Channel Myanmar

Clémence Poésy

The Walking Dead: Daryl Dixon (2023) 9.5
The Walking Dead: Daryl Dixon (2023) The Walking Dead: Daryl Dixon (2023) ============================ IMDb Rating - 8.3/10The walking dead ရဲ့ fanတွေကြိုက်တဲ့ဇာတ်ကောင် Daryl Dixon ရဲ့ ကိုယ်ပိုင်series ထွက်လာပါပြီ။ မူရင်းseries မှာ ဒဲလ် တစ်ယောက်တည်း ထွက်သွားပြီးတဲ့နောက်ပိုင်းကနေ ဇာတ်လမ်းဆက်မှာပါ။ အခုseriesက အရင် walking dead စီးရီးတွေနဲ့မတူပဲ ထူးခြားနေတာကတော့ ဇာတ်လမ်း ကို ပြင်သစ်နိုင်ငံမှာနေရာယူထားတာမို့ virus ကြောင့်ပျက်စီးနေတဲ့ခတ်ပျက် တစ်ခုကို ပြင်သစ်နိုင်ငံရဲ့ဆက်တင်တွေနဲ့ အသွင်တစ်မျိုးကြည့်ရမှာပါ။ကမ်းခြေတစ်ခုကို ဒဲလ်ဟာ ဘာကြောင့်မှန်းမသိသောင်တင်ပြီးရောက်လာတာ ကနေ စထားပါတယ်။ zombie တွေနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတဲ့အခါ မှာ အစ်ဇဘဲလ်ဆိုတဲ့သီလရှင်တစ်ပါးက ဘုရားကျောင်းကိုခေါ်သွားပြီး ကုပေး လိုက်ပါတယ်။ အစ်ဇဘဲလ်က ကယ်တင်ရှင်ဖြစ်လာမယ်လို့ပြောတဲ့ကလေးတစ် ယောက်ကို မြောက်ပိုင်းကိုပို့ပေးဖို့ တောင်းဆိုလာတဲ့အခါမှာ ဘာကိုမှအယုံအ ကြည်မရှိပဲ အချုပ်အနှောင်တွေမလိုချင်တဲ့ဒဲလ်ဟာ ရွေးချယ်မှုတွေလုပ်ဖို့ဖြစ် လာပါတော့တယ်။တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (6)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင် ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)File Size.............(400 Mb) / ...
9.5
TMDb: 9.5/10 25 votes
tv

The Walking Dead: Daryl Dixon (2023)

2023
The Essex Serpent (2022) Completed 6.7
The Essex Serpent (2022) Completed The Essex Serpent (2022) Completed Mini Series ~ IMDb - 7.1/10, Rotten Tomatoes - 100% ~ Apple TV+ကနေ ထုတ်လိုက်တဲ့ စီးရီးအသစ်ပါ။ ၁၈ရာစု ဗစ်တိုးရီးယားခေတ်မှာ ရိုက်ထားပြီး စီးရီးပေမဲ့ တကယ့်လိုကေးရှင်းအစစ်တွေမှာ သွားရောက်ရိုက်ကူးထားပြီး Production Designတို့ Costume Design တို့ မိုက်ပါတယ်။ ၁၈ ၁၉ရာစုတွေမှာ အခြေတည်ထားတဲ့ ကားတွေကို သဘောကျတဲ့သူတွေ သဘောကျမှာပါ။ Cast တွေကလည်း Tom Hiddleston တို့ ရိုမီရို ဂျူးလိယက်ထဲက ဂျူးလိယက် Claire Danes တို့ပါ။ Tom ရဲ့ မာဗယ်ကနေ ပြန်ခွဲထွက်ပြီး တကယ့်အနုပညာစစ်တဲ့ကား‌တွေမှာ ပြန်သရုပ်ဆောင်ဖို့ လမ်းအစလို့လည်း တစ်ချို့ဝေဖန်ရေးသမားတွေကဆိုပါတယ်။ ဇာတ်အိမ်ကတော့ အတိုဆုံးပြောရရင် သိပ္ပံပညာနဲ့ ယုံကြည်မှုကြား အားပြိုင်တဲ့အကြောင်းပေါ့။ ၁၈ရာစု ...
6.7
TMDb: 6.7/10 15 votes
tv

