Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Colin Morgan
7.667
The Killing Kind (2023)
ဒီတစ်ခေါက်မှာတော့ ဒီလမှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Killing Kind ဆိုတဲ့ Thriller/Drama Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မာလင်မင်းသားချော Colin Morgan နဲ့ မင်းသမီး Emma Appleton (Everything I Know About Love/ LOLA)တို့ ခေါင်းဆောင်ပါဝင်ထားကြပြီး စာရေးဆရာမ Jane Casey ရဲ့ နာမည်တူမူရင်းဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ IMDB 5.7/10 ရရှိထားပြီး Season 1 မှာတော့ အပိုင်း ၆ ပိုင်းထွက်ရှိထားတာ ဖြစ်ပါတယ်။ အင်ဂရစ်က အလုပ်လုပ်ရာမှာ အရမ်းတော်တဲ့ရှေ့နေမလေးဖြစ်ပြီး အမှုသည်တိုင်းကို တရားခွင်မှာ အောင်ပန်းဆင်နိုင်အောင် အစွမ်းကုန်ကြိုးစားတတ်သူပါ။ ပြောင်မြောက်လွန်းတဲ့သူမရဲ့ စွမ်းဆောင်ရည်ကြောင့် နောက်ယောင်ခံတဲ့အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဂျွန်ဝက်ဘ်စတားဆိုတဲ့ အမှုသည်က တရားသေလွတ်သွားခဲ့ရာက သူမကို အထင်ကြီးလေးစားစိတ်များနဲ့အတူ အစွဲလမ်းကြီး စွဲလမ်းသွားပါတော့တယ်။ အင်ဂရစ်တစ်ယောက် ဂျွန့်လက်ကလွတ်အောင် နည်းမျိုးစုံနဲ့ရှောင်ပြေးခဲ့ပြီး ...
7.667
TMDb:
7.667/10
3 votes
tv
The Killing Kind (2023)
2023
7.9
Merlin Season (3)
မာလင် Season 3 ကိုစတင်လိုက်ပါပြီ.... ကမ်းမလော့နိုင်ငံတော်ကြီးကိုကာကွယ်ဖို့အတွက် မာလင်နဲ့ မင်းသားအာသာရဲ့စွန့်စားမှုများစွာကို Season 2မှာမြင်ခဲ့ရပါပြီ… ဒါပေမယ့် တကယ့်တိုက်ပွဲကအခုမှစတာလို့ပြောရမလိုပါပဲ… ဒီတစ်ခါရင်ဆိုင်ရမယ့်ရန်သူတော်ကြီးဟာ မထင်မှတ်ချင်စရာ… လေဒီမော်ဂါနာ ဖြစ်နေလို့ပါပဲ… လေဒီမော်ဂါနဲ့သူ့အစ်မ မော်ဂိုတို့နှစ်ယောက်ပူးပေါင်းပြီး ကမ်းမလော့ကိုဘယ်လိုတွေဖျက်ဆီးကြမလဲ… အကြံတောင်းစရာနဂါးကြီးကလည်းလွတ်မြောက်သွားပြီဖြစ်တဲ့အတွက် မာလင်ကရောဘယ်လိုများရင်ဆိုင်မလဲဆိုတာကို Season 3မှာဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်...Translator.......May Thazin Myint Encoder......Moe Myint Lwin Merlin Season 3 Complete Zip File VIP / Yoteshin
7.9
TMDb:
7.9/10
votes
tv
Merlin Season (3)
2008-2012
Merlin Season 1
2008 ခုနှစ်ကပြသခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ Myth တစ်ခုဖြစ်တဲ့ အာသာနဲ့မာလင်ဇာတ်လမ်းကို ပြန်လည်ဆန်းသစ်လို့ရိုက်ကူးတင်ဆက်ထားတဲ့မာလင်ဇာတ်လမ်းတွဲဟာ IMDb Rate 7.9 အထိရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်season 1 ကနေ 5 အထိရှိပြီး Channel Myanmar ကနေ အစအဆုံးတင်ဆက်ပေးသွားပါမယ်လို့သတင်းကောင်းပါးရင်းနဲ့ အညွှန်းလေးကိုဆက်ခံစားလိုက်ရအောင် မှော်ပညာတွေထွန်းတောက်တဲ့အချိန်တုန်းက ကမ်းမလော့လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကံကြမ္မာဟာလူငယ်လေးတစ်ဦးရဲ့အပေါ်မှာကျရောက်လို့နေပါတယ်..သူ့နာမည်ကတော့ " မာလင် "ပါမာလင်ဟာ ၀မ်းတွင်းမှော်အတတ်နဲ့မွေးဖွားလာသူတစ်ဦးပါ.ဟောတမ်းတွေအရဆိုရင်အကြီးမြတ်ဆုံးသောမှော်ပညာရှင်ဖြစ်လာမယ့်သူပေါ့..မာလင်ဟာသူ့အမေရဲ့စေလွှတ်မှုနဲ့ကမ်းမလော့ပြည်ကိုလာရောက်ပြီး ဘုရင့်သစ္စာခံသမားတော် ဖြစ်တဲ့ဂါးယက်စ်နဲ့မိတ်ဆက်တွေ့ဆုံခဲ့ပါတယ်အဲ့အချိန်က ကမ်းမလော့မှာ အူသာပန်ဒရာဂွန် ဘုရင်အုပ်စိုးနေပြီး မှော်ပညာရှင်တွေကိုသတ်ဖြတ်ပြီးမှော်ပညာကိုနိမ်နင်းနေတာပါ..ဒီလိုတိုင်းပြည်မျိုးမှာမာလင်တစ်ယောက်လျို့ဝှက်စွာနေထိုင်းရင်းမှော်ပညာတွေကိုသင်ယူရင်းကနေ သူကံတရားပါလာတဲ့အတိုင်းအာသာပန်ဒရာဂွန်ကိုကာကွယ်ရင်းတိုင်းပြည်အရေးတွေကိုသူတတ်ကျွမ်းတဲ့မှော်ပညာနဲ့ဘယ်လိုများကာကွယ်ခဲ့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်.... Translated By : Zon Myat Noe Swe Encoded And Review By : ~ LK ~ Merlin Season 1 Complete Zip File VIP / Yoteshin
Merlin Season 1
2008-2012