Channel Myanmar

Ha Ji Won

Secret Garden (2010) [Complete] 7.301
Secret Garden (2010) [Complete] Secret Garden (2010)*********************အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီဇာတ်လမ်းလေးဟာဆိုရင်လည်း Hyun Bin, Ha Ji-won, Yoo In-a, Lee Jong-sukတို့လိုတကယ့်နာမည်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့seriesလေးဖြစ်တာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဂင်ဂျူဝန်း(Hyun Bin) ဟာ မောက်မာပြီး စိတ်ထင်ရာစိုင်းတတ်တဲ့ သူဌေးသားလေးတစ်ယောက်ပါ။တစ်နေ့မှာတော့ ဂီလ်ရာအင်း (Ha Ji-won) ဆိုတဲ့ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့စတန့်သရုပ်‌ဆောင်နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာပြီးသူတို့ခန္ဓာကိုယ်တွေ လဲသွားတဲ့အခါမှာတော့....သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေကရော ပြန်လဲလို့ရပါ့မလား...။လူတွေမရိပ်မိသွားအောင်‌ရော သူတို့ ဟန်ဆောင်နိုင်ပါ့မလား...။ဆိုတာတွေကို အလွမ်း၊အဆွေး၊ဟာသစသည့် ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။  Genres: Comedy, Romance, Melodrama, Supernatural Duration: 65 mins Episodes: 20 Original Network: SBS File Size: 720p(~668MB) , 1080p(1.85GB) Translated by Chothet_mlmt , Hana, Hnin Wai Oo, KhinNi, Stary, Phyu Phyu Thein & ...
7.301
TMDb: 7.301/10 68 votes
tv

Secret Garden (2010) [Complete]

2010
Hospital Ship (2017) 6.3
Hospital Ship (2017) Hospital Ship (2017)*********************အပိုင်း ( ၁ မှ ၂၀ ) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့Kang Min Hyuk (Celebrity)နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီးကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။Song Eun Jae (Ha Ji Won)က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုမှာအလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ ကံဆိုးတဲ့ အဖြစ်အပျက်တစ်ခုကြောင့်အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီးဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။Kim Jae Gul (Lee Seo ...
6.3
TMDb: 6.3/10 19 votes
tv

Hospital Ship (2017)

2017
Curtain Call(2022)[Complete]
Curtain Call(2022)[Complete] Curtain Call(2022)****************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသားဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလိုHa Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီးတောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေအောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကိုမသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ.....ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် တနင်္လာအင်္ဂါနေ့တိုင်း CM ကနေကြည့်ရှုလို့ရပါပြီနော်..... ။ဇာတ်လမ်းအညွှန်းကိုတော့Hnin Wut Yi ကရေးသားထားပေးပါတယ်...    Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Business, Life, DramaTranslated by  Hay Thar Oo , A Htet ,  Thynn Nu Swe,   ...

Curtain Call(2022)[Complete]

2022
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
The Time We Were Not in Love(2015) 5.7
The Time We Were Not in Love(2015) The Time We Were Not in Love(2015)------------------------------------------------------" ငါ နင့်ကို ဘယ်တော့မှ မချစ်ဘူး "ဒီလိုမျိုး ချစ်တယ် မပြောခင်ကတည်းကအငြင်းခံရရင် ဘယ်လိုများ ခံစားရမယ်ထင်လဲ ?The Time We Were Not in Love ဆိုတဲ့၂၀၁၅ လောက်က TV Series တစ်ခုကို ပြန်ကြည့်မိတယ်  သရုပ်ဆောင်တွေကလဲ လူတိုင်းသိတဲ့ Lee Jin‑wook နဲ့ Ha Ji‑wonဇတ်လမ်းလေးကလဲ အတော်ချစ်ဖို့ကောင်းတဲ့ ပုံစံလေးအသက် ၃၀ ကျော် မိန်းကလေး တစ်ယောက်ရဲ့ ဖြစ်တည်မှုပုံစံအလုပ်မှာကြိုးစားသလောက် အချစ်ရေးမှာ ကံခေနေတဲ့ အိုဟာနာအဲ့ဒီလို မိန်းကလေးရဲ့ ဘေးမှာ အသက် ၁၆ နှစ်လောက်ကနေ၃၀ ကျော် အထိ ဂရုတစိုက် ရှိနေပေးတက်တဲ့ ကောင်လေးက ချွဲဝမ်ဒီလောက် ကြာတဲ့ အထိ BFF ဖြစ်နေပေးခဲ့ပြီး ...
5.7
TMDb: 5.7/10 3 votes
tv

The Time We Were Not in Love(2015)

2015
Chocolate (2019) 8.8
Chocolate (2019) November လ ရဲ့ အေးချမ်းတဲ့ အချိန်မှာပဲ ငယ်ချစ်ဦး နဲ့ ပြန်ဆုံရတယ် တော်တော်များများ စောင့်မျှော်နေကြတဲ့ Chocolate ကို Netflix ကနေ ဒီနေ့ အပိုင်း (၁) စတင် ထုတ်လွှင့်လိုက်ပါပြီ ပျောက်နေတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ဟာဂျီဝမ် တစ်ယောက် ခေါင်းဆောင်မင်းသမီး နေရာကနေ ပါဝင်လာတာကို မြန်မာပြည်က ဖန် တစ်ချို့ကတော့ သေချာပေါက် စောင့်မျှော်နေကြတာပါပဲ စောင့်မျှော်ရတာ တန်တယ်ပြောရမယ် အပိုင်း (၁) မှာတင် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ပါပဲ.... ဇတ်လမ်းလေး အစမှာတော့ မိခင်ဖြစ်သူ နဲ့ အတူ ပင်လယ်နဲ့ နီးတဲ့ မြို့ငယ်လေးမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ အချက်အပြုတ်ဝါသနာပါတဲ့ ကန် ဆိုတဲ့ ကောင်လေး တစ်ယောက် အဲ့ဒီ မြို့ကို အလည်ရောက်လာပြီး ကန် နဲ့ တစ်ရက်ပဲ ဆုံခဲ့ပေမဲ့ သံယောဇဉ် တွယ်သွားတဲ့ မြို့က ကောင်မလေး.... အခြေအနေ အကြောင်းတစ်ခု ကြောင့် သူတို့ ပြန်မဆုံ ခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ မေ့မသွားခဲ့ဘူး နှစ်တွေအများကြီး ကြာပြီး အမှတ်မထင် ...
8.8
TMDb: 8.8/10 2432 votes
tv

Chocolate (2019)

2019