The Essex Serpent (2022) Completed

2022
Genius 7.3
Genius Genius Tv Series ဟာ ကမ္ဘာမှာပေါ်ထွန်းခဲ့ဖူးတဲ့ ဂန္ဓဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို National Geographic က ရိုက်ထားတဲ့ တီဗီစီးရီးတစ်ခုပါ Season 1 ကတော့ ရူပဗေဒပညာရှင်ကြီး Albert Einstein ရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ် 2017မှာ ထွက်ရှိခဲ့တဲ့ ဒီစီးရီးဟာ Walter Issaacson ရေးသားခဲ့တဲ့ Einstein: His Life and Universeဆိုတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားပြီး အော်စကာဆုရ မင်းသားကြီး Geoffrey Rushက အိုင်းစတိုင်းအိုကြီး အဖြစ်သရုပ်ဆောင်ထားပါတယ် ဒီစီးရီးမှာတော့စူးစမ်းလိုစိတ်အပြည့်နဲ့ ဂျူးလူငယ်လေးဘဝက စလို့ သေဆုံးသည်အထိ သူ့ရဲ့ထူးခြားတဲ့ အတွေးအခေါ်တွေ သိပ္ပံအတွက် ကြိုးစားခဲ့တာတွေ ရီလေးတစ်ဗတီကို ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာတွေ အနုမြူ ဗုံးဇာတ်လမ်း ဒုတိယ ကမ္ဘာစစ် မတိုင်ခင် နာဇီတွေနဲ့ ဂျူးတွေကြားပြသနာတွေ ဂျူးနိုင်ငံတည်ထောင်ရေးအတွက် ကြိုးပမ်းခဲ့တာတွေ အမေရိကန်ထောက်လှမ်းရေးရဲ့ ရန်ငြိုးထား အရှက်ခွဲဖို့ကြိုးစားခဲ့တာတွေ အနုမြူလက်နက်တားဆီးရေး အတွက် ကမ္ဘာ့အစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့တာတွေအပြင် သူ့ရဲ့အချစ်ရေးနဲ့ ကွမ်တမ်ရူပဗေဒကို ဆန့်ကျင်တဲ့ အယူအဆတွေ စသည်ဖြင့် သိပ္ပံအကြောင်းတစ်ခုတည်းမဟုတ် ဇာတ်ကြောင်း စုံစုံလင်လင် သမိုင်းအထောက်အထား တိကျစွာနဲ့ ရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေလည်း ကောင်းကြပါတယ် နောက်ပြီး အိုင်းစတိုင်းပြောခဲ့တဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ဒိုင်ယာလော့တွေအဖြစ် ဝေဝေဆာဆာ ထည့်ထားသေးတဲ့အတွက် ကြည့်သင့်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ် .... (စီးရီးမကြည့်ခင် ဒါလေးတွေ သိထားသင့်တယ်ထင်လို့ wikiကရှာထားတာ အမှားပါသွားရင် ခွင်းလွှတ်ပါ) ၂၀ရာစုမှာ ခေတ်သစ်ရူပဗေဒပညာရပ်နဲ့ ခေတ်မီနည်းပညာတွေပေါ်ထွန်းလာဖို့ အဓိကဒေါက်တိုင်ကြီးနှစ်ခုဖြစ်တဲ့ ရီလေးတစ်ဗတီသီဝရီနဲ့ ကွမ်တမ်ရူပဗေဒတို့ ပေါ်ပေါက်လာခဲ့ပါတယ် ရီလေးတစ်ဗတီ (နှိုင်းရသီဝရီလို့လည်း ...
7.3
TMDb: 7.3/10 62 votes
tv

Genius

2017