Channel Myanmar

Fan Zhen

The Blue Whisper ( 2022 )
The Blue Whisper ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့The Blue Whisper ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ The Glory of Tang Dynasty ဇာတ်ကားထဲကမင်းသားRen Jia Lun နဲ့ Eternal Love of Dream ထဲကအနီရောင်အမြှီးကိုးချောင်းမြေခွေးဘုရင်မအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Dilireba တို့ကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ဇာတ်လမ်းလေးကတော့ကြည့်ကောင်းမှာ အသေချာပါပဲနော်။ကဲဒီတော့ဇာတ်လမ်းအကျဉ်းကြည့်လိုက်ရအောင် ~ဇာတ်လမ်းအကျဉ်းလေးကတော့ Ji Yun He (Dilireba) ကနတ်ဆိုးတောင်ကြားသခင်ရဲ့မွေးစားသမီးလည်းဖြစ်စွမ်းအားမြင့်မားတဲ့ဝိဉာဉ်ထိန်းချုပ်သခင်မလည်းဖြစ်သော်ငြားလည်းတောင်တန်းတွေကြားမှာမနေချင်ဘဲ လွတ်မြောက်ချင်တဲ့သူ။ဒါပေမဲ့ တောင်ကြားသခင်ရဲ့အဆိပ်မိထားတဲ့သူမကဘယ်တော့မှတောင်ကြားကနေဝေးဝေးထွက်ပြေးနိုင်မှာမဟုတ်။တနေ့မှာတော့ရှာပါးမျိုးနွယ်ရေသူထီး Chang Yi (Ren Jia Lun) ကိုနတ်ဆိုးအငွေ့အသက်ကိုဖယ်ရှားဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။လွတ်မြောက်ချင်တဲ့ Ji Yun He ကရေသူထီး Chang Yi ကိုအသုံးချဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အပြစ်ကင်းပြီးကြင်နာနွေးထွေးတတ်တဲ့Chang Yi ကြောင့် Yun He နှလုံးသားအရည်ပျော်ကြသွားရာကတဖြည်းဖြည်းနဲ့ရန်သူအဖြစ်ကနေအချစ်စိတ်တွေပေါက်ဖွားလာတာပေါ့။သို့ပေမဲ့လည်း ကံကြမ္မာရဲ့ရက်စက်မှုကြောင့်နှစ်ဦးသားနက်နက်ရိူင်းရိူင်းချစ်ပေမဲ့လည်း,အချင်းချင်းတိုက်ခိုက်နေကြရတာပေါ့။ ကဲဒီတော့လွတ်မြောက်ချင်တဲ့Yun He ကလွတ်မြောက်နိုင်ပါ့မလား။ချစ်သော်ငြားလည်းရန်သူဖြစ်နေတဲ့အတွက်ရန်သူကနေဘယ်လိုပေါင်းစည်းသွားမလဲ။လောဘတရားကိုရှေ့တန်းတင်မှုကြောင့်ပျက်ဆီးတော့မယ့်လောကကြီးကိုနှစ်ဦးသားဘယ်လိုတာဝန်ယူကာကွယ်မလဲ။ရေသူထီး Chang Yi ကကောဘာလျို့ဝှက်ချက်တွေများနေလဲဆိုတာတော့~ ...

The Blue Whisper ( 2022 )

2022
Jun Jiu Ling ( 2021 )
Jun Jiu Ling ( 2021 ) Goodbye my princess ထဲက အားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ရှောင်ဖုန်းမင်းသမီးလေးရဲ့ ဇာတ်ကားအသစ်လေးကိုဘာသာပြန်တင်ပေးလိုက်ပါတယ်။ သူကရုပ်ကလေးကချောသရုပ်ဆောင်ကောင်းတဲ့အပြင် ရှေးခေတ်ပုံစံလေးနဲ့ဆိုတစ်မူထူးခြားတဲ့ သရုပ်ဆောင်မင်းသမီးကောင်းလေးဆိုတာအားလုံးသိပြီးသားပါ. ဇာတ်ကားအသစ်မှာလည်း သူကရှေးခေတ်ပုံစံလေးနဲ့မို့ အချစ်ပိုတိုးစေမယ့်ကာရိုက်တာလေးပါ..ဇာတ်လမ်းလေးကတော့ သူ့မင်္ဂလာဆောင်နေ့မှာ သူ့အဖေကိုသတ်ခဲ့တဲ့သူက လက်ရှိမင်းကြီး သူ့ဦးလေးဖြစ်နေတာကို သိခဲ့ရတယ်။ဒါကြောင့်လည်း သူက လက်စားချေဖို့ စိတ်အားပြင်းပြပြီး လက်စားချေခြင်းနဲ့အချိန်ကုန်ဖို့ ဆုံးဖြတ်ခဲ့တယ်။မထင်မှတ်ဘဲ သူ့သတို့သားလောင်းကမင်းအမိန့်နဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့်ကျန်းချန်ရှန်ဆိုတဲ့ သမားတော်ကျေးဇူးကြောင့် သေဘေးက လွတ်လာခဲ့ရတယ.်နောက်တော့ ကျွင်းကျန်းကျန်းဆိုတဲ့ နာမည်နဲ့ ဘဝအသစ်ကိုဖန်တီးပြီးတော့ ဖုန်အိမ်တောင်မှာ လျို့ဝှက်စွာနေခဲ့တယ်...သူ့ရဲ့ တစ်မူထူးခြားတဲ့ ဆေးပညာအစွမ်းရယ်ကြောင့် ကျွင်းကျိုလင်လို့နာမည်ပြောင်းပြီး မင်းနေပြည်တော်မှာနာမည်ရသမားတော်တစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်တော့ကဲ မင်းသမီးလေး သူ့အဖေရဲ့ သွေးကြွေးကို လက်စားချေနိုင်ပါ့မလား....ချန်ကျူကျန်း၊ နင်ယွင်ကျောက် နဲ့ သတို့သားဟောင်း လုယွင်ချီဆိုတဲ့ ၃ယောက်နဲ့ရော ဘယ်လို ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေရှိပြီး အဆုံးသတ်ဘယ်သူနဲ့ ရွှေလက်တွဲမယ်ဆိုတာ သိဖို့ကတော့ဇာတ်ကားလေးကို ရင်ခုန်စွာ စောင့်ကြည့်လိုက်ပါတော့... Quality : ...

Jun Jiu Ling ( 2021 )

2021