Channel Myanmar

Eiji Akaso

Cherry Magic! (2020) 8.8
Cherry Magic! (2020) Cherry Magic (2020)ဂျပန်မှာ ယုံတမ်းစကားတစ်ခု ရှိပါတယ်။ အသက် ၃၀ ပြည့်တဲ့အထိ လူပျိုစစ်စစ် ဖြစ်နေသေးတယ်ဆိုရင် အသက် ၃၀ ပြည့်တဲ့နေ့မှာ စုန်းထီး ဖြစ်သွားလိမ့်မယ် ဆိုတာပါပဲ။အသက် ၃၀ ပြည့်တဲ့အထိ ယင်ဖိုရော ယင်မပါ မသမ်းဖူးသေးတဲ့ အာဒါချီ တစ်ယောက် ၃၀ ပြည့် ယုံတမ်းစကား တစ်ခုအတိုင်း ဖြစ်လာတဲ့အခါမှာတော့ .....အာဒါချီက လူတွေရဲ့စိတ်ကို ဖတ်နိုင်လာပါတော့တယ်။ လူတိုင်းရဲ့စိတ်ကို ဖတ်နိုင်တဲ့အချိန်မှာ သူ လေးစားအားကျရတဲ့ ကူရိုဆာဝါ ရဲ့ ရင်ခုန်နေသူကို သိလိုက်ရတဲ့အချိန်မှာတော့ သူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ကူရိုဆာဝါ ကြွေနေတဲ့သူဟာ အာဒါချီ ပဲ ဖြစ်နေလို့ပါပဲကဲ ..... ဇာတ်လမ်း ဘာဖြစ်မလဲ ဆက်ကြည့်ကြရအောင်ပါ။မင်းသားနှစ်ယောက်ကလည်း ဓာတုဗေဒမိလွန်းလို့ ဂျပန် BL Drama လောကမှာ ဟိုးဟိုးကျော်သွားခဲ့ရတဲ့ ဇာတ်ကားပါ။ကူရိုဆာဝါ အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Machida Keita ကိုတော့ Alice in Borderland ထဲက ခါရူဘီ ...
8.8
TMDb: 8.8/10 21 votes
tv

Cherry Magic! (2020)

2020
Hey sensei , Don’t you know? (2019) 7.4
Hey sensei , Don’t you know? (2019) [Unicode]IMDb rating 6/102019က ထွက်ရှိခဲ့တဲ့ Dramaဖြစ်ပါတယ် ။ အပိုင်း၆ပိုင်းပါဝင်ပြီး တစ်ပိုင်းစီမှာပျှမ်းမျှ ၂၅မိနစ်စာရှိပါတယ်။ "Hey sensei,don't you know" ဆိုတဲ့ Manga ကို drama အဖြစ်ပြန်ရိုက်ခဲ့တာဖြစ်ပြီး Ending song အနေနဲ့ Bolbbagan 4ရဲ့ပထမဆုံး Japanese single song "Love"သီချင်း ကိုအသုံးပြုထားပါတယ်။"ဟာနာ နှင့် ရီချီ""ဟာနာ"ဆိုတဲ့မိန်းကလေးက Girl Manga တွေရေးတဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အထက်တန်းကျောင်းseniorဘဝကတည်းက Mangaတွေကိုစတင်ရေးသားခဲ့ပြီး အလုပ်ထဲမှာပဲဘဝကိုမြှုပ်နှံထားသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့စာမူတွေအပ်ပြီးပြန်အလာ လမ်းမှာရှိတဲ့မှန်တစ်ချပ်ထဲမှာ သူမရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။ အလုပ်ကလွဲပြီးကျန်တာကိုဂရုမစိုက်ခဲ့တဲ့ဟာနာတစ်ယောက် fashionအမြင်မရှိ ဖရိုဖရဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူမရဲ့ပုံစံကိုပြောင်းပစ်ဖို့ဆလွန်းတစ်ခုကို သွားလိုက်ပါတယ်။ အဲဒီဆလွန်းမှာတော့ ဆံပင်ညှပ်တော်ပြီးခံ့ညားတဲ့ ရီချီဆိုတဲ့Hairstylistတစ်ယောက်ရှိနေခဲ့ပါတယ်။"ရီချီ"ကတော့ Modelမင်းသမီးတွေကိုပါ hairstyleပြင်ပေးရလေ့ရှိတဲ့ခပ်မိုက်မိုက်Hairstylistတစ်ယောက်ပါ။ သူ့အနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့ hairstyleတွေကိုပဲအမြဲတမ်းသင်ယူလေ့လာမှုတွေပဲပြုလုပ်နေခဲ့လို့ ရည်းစားကိုဂရုမစိုက်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ပြတ်စဲခဲ့ရတာကြောင့် ရည်းစားထပ်မထားဘဲ အလုပ်ကိုသာ အချိန်ပြည့်ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့သူ့ဆလွန်းကို ကပိုကရိုနဲ့အနွေးထည်အထူကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆံပင်ညှပ်ဖို့ရောက်လာခဲ့ပါတယ်။ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောမိတဲ့အခါ ဟာနာရဲ့အလုပ်အပေါ်ထားတဲ့လေးနက်မှုတွေ စိတ်အားထက်သန်မှုတွေကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ ဟာနာကလည်း သူ့ရဲ့Mangaတွေထဲကလို စကားပြောကောင်းပြီးခံ့ညားတဲ့cool guy ရီချီကိုသဘောကျနေခဲ့ပါတယ်။ ...
7.4
TMDb: 7.4/10 2574 votes
tv

