Channel Myanmar

Chris Wedge

Ice Age: Scrat Tales (2022) 8.3
Ice Age: Scrat Tales (2022) Ice Age: Scrat Tales (2022)သစ်ချသီးတစ်လုံးသည် သူ့ချည်းသီးသန့်ဆို အခွံမာသီးတစ်လုံးသာဖြစ်သလို ရှဉ့်တစ်​ကောင်သည်လည်း အ​မွေးပွ​ယောင်း​​ယောင်း နှင့် ချစ်စရာတိရစ္ဆာန်​လေးဖြစ်သည် ဟု ဆိုပါစို့၊ သူ့ဘသာသူ သီးသန့်ရှိ​​​နေကြမည်ဆိုရင်ဖြင့် ဘာဆိုဘာမှ မဖြစ်​ပေမယ့် တို့​တွေဆုံစည်းမိလျှင်​တော့ ​ကမ္ဘာအစ ​ရေခဲ​ခေတ် အရည်​ပျော်ပါသည်၊ ကမ္ဘာ့ဝင်ရိုး​ပြောင်းကာ တစုတစည်း​တည်းရှိ​သော ကုန်း​မြေပြင်မှသည် တိုက်ကြီး ၇ခုအထိ ကွဲထွက်သွားနိုင်သည်၊ ယုတ်စွအဆုံး ​​မြေ​အောက်ကမ္ဘာထဲမှာ သွား​နေ​နေတဲ့ ဒိုင်နို​ဆော​တွေပါ ငါးပါး​မှောက်ရသည်။အဟုတ်ဖြစ်သည်၊ ဒီ​လောက်ဒုက္ခများရသည်မှာ ထိုသစ်ချသီးနဲ့ ရှဉ့်က အပြင်​လောကမှာရှိ​နေတဲ့ အရာ​တွေမဟုတ်ဘဲ Ice Age ကမ္ဘာထဲက ကမ္ဘာဦးရှဉ့်နှင့် ဝက်သစ်ချသီး ဖြစ်​နေ​သော​ကြောင့် ဖြစ်သည်၊ Ice Ageအစကတည်းက ကိုယ့်လက်ဝယ်ရပြီးသား သစ်ချသီးကို အနှီကမ္ဘာဦးရှဉ့်က မစားဘဲသိမ်းထားဖို့ ကြိုးပမ်းရာမှ Ice Age franchiseကြီး စတင်ခဲ့ချေသည်တမုံ့။ရှဉ့်နှင့်သစ်ချသီးတို့၏အလွဲသည် ဒီ​နေ့​ခေတ်ကိုရီးယားစီးရီး​တွေ ​တေ့လွဲလွဲပုံထက် အပုံကြီးခံစားရသည်၊ လက်ထဲပြန်​ရောက်ကာမှ အ​ကြောင်းအမျိုးမျိုး​ကြောင့် လက်လွှတ်ရပုံ​တွေ၊ ဗီလိန်ရှဉ့်​​​တွေ ရဲ့ အမျိုးစုံ ကြိုးခုန်​ နှောင့်ယှက်မှု​တွေကြားမှာ ပြန်ဆုံစည်းလိုက်၊ ​ဝေးကွာလိုက်နဲ့ ​ဆွေးတတ်လျှင် ​​ဆွေးချင်စရာပင်ဖြစ်သည်၊ အနှီရှဉ့်သည်လည်း သစ်ချသီးကို လက်ဝယ်ပြန်ပိုင်ဆိုင်ဖို့ ...
8.3
TMDb: 8.3/10 9 votes
tv

Ice Age: Scrat Tales (2022)

2022