြာင်းကို Money Heist ဇာတ်လမ်းတွဲထဲက အရသာအတိုင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဖောက်ထွင်းမှုကို စီစဉ်နေရင်း သူတို့ ဖောက်ထွင်းမယ့်သူရဲ့ ...
9
TMDb: 9/10 2 votes
tv

Berlin (2023)

2023
Welcome to Eden (2022) 6.7
Welcome to Eden (2022) Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း=======================လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။ဒါကမထူးဆန်းသေးပါဘူး။ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက "ဧဒင်" လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း . စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။ စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။ ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။ ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။ ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။ အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။ တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ....ဧဒင်ဟာ လောကနိဗ္ဗာန်လား ..... ဒါမှမဟုတ် ငရဲဘုံလား ...
6.7
TMDb: 6.7/10 18 votes
tv

Welcome to Eden (2022)

2022
High Seas (2019) Season 2 [COMPLETE] 5.5
High Seas (2019) Season 2 [COMPLETE] (Unicode)Season 2 မှာတော့ သင်္ဘောပေါ်ကို လူ (၅)ယောက် ကယ်တင်ပြီးခဲ့တဲ့နောက်မှာတော့ .....ကာဆန်ဒရာ ဆိုတဲ့ အကြားအမြင်ရနေတဲ့ အမျိုးသမီးတစ်ယောက် ပါလာပါတယ်သူက ဒီသင်္ဘောပေါ်မှာ သရဲ ရှိတယ် ဆိုပါတယ်ဒီသရဲကို မြင်တဲ့လူတွေကလည်း မြင်ကြပါတယ်ဒီသရဲ နဲ့ ဒီသင်္ဘောနဲ့ ဆက်စပ်မှု ရှိရဲ့လား?ပထမတွဲမှာတုန်းက အပိုင်းတိုင်းနီးပါးမှာ Twist ပေါင်းများစွာနဲ့ ဇာတ်ကား။ခုကားမှာရော ဘယ်လို Twist တွေ လာဦးမလဲ?ဒီကားမှာ လူတွေရဲ့ မမြင်ရတဲ့ တခြားအခြမ်းတွေကိုပါ ပြသသွားပါသေးတယ်။စပိန်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း လူ့သဘောသဘာဝကို ကျကျနန ဖော်ပြသွားနိုင်ပါတယ်။ကြည့်မိရင် နောင်တမရစေရမယ့် ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။(ဘာသာပြန်တင်ဆက်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်)(Zawgyi)Season 2 မှာတော့ သင်္ဘောပေါ်ကို လူ (၅)ယောက် ကယ်တင်ပြီးခဲ့တဲ့နောက်မှာတော့ .....ကာဆန်ဒရာ ...
5.5
TMDb: 5.5/10 13 votes
tv


2019
High Seas (2019) 7.0
High Seas (2019) (Unicode) " တချို့သော လျှို့ဝှက်ချက်တွေက သမုဒ္ဒရာထက် နက်ရှိုင်းတယ် " ဇာတ်လမ်းက ဗီယန်နွယ်ဗာ ညီအစ်မနှစ်ယောက် အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်ကို ခိုးတင်ပြီး ကယ်လာခဲ့ရာကနေ စပါတယ်။ သူတို့ကယ်တင်ခဲ့တဲ့ အမျိုးသမီး သင်္ဘောပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ရာကနေ စတင်လာခဲ့တာပါ။ အဲဒီနောက်မှာ လူသတ်မှု လူသေမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ဖြစ်တာဆိုတော့ တရားခံက သင်္ဘောပေါ်ကပေါ့။ ဒါကိုတောင် ရှာရခက်တယ်ဆိုတော့ ဇာတ်လမ်းက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ ပြောဖို့ မလိုပါဘူးနော့။ တရားခံရှာရခက်တဲ့ လူသတ်မှုတွေကနေ ပေါ်လာလိုက်တဲ့ လျှို့ဝှက်ချက်တွေဆိုတာဟာ တကယ့်ကို သမုဒ္ဒရာထက် နက်ရှိုင်းလွန်းလှပါတယ်။ စပိန်ကားတွေရဲ့ဝိသေသလို့ ပြောရမယ့် Twist တွေဟာ ဒီဇာတ်လမ်းမှာ တစ်ပိုင်းထက်တစ်ပိုင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်အောင် ကြည့်ရမှာပါ။ တစ်ပိုင်းထက်တစ်ပိုင်း ရှုပ်ထွေးလာသလို တစ်ပိုင်းထက်တစ်ပိုင်းလည်း ရှင်းလင်းလာမှာပါ။ တကယ့်ချည်ခင်ထွေးကို ဖြည်ပြသလို တစ်ဆင့်ချင်းဖြည်ပြသွားတာဟာ ဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ လူ့သဘော လူ့မနောကိုလည်း ဒီဇာတ်လမ်းမှာ ကောင်းကောင်းတင်ပြထားပါတယ်။ လူကောင်းလို့ထင်ရတဲ့လူတွေရဲ့ Dark Side ကို မြင်ရမှာဖြစ်သလို လူဆိုးလို့ ထင်ရတဲ့ လူတွေရဲ့ကောင်းကွက်ကလည်း ပေါ်လာတတ်ပါတယ်။ လောကဓံရဲ့အလှည့်အပြောင်းတွေဟာ တစ်ခါတစ်လေမှာ ထင်မှတ်မထားလောက် ကြီးမားပါတယ်။ Season 1 ကတော့ အပိုင်း ၈ ပိုင်းပဲ ပါဝင်ပါတယ်။ Season 1 မှာ ထားခဲ့တဲ့ ဇာတ်လမ်းက Season ...
7.0
TMDb: 7.0/10 9 votes
tv

High Seas (2019)

2019