Hey sensei , Don’t you know? (2019)

2019
Kamen Rider Amazons Season-2 (Completed) 9.5
Kamen Rider Amazons Season-2 (Completed) Kamen Rider ပရိသတ်တွေမျှော်နေတဲ့  Season 2 လာပါပြီ။ Season-1ထက် Ratingလည်း ပိုမြင့်သလို သတ်ဖြတ်ခန်းတွေ သွေးထွက်သံယိုခန်းတွေကလည်း ပိုပြီးတော့ပီပြင်လွန်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့  လူသားစားAmazonမျိုးနွယ် တော်တော်များများကို ရှင်းပစ်လိုက်နိုင်တဲ့ တားလော့ဒ်စစ်ဆင်ရေးပြီးလို့ ၅နှစ်အကြာမှာတော့ 4Cကုမ္ပဏီက ဆဲလ်တွေကို စမ်းသပ်ရင်းနဲ့ Amazon တွေထဲမှာ သန္ဓေပြောင်း Amazon ဆဲလ်တစ်မျိုးဖြစ်တဲ့ Lysogenic ဆဲလ်တစ်မျိုးကို တွေ့ရှိလာရပြီး ဒီဆဲလ်က လူသားတွေကို ကူးစက်နိုင်တာကို သိလာရပါတယ်။ ဒါပေမယ့် တိုက်ရိုက်ထိတွေ့ရုံနဲ့ ကူးစက်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်သလဲဆိုတာကိုတော့ နည်းလမ်းတွေရှာဖွေနေကြတုန်းပါပဲ။ ဒီ Seasonရဲ့ အဓိက ဇာတ်ကောင်တွေကတော့ Amazon Neo (ချီဟီရို) - Amazons တွေကနေ မွေးဖွားလာခဲ့တဲ့လို့ ယူဆရပြီး ကြီးထွားမှုနှုန်းမြန်သလို ဒဏ်ရာအနာတရကျက်နိုင်စွမ်းကလည်း အံ့မခန်းပါပဲ။  သူရဲ့နောက်ကြောင်း ရာဇ၀င်ကိုတော့ ဘယ်သူကမှ သေချာမသိကြဘူး။ 4C ကုမ္ပဏီက တောထဲကနေတွေ့ပြီး ...
9.5
TMDb: 9.5/10 2 votes
tv


2016
Kamen Rider Amazons Season-1 (Completed) 9.5
Kamen Rider Amazons Season-1 (Completed) Tokusatsu ရဲ့  Dark ဖြစ်တဲ့ Series    သို့မဟုတ် Kamen Rider Amazonz 2016   ပုံစံတွေကြည့်ပြီး ကလေးကြည့် Power Ranger ကားလိုမျိုး   တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။   ဒီ Series က ကလေးကြည့်ကားလို့ ပြောလို့မရပဲ    Bloody Scene တွေသေအောင်ပါတဲ့    Kamen Rider ပါ။   အရင် Tokusatsu ကရိုက်တဲ့ Kamen Rider Series   တွေက အကုန်ပေါ့ပေါ့ပါးပါးနဲ့ပဲ လူတိုင်းကြည့်လို့ရအောင်   ရိုက်ထားပါတယ်။သာမန် Kamen Rider တွေထဲက   Power Rangers Logic တွေထဲက မထွက်နိုင်တာမျိုးပေါ့ဗျာ။   ခုတ်လိုက်ရင် မီးပွားလေးတွေပွင့်သွားတာ..   လူဆိုးဆိုရင်လူတွေကို ဘာမှမလုပ်ပဲ အနောက်က    လိုက်ခြောက်နေတာမျိုးတွေ။   ဒီ Series မှာ လိုက်မခြောက်ပါဘူး။   တစ်ခါထဲကို ခေါင်းဖြတ်သတ်ပစ်တာပါ။   ဘာ ဆင်ဆာ မှမပါဘူးနော်။   ဓားကြီးနဲ့ ရွှမ်းခနဲ ပီပီပြင်ပြင်   ဖြတ်ပစ်လိုက်တာ။   ဒီ Amazon Series မှာ မီးပွားပွင့်ထွက်ဖို့နေနေသာသာ   သတ်ပုတ်တဲ့အခန်းတိုင်း သွေးသံတရဲရဲနဲ့ဖြစ်နေတာမို့လို့    ငါကြည့်နေတာ Kamen Rider လား လူသတ်ကားလား   လို့တောင် တွေးမိတဲ့အထိပါပဲ။   သရုပ်ဆောင်တွေ သရုပ်ဆောင်ချက်ကလည်း    ပြောစရာမလိုဘူး။မိတ်ကပ် Effect ...
9.5
TMDb: 9.5/10 2 votes
tv

Kamen Rider Amazons Season-1 (Completed)

